အိုင်ယာလန်ရှိ ၁၅၇ ဧကကျယ်သော မြင်းကျွန်းကို ဒေါ်လာ ၆ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၊ ဝယ်လက်မှာ ကျွန်းကိုဝယ်ယူပြီးချိန်အထိ မရောက်ဖူးသေး

အိုင်ယာလန်ရှိ ၁၅၇ ဧကကျယ်သော မြင်းကျွန်းကို ဒေါ်လာ ၆ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၊ ဝယ်လက်မှာ ကျွန်းကိုဝယ်ယူပြီးချိန်အထိ မရောက်ဖူးသေး - Property News in Myanmar from iMyanmarHouse.com
16 Jul 2020 1:26 pm တွင် တင်ခဲ့သည်
1104 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိုင်ယာလန်နိုင်ငံ၏ ကမ်းလွန်ပင်လယ်ပြင်တွင် တည်ရှိပြီး ကမ်းခြေ ၃ ခု၊ နေအိမ် ၇ လုံးနှင့် သဘာဝအရိုင်းပတ်ဝန်းကျင်တို့ရှိရာ ကျွန်းတစ်ကျွန်းကို ကန်ဒေါ်လာ ၆ ဒသမ ၃ သန်းကျော်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။

အမည်မသိရသော ဝယ်လက်သည် ကျွန်းကို မဝယ်ယူမီ အဆိုပါကျွန်းသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ဖူးခြင်းမရှိခဲ့ချေ။

မြင်းကျွန်းဟု အမည်ရသော အဆိုပါကျွန်းသည် အကျယ်အဝန်းအားဖြင့် ၁၅၇ ဧက ကျယ်ဝန်းပြီး အိုင်ယာလန်နိုင်ငံ၏ အနောက်တောင်ဘက် ပင်လယ်ပြင်အတွင်း တည်ရှိသည်။

ယခုအရောင်းအဝယ်ကို WharsApp မှတဆင့် ညှိနှိုင်းစကားပြောမှုများပြုလုပ်ကာ အရောင်းအဝယ်ဖြစ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အမည်မသိရသော အဆိုပါဝယ်လက်သည် ဥရောပမှဖြစ်ပြီး ဝယ်ယူခြင်းမတိုင်မီ မြင်းကျွန်းကို ဗွီဒီယိုဖိုင်ဖြင့်သာ တွေ့မြင်ဖူးခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း အလွန်ကြွယ်ဝချမ်းသာသူများသည် ကိုယ်ပိုင်ကျွန်းများ ရှာဖွေလာကြရာ ယခုဝယ်လက်မှာ နောက်ဆုံးတစ်ဦးလည်း ဖြစ်သည်။

မြင်းကျွန်း၏ မြေမျက်နှာပြင်မှာ ကြမ်းတမ်းပြီးစိမ်းလန်းသည့်အသွင်အပြင်ရှိသည်။ ပင်မနေအိမ်အပြင် အတ္တလန္တိတ်သမုဒ္ဒရာကို တမျှော်တခေါ်တွေ့မြင်နိုင်သည့် ဧည့်ဂေဟာအိမ်များလည်း ပါဝင်သည်။

၁၉ ရာစုအတွင်းက အဆိုပါကျွန်းနေရာသည် ကြေးနီထုတ်လုပ်သည့်နေရာဖြစ်ခဲ့ပြီး ကျွန်းပေါ်တွင် သတ္တုတွင်းများ ဖြန့်ကျက်တည်ရှိခဲ့သည်။

၁၈၄၁ ခုနှစ်တွင် နေထိုင်သူ ၁၃၇ ဦးအထိ ရောက်ရှိခဲ့သော်လည်း ၁၉၆၀ ပြည့်လွန်ကာလများတွင်မူ နေထိုင်သူအားလုံး ကျွန်းမှ ပြောင်းရွှေ့သွားခဲ့ကြကြောင်း အိမ်ခြံမြေအကျိုးဆောင် Montague Real Estate ၏ ဖော်ပြချက်တွင် ပါဝင်သည်။

ယခုအခါ မြင်းကျွန်းတွင် ဖယ်ရီများနှင့် လှေများအတွက် ဆိပ်ခံတစ်ခု ထားရှိပေးထားပြီး၊ ရဟတ်ယာဉ်ကွင်းတစ်ခု၊ ဂိမ်းကစားသည့် နေအိမ်နှင့် အားကစားလေ့ကျင့်ရေးခန်းမ၊ တင်းနစ်ကွင်း ၁ ခုတို့ ပါဝင်သည်။

ကျွန်းပေါ်တွင် ကိုယ်ပိုင်ဓာတ်အားပေးစနစ်၊ ရေနှင့် အညစ်အကြေးစွန့်ပစ်စနစ်တို့ ပါဝင်သည့်အပြင် ကျွန်းပေါ်တွင် ယှက်သန်းဖောက်လုပ်ထားသော လမ်းများလည်း ရှိသည်။

ပင်မနေအိမ်မှာ စတုရန်းပေ ၄၅၀၀ ကျယ်ဝန်းပြီး အိပ်ခန်း ၆ ခန်းပါဝင်သည်။ ဧည့်ဂေဟာအိမ်များမှာ ပင်မနေအိမ်မှ ခြေလျင်ခေတ္တလျှောက်သွားရုံဖြင့် ရောက်ရှိနိုင်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A private island off the coast of Ireland just sold for $6 million. The buyer only saw it in a video tour(CNN)

[Zawgyi]

အိုင္ယာလန္ရွိ ၁၅၇ ဧကက်ယ္ေသာ ျမင္းကၽြန္းကို ေဒၚလာ ၆ သန္းျဖင့္ အေရာင္းအဝယ္ျဖစ္ခဲ့၊ ဝယ္လက္မွာ ကၽြန္းကိုဝယ္ယူျပီးခ်ိန္အထိ မေရာက္ဖူးေသး

အိုင္ယာလန္ႏိုင္ငံ၏ ကမ္းလြန္ပင္လယ္ျပင္တြင္ တည္ရွိျပီး ကမ္းေျခ ၃ ခု၊ ေနအိမ္ ၇ လံုးႏွင့္ သဘာဝအရိုင္းပတ္ဝန္းက်င္တို႔ရွိရာ ကၽြန္းတစ္ကၽြန္းကို ကန္ေဒၚလာ ၆ ဒသမ ၃ သန္းေက်ာ္ျဖင့္ အေရာင္းအဝယ္ျဖစ္ခဲ့သည္။ အမည္မသိရေသာ ဝယ္လက္သည္ ကၽြန္းကို မဝယ္ယူမီ အဆိုပါကၽြန္းသို႔ ကိုယ္တိုင္ကိုယ္က် ေရာက္ဖူးျခင္းမရွိခဲ့ေခ်။

ျမင္းကၽြန္းဟု အမည္ရေသာ အဆိုပါကၽြန္းသည္ အက်ယ္အဝန္းအားျဖင့္ ၁၅၇ ဧက က်ယ္ဝန္းျပီး အိုင္ယာလန္ႏိုင္ငံ၏ အေနာက္ေတာင္ဘက္ ပင္လယ္ျပင္အတြင္း တည္ရွိသည္။ ယခုအေရာင္းအဝယ္ကို WharsApp မွတဆင့္ ညွိႏႈိင္းစကားေျပာမႈမ်ားျပဳလုပ္ကာ အေရာင္းအဝယ္ျဖစ္ခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

အမည္မသိရေသာ အဆိုပါဝယ္လက္သည္ ဥေရာပမွျဖစ္ျပီး ဝယ္ယူျခင္းမတိုင္မီ ျမင္းကၽြန္းကို ဗြီဒီယိုဖိုင္ျဖင့္သာ ေတြ႔ျမင္ဖူးခဲ့သည္။

ကိုရိုနာဗိုင္းရပ္စ္ကာလအတြင္း အလြန္ၾကြယ္ဝခ်မ္းသာသူမ်ားသည္ ကိုယ္ပိုင္ကၽြန္းမ်ား ရွာေဖြလာၾကရာ ယခုဝယ္လက္မွာ ေနာက္ဆံုးတစ္ဦးလည္း ျဖစ္သည္။

ျမင္းကၽြန္း၏ ေျမမ်က္ႏွာျပင္မွာ ၾကမ္းတမ္းျပီးစိမ္းလန္းသည့္အသြင္အျပင္ရွိသည္။ ပင္မေနအိမ္အျပင္ အတၱလႏၱိတ္သမုဒၵရာကို တေမွ်ာ္တေခၚေတြ႔ျမင္ႏိုင္သည့္ ဧည့္ေဂဟာအိမ္မ်ားလည္း ပါဝင္သည္။ ၁၉ ရာစုအတြင္းက အဆိုပါကၽြန္းေနရာသည္ ေၾကးနီထုတ္လုပ္သည့္ေနရာျဖစ္ခဲ့ျပီး ကၽြန္းေပၚတြင္ သတၱဳတြင္းမ်ား ျဖန္႔က်က္တည္ရွိခဲ့သည္။

၁၈၄၁ ခုႏွစ္တြင္ ေနထိုင္သူ ၁၃၇ ဦးအထိ ေရာက္ရွိခဲ့ေသာ္လည္း ၁၉၆၀ ျပည့္လြန္ကာလမ်ားတြင္မူ ေနထိုင္သူအားလံုး ကၽြန္းမွ ေျပာင္းေရႊ ႔သြားခဲ့ၾကေၾကာင္း အိမ္ျခံေျမအက်ဳိးေဆာင္ Montague Real Estate ၏ ေဖာ္ျပခ်က္တြင္ ပါဝင္သည္။

ယခုအခါ ျမင္းကၽြန္းတြင္ ဖယ္ရီမ်ားႏွင့္ ေလွမ်ားအတြက္ ဆိပ္ခံတစ္ခု ထားရွိေပးထားျပီး၊ ရဟတ္ယာဥ္ကြင္းတစ္ခု၊ ဂိမ္းကစားသည့္ ေနအိမ္ႏွင့္ အားကစားေလ့က်င့္ေရးခန္းမ၊ တင္းနစ္ကြင္း ၁ ခုတို႔ ပါဝင္သည္။

ကၽြန္းေပၚတြင္ ကိုယ္ပိုင္ဓာတ္အားေပးစနစ္၊ ေရႏွင့္ အညစ္အေၾကးစြန္႔ပစ္စနစ္တို႔ ပါဝင္သည့္အျပင္ ကၽြန္းေပၚတြင္ ယွက္သန္းေဖာက္လုပ္ထားေသာ လမ္းမ်ားလည္း ရွိသည္။

ပင္မေနအိမ္မွာ စတုရန္းေပ ၄၅၀၀ က်ယ္ဝန္းျပီး အိပ္ခန္း ၆ ခန္းပါဝင္သည္။ ဧည့္ေဂဟာအိမ္မ်ားမွာ ပင္မေနအိမ္မွ ေျခလ်င္ေခတၱေလွ်ာက္သြားရံုျဖင့္ ေရာက္ရွိႏိုင္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A private island off the coast of Ireland just sold for $6 million. The buyer only saw it in a video tour(CNN)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service