ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
[Unicode]
ကျောက်တံတား၊စမ်းချောင်းနှင့်ဗိုလ်တထောင်မြို့နယ် များရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနပိုင် တိုက်ခန်းများကို ၅၀ ရာခိုင်နှုန်း ငွေပေးသွင်း၍ ဝယ်ယူနိုင်ကြောင်းသိရသည်။
ရောင်းချမည့် တိုက်ခန်းမှာ(၁၄)ခန်းရှိပြီး ဦးရာလူစနစ်ဖြင့်ရောင်းချမည်ဖြစ်ကာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက လျှောက်လွှာများလည်းခေါ်ယူထားကြောင်း သိရသည်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရောင်းချမည့်တိုက်ခန်းများမှာ ကျောက်တံတားမြို့နယ် ကုန်သည်လမ်းနှင့်၃၉ လမ်းထောင့်၊အမှတ် ၅၀၄/၅၀၆ ရှိ တိုက်ခန်းနှစ်ခန်းကို ကျပ်သိန်း ၁၅၁၃.၈ ဖြင့်လည်းကောင်း၊အဆိုပါတိုက်၏၃၉ လမ်းဘက်အခြမ်းရှိတိုက်ခန်းငါးခန်းအနက် အခန်းအမှတ် ၀၀၁ ကို ကျပ်သိန်း ၁၅၆၆ ဖြင့်ရောင်းချမှာဖြစ်ပြီး ကျန်လေးခန်းကို တစ်ခန်းလျှင် ကျပ်သိန်း ၈၈၇.၄ ဖြင့်ရောင်းချသွား မည်ဖြစ်ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ် ရှမ်းကုန်းလမ်း အမှတ် ၄၆/၄၈ ရှိ တိုက်ခန်း ငါးခန်းအား တစ်ခန်းလျှင် ကျပ် ၈၉၇.၆ သိန်း၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်လမ်းသွယ်(၄) လမ်း၊ အမှတ် ၁၄/၁၆ ရှိ တိုက်ခန်းနှစ်ခန်းအား တစ်ခန်းလျှင်ကျပ်သိန်း ၅၀၀ ဖြင့် သတ်မှတ်ရောင်းချ သွားမည်ဖြစ်ကြောင်းသိရသည်။
ဝယ်ယူရန်လျှောက်ထားလိုသူများအနေနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ဆောက်လုပ်ရေးဝန်ကြီးဌာန၊ရုံးအမှတ်(၄၀) နေပြည်တော် သို့ ကိုယ်တိုင်ရေးလျှောက်လွှာဖြင့်ပေးပို့နိုင်ကြောင်း သိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]