ပဲခူးတိုင်းတွင် မြို့ပြစီမံကိန်းကို မြို့ (၁၀) ခုတွင် ဆောင်ရွက်နေဟုဆို

ပဲခူးတိုင်းတွင် မြို့ပြစီမံကိန်းကို မြို့ (၁၀) ခုတွင် ဆောင်ရွက်နေဟုဆို - Property News in Myanmar from iMyanmarHouse.com
7 Jul 2020 11:33 am တွင် တင်ခဲ့သည်
1719 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ပဲခူးတိုင်းဒေသကြီး အတွင်း ၂၀၂၀ တွင် မြို့ပြတိုးချဲ့ရေးဆွဲသွားမည့် မြို့(၁၀) ခုတွင် စီမံချက်များချမှတ်ထားကြောင်း ပဲခူးတိုင်းအစိုးရက သတင်းထုတ်ပြန်သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း မြို့ပြတိုးချဲ့ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဝန်ကြီးချုပ်က ဇူလိုင် ၃ ရက်တွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ရေးဆွဲရာ၌ ဖြူးမြို့၊ ရွှေကျင်မြို့နှင့် ဘုရားကြီးမြို့ တို့သည် အနာဂတ်တွင် စိုက်ပျိုးရေးကို အခြေခံသော စက်မှုမြို့များ ဖြစ်ပေါ်လာရေးဦးတည်သည့် မြို့ပြတိုးချဲ့စီမံကိန်းရေးဆွဲရန် ပဲခူးတိုင်းဝန်ကြီးဦးဝင်းသိန်းကပြောသည်။

ဝန်ကြီးချုပ် ဦးဝင်းသိန်းက အနာဂတ်တွင် စနစ်တကျ မြို့ပြများဖြစ်ပေါ်လာစေရန် ကြိုတင်စီမံချက်များ ရေးဆွဲထားရန် ပြောသည်။ ထိုပြင် မြို့ပြများတိုးချဲ့ရေးဆွဲရာတွင် လူနေအိမ်ရာဇုန်၊ စက်မူဇုန်နှင့် စိုက်ပျိုး၊မွေးမြူရေးဇုန်များ သီးခြားခွဲခြားရေးရမည်ဟုဆိုသည်။ ဇုန်တစ်ခုနှင့် တစ်ခုကြားတွင် တစ်ကီလိုမီတာကို ခြား၍ ကြားခံဇုန်တွင် သစ်ပင်များဖြင့် စိမ်းလန်းရေးဇုန်တစ်ခုထားရန် ပြောကြားခဲ့သည်။ စက်မူဇုန်များတွင် အလုပ်သမားလာရောက်လုပ်ကိုင်ရန်အတွက် အငှားအိမ်ရာများ တည်ဆောက်ရန် မြေနေရာများထားရှိရန်လည်း ပြောကြားခဲ့သည်။ ထိုသိုဆောင်ရွက်ထားမှသာ ကျူးကျော်နေထိုင်မူများ မရှိစေမည်ဟု ဝန်ကြီးကဆိုသည်။

အထက်ပါ မြို့ပြစီမံကိန်းတွင် ဖြူးမြို့၊ ရွှေကျင်မြို့နှင့် ဘုရားကြီးမြို့ အပြင် ကဝမြို့ တိုးချဲ့ဆောင်ရွက်မည့် အနာဂတ်မြို့ပြစီမံကိန်းလည်းပါဝင်သည်။ထိုပြင် ဒိုက်ဦးမြို့နှင့် ဝေါမြို့ တိုးချဲ့ဆောင်ရွက်မည့် အနာဂတ်မြို့ပြစီမံကိန်းလည်းပါဝင်သည်။

ပဲခူးမြို့အတွင်း တိုက်ကြီး-ဖောင်ကြီးလမ်းမှ လေယာဉ်ကွင်းသို့ ချိတ်ဆက်မည့်လမ်း၊ မဂ္ဂတစ်လမ်းမှ တက္ကသိုလ်သို့ ချိတ်ဆက်မည့်လမ်းနှင့် မြို့ပြတိုးချဲ့ရေးဇုန်စီမံကိန်းလည်းပါဝင်သည်ဟုဆိုသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ကမ္ဘာ့ဘဏ်မှ ထောက်ပံ့ငွေ ၊ ချေးငွေ ၊ အီတလီအစိုးရ၏ အတိုးမဲ့နှစ်ရှည်ချေးငွေနှင့် ပြည်ထောင်စုအစိုးရထည့်ဝင်ငွေများဖြင့် လူထုဗဟိုပြု ဖွံ့ဖြိုးရေးစီမံကိန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ် ၆၃ မြို့တွင် စတင်အကောင်ထည်ဖော်ခဲ့သည်။ ထိုအနက်မှ ပဲခူးတိုင်းဒေသကြီးအတွင်း မိုးညို၊ ကျောက်ကြီး၊ ပန်းတောင်း၊ ရွှေကျင်၊ သဲကုန်းမြို့များပါဝင်ခဲ့သည်ဟု ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မှတ်တမ်းများအရသိရှိရသည်။

လူထုဗဟိုပြုစီမံကိန်းများကို ၂၀၁၉-၂၀၂၀ ခုနှစ်ဘဏ္ဍာရေးနှစ်အတွက် တိုင်းနှင့်ပြည်နယ် အသီးသီးရှိမြို့ပေါင်း ၁၃ မြို့ကိုထပ်မံတိုးချဲ့ရွေးချယ်ဆောင်ရွက်မည်ဖြစ်သည်။ ပဲခူးတိုင်းဒေသကြီးအတွင်း မြို့တစ်ခုတိုးမြင့်ရရှိမည်ဖြစ်ကာ ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်း လမ်းတံတားရေရရှိရေးအပါအဝင် လုပ်ငန်း ၁၉၀၉ ခုကို ရန်ပုံငွေကျပ်သန်ပေါင်း(၂၀၄၀၇) သန်းဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့သည်ဟု ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကထုတ်ပြန်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ပဲခူးတိုင္းတြင္ ၿမိဳ႕ျပစီမံကိန္းကို ၿမိဳ႕ (၁၀) ခုတြင္ ေဆာင္႐ြက္ေနဟုဆို

ပဲခူးတိုင္းေဒသႀကီး အတြင္း ၂၀၂၀ တြင္ ၿမိဳ႕ျပတိုးခ်ဲ႕ေရးဆြဲသြားမည့္ ၿမိဳ႕(၁၀) ခုတြင္ စီမံခ်က္မ်ားခ်မွတ္ထားေၾကာင္း ပဲခူးတိုင္းအစိုးရက သတင္းထုတ္ျပန္သည္။

ပဲခူးတိုင္းေဒသႀကီးအတြင္း ၿမိဳ႕ျပတိုးခ်ဲ႕ေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္းေရးဆြဲေရး လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးတြင္ ဝန္ႀကီးခ်ဳပ္က ဇူလိုင္ ၃ ရက္တြင္ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ထိုသို႔ေရးဆြဲရာ၌ ျဖဴးၿမိဳ႕၊ ေ႐ႊက်င္ၿမိဳ႕ႏွင့္ ဘုရားႀကီးၿမိဳ႕ တို႔သည္ အနာဂတ္တြင္ စိုက္ပ်ိဳးေရးကို အေျခခံေသာ စက္မႈၿမိဳ႕မ်ား ျဖစ္ေပၚလာေရးဦးတည္သည့္ ၿမိဳ႕ျပတိုးခ်ဲ႕စီမံကိန္းေရးဆြဲရန္ ပဲခူးတိုင္းဝန္ႀကီးဦးဝင္းသိန္းကေျပာသည္။

ဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္းက အနာဂတ္တြင္ စနစ္တက် ၿမိဳ႕ျပမ်ားျဖစ္ေပၚလာေစရန္ ႀကိဳတင္စီမံခ်က္မ်ား ေရးဆြဲထားရန္ ေျပာသည္။ ထိုျပင္ ၿမိဳ႕ျပမ်ားတိုးခ်ဲ႕ေရးဆြဲရာတြင္ လူေနအိမ္ရာဇုန္၊ စက္မူဇုန္ႏွင့္ စိုက္ပ်ိဳး၊ေမြးျမဴေရးဇုန္မ်ား သီးျခားခြဲျခားေရးရမည္ဟုဆိုသည္။ ဇုန္တစ္ခုႏွင့္ တစ္ခုၾကားတြင္ တစ္ကီလိုမီတာကို ျခား၍ ၾကားခံဇုန္တြင္ သစ္ပင္မ်ားျဖင့္ စိမ္းလန္းေရးဇုန္တစ္ခုထားရန္ ေျပာၾကားခဲ့သည္။ စက္မူဇုန္မ်ားတြင္ အလုပ္သမားလာေရာက္လုပ္ကိုင္ရန္အတြက္ အငွားအိမ္ရာမ်ား တည္ေဆာက္ရန္ ေျမေနရာမ်ားထားရွိရန္လည္း ေျပာၾကားခဲ့သည္။ ထိုသိုေဆာင္႐ြက္ထားမွသာ က်ဴးေက်ာ္ေနထိုင္မူမ်ား မရွိေစမည္ဟု ဝန္ႀကီးကဆိုသည္။

အထက္ပါ ၿမိဳ႕ျပစီမံကိန္းတြင္ ျဖဴးၿမိဳ႕၊ ေ႐ႊက်င္ၿမိဳ႕ႏွင့္ ဘုရားႀကီးၿမိဳ႕ အျပင္ ကဝၿမိဳ႕ တိုးခ်ဲ႕ေဆာင္႐ြက္မည့္ အနာဂတ္ၿမိဳ႕ျပစီမံကိန္းလည္းပါဝင္သည္။ထိုျပင္ ဒိုက္ဦးၿမိဳ႕ႏွင့္ ေဝါၿမိဳ႕ တိုးခ်ဲ႕ေဆာင္႐ြက္မည့္ အနာဂတ္ၿမိဳ႕ျပစီမံကိန္းလည္းပါဝင္သည္။

ပဲခူးၿမိဳ႕အတြင္း တိုက္ႀကီး-ေဖာင္ႀကီးလမ္းမွ ေလယာဥ္ကြင္းသို႔ ခ်ိတ္ဆက္မည့္လမ္း၊ မဂၢတစ္လမ္းမွ တကၠသိုလ္သို႔ ခ်ိတ္ဆက္မည့္လမ္းႏွင့္ ၿမိဳ႕ျပတိုးခ်ဲ႕ေရးဇုန္စီမံကိန္းလည္းပါဝင္သည္ဟုဆိုသည္။

၂၀၁၃-၂၀၁၄ ဘ႑ာေရးႏွစ္မွစတင္ၿပီး ကမာၻ႔ဘဏ္မွ ေထာက္ပံ့ေငြ ၊ ေခ်းေငြ ၊ အီတလီအစိုးရ၏ အတိုးမဲ့ႏွစ္ရွည္ေခ်းေငြႏွင့္ ျပည္ေထာင္စုအစိုးရထည့္ဝင္ေငြမ်ားျဖင့္ လူထုဗဟိုျပဳ ဖြံ႕ၿဖိဳးေရးစီမံကိန္းမ်ားကို တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားရွိ ၿမိဳ႕နယ္ ၆၃ ၿမိဳ႕တြင္ စတင္အေကာင္ထည္ေဖာ္ခဲ့သည္။ ထိုအနက္မွ ပဲခူးတိုင္းေဒသႀကီးအတြင္း မိုးညိဳ၊ ေက်ာက္ႀကီး၊ ပန္းေတာင္း၊ ေ႐ႊက်င္၊ သဲကုန္းၿမိဳ႕မ်ားပါဝင္ခဲ့သည္ဟု ပဲခူးတိုင္းေဒသႀကီး ေက်းလက္ေဒသဖြံၿဖိဳးတိုးတက္ေရးဦးစီးဌာန မွတ္တမ္းမ်ားအရသိရွိရသည္။

လူထုဗဟိုျပဳစီမံကိန္းမ်ားကို ၂၀၁၉-၂၀၂၀ ခုႏွစ္ဘ႑ာေရးႏွစ္အတြက္ တိုင္းႏွင့္ျပည္နယ္ အသီးသီးရွိၿမိဳ႕ေပါင္း ၁၃ ၿမိဳ႕ကိုထပ္မံတိုးခ်ဲ႕ေ႐ြးခ်ယ္ေဆာင္႐ြက္မည္ျဖစ္သည္။ ပဲခူးတိုင္းေဒသႀကီးအတြင္း ၿမိဳ႕တစ္ခုတိုးျမင့္ရရွိမည္ျဖစ္ကာ ၿပီးခဲ့သည့္ ၅ ႏွစ္တာကာလအတြင္း လမ္းတံတားေရရရွိေရးအပါအဝင္ လုပ္ငန္း ၁၉၀၉ ခုကို ရန္ပုံေငြက်ပ္သန္ေပါင္း(၂၀၄၀၇) သန္းျဖင့္ ေဆာင္႐ြက္ေပးႏိုင္ခဲ့သည္ဟု ပဲခူးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ကထုတ္ျပန္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

The Crest
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service