"ဝမ်းချုပ်ခြင်း" အပါအဝင် COVID-19 ရောဂါလက္ခဏာသစ် ၃ ခုကို အမေရိကန် တိတ်တဆိတ်ထပ်တိုး

"ဝမ်းချုပ်ခြင်း" အပါအဝင် COVID-19 ရောဂါလက္ခဏာသစ် ၃ ခုကို အမေရိကန် တိတ်တဆိတ်ထပ်တိုး - Property News in Myanmar from iMyanmarHouse.com
27 Jun 2020 10:54 am တွင် တင်ခဲ့သည်
4974 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်၏ ကူးစက်ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန CDC သည် ၎င်း၏ COVID-19 ရောဂါလက္ခဏာစာရင်းတွင် လက္ခဏာသစ်သုံးခုကို မကြာသေးမီက ထည့်သွင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

ဝမ်းချုပ်ခြင်း သို့မဟုတ် နှာရည်ယိုခြင်း၊ (ပျို့ချင်အန်ချင်) မအီမသာဖြစ်ခြင်းနှင့် ဝမ်းလျှောခြင်းဟူသည့် ရောဂါလက္ခဏာသုံးခုသည် ဖျားခြင်း သို့မဟုတ် ချမ်းဖျား၊ ချမ်းစိမ့်၍ ထပ်ကာထပ်ကာတုန်ခါခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူမှုတိုတောင်းခြင်း သို့မဟုတ် အသက်ရှူရခက်ခြင်း၊ ပင်ပန်းနွမ်းလျမှု၊ ကြွက်သား သို့မဟုတ် ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ အနံ့အရသာခံ၍မရခြင်းနှင့် လည်ချောင်းနာခြင်းတို့ ပါဝင်ပြီးဖြစ်သည့် စာရင်းတွင် အသစ်ထပ်တိုးပါဝင်လာခဲ့ပြီဖြစ်သည်။

“ ဒီစာရင်းမှာ ဖြစ်နိုင်တဲ့လက္ခဏာအားလုံးမပါဝင်ပါဘူး။ COVID-19 နဲ့ပတ်သက်ပြီး ပိုလေ့လာတွေ့ရှိလာရင် နောက်ဆုံးအခြေအနေနဲ့အညီ စာရင်းကို ဆက်လက်ပြီး မွမ်းမံသွားမှာပါ ” ဟု CDC မှ ထုတ်ပြန်ထားသည်။

ထိုရောဂါလက္ခဏာသစ်များကို တိတ်တဆိတ် ထပ်ဖြည့်ခဲ့ခြင်းဖြစ်ပြီး သတင်းဌာနတစ်ခုကမူ CDC သည် ထိုအသစ်မွမ်းမံမှုကို မေ ၁၃ ကတည်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု အစီရင်ခံထားသည်။

CDC သည် ထိုစာရင်းတွင် ကနဦးက ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူမှုတိုတောင်းခြင်းတို့ကိုသာ ဖော်ပြထားခဲ့ရာမှ ဧပြီ ၂၆ တွင် ချမ်းဖျား၊ ချမ်းစိမ့်၍ ထပ်ကာထပ်ကာတုန်ခါခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်းနှင့် အနံ့ သို့မဟုတ် အရသာခံ၍မရခြင်းတို့ကို ထပ်ဖြည့်သွင်းခဲ့ခြင်းဖြစ်သည်။

အသက်ရှူမှုတိုတောင်းခြင်း ကိုလည်း “ အသက်ရှူမှုတိုတောင်းခြင်း သို့မဟုတ် အသက်ရှူရခက်ခြင်း ” ဟု CDC က ထိုစဥ်က ပြောင်းလဲခဲ့သည်။

CDC က ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုအဆင့်တစ်ခု ချက်ချင်းလိုအပ်သည့် အရေးပေါ်သတိပေးလက္ခဏာများ ကိုလည်း ဖော်ပြခဲ့သည်။

၎င်းတို့မှာ အသက်ရှူရခက်ခြင်း၊ ရင်ဘတ်ထဲတွင် ဆက်တိုက်နာကျင်နေမှု သို့မဟုတ် ဖိအားဖိစီးမှုဖြစ်ပေါ်ခြင်း၊ စိတ်ထွေပြားနေခြင်း၊ အိပ်ရာထရန် သို့မဟုတ် နိုးကြားနေရန် မစွမ်းနိုင်ခြင်း၊ နှုတ်ခမ်းများ သို့မဟုတ်  မျက်နှာပြာတာတာဖြစ်ခြင်းတို့ ဖြစ်သည်။

ကမ္ဘာတစ်ဝန်း ယခုအခါ ရောဂါကူးစက်မှုပေါင်း ၉ ဒသမ ၉ သန်းကျော် ရှိလာပြီး ရောဂါပျံ့နှံလာသကဲ့သို့ ထိုကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ပညာရှင်များ၏ နားလည်သဘောပေါက်မှုများသည်လည်း ဆက်လက်ပေါ်ထွက်လာလျက်ရှိသည်။

ကမ္ဘာတစ်ဝန်းမှ ကိုရိုနာဗိုင်းရပ်စ်လူနာများသည် ရောဂါလက္ခဏာပျော့ပျောင်းသည်မှ ပြင်းထန်သည်အထိ အဆင့်အမျိုးမျိုးနှင့် ရောဂါလက္ခဏာအမျိုးမျိုးကို ခံစားနေရကြရသည်။

ရောဂါလက္ခဏာများသည် ယေဘုယျအားဖြင့် ဗိုင်းရပ်စ်နှင့် ထိတွေ့ပြီးနောက် နှစ်ရက်မှ ၁၄ ရက်အကြား ပေါ်လာကြသည်။

လူနာများသည် ရောဂါလက္ခဏာများစတင်မပေါ်လာမီ ရက်များအတွင်း အများဆုံးကူးစက်နိုင်သည်ကို လေ့လာမှုများက ပြသခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: CDC adds 3 new coronavirus symptoms to list (Fox2)

[Zawgyi]

"ဝမ္းခ်ဳပ္ျခင္း" အပါအဝင္ COVID-19 ေရာဂါလကၡဏာသစ္ ၃ ခုကို အေမရိကန္ တိတ္တဆိတ္ထပ္တိုး

အေမရိကန္၏ ကူးစက္ေရာဂါထိန္းခ်ဳပ္ကာကြယ္ေရးဌာန CDC သည္ ၎၏ COVID-19 ေရာဂါလကၡဏာစာရင္းတြင္ လကၡဏာသစ္သုံးခုကို မၾကာေသးမီက ထည့္သြင္းလိုက္ၿပီျဖစ္ေၾကာင္း သိရသည္။

ဝမ္းခ်ဳပ္ျခင္း သို႔မဟုတ္ ႏွာရည္ယိုျခင္း၊ (ပ်ိဳ႕ခ်င္အန္ခ်င္) မအီမသာျဖစ္ျခင္းႏွင့္ ဝမ္းေလွ်ာျခင္းဟူသည့္ ေရာဂါလကၡဏာသုံးခုသည္ ဖ်ားျခင္း သို႔မဟုတ္ ခ်မ္းဖ်ား၊ ခ်မ္းစိမ့္၍ ထပ္ကာထပ္ကာတုန္ခါျခင္း၊ ေခ်ာင္းဆိုးျခင္း၊ အသက္ရႉမႈတိုေတာင္းျခင္း သို႔မဟုတ္ အသက္ရႉရခက္ျခင္း၊ ပင္ပန္းႏြမ္းလ်မႈ၊ ႂကြက္သား သို႔မဟုတ္ ခႏၶာကိုယ္ကိုက္ခဲျခင္း၊ ေခါင္းကိုက္ျခင္း၊ အနံ႔အရသာခံ၍မရျခင္းႏွင့္ လည္ေခ်ာင္းနာျခင္းတို႔ ပါဝင္ၿပီးျဖစ္သည့္ စာရင္းတြင္ အသစ္ထပ္တိုးပါဝင္လာခဲ့ၿပီျဖစ္သည္။

“ ဒီစာရင္းမွာ ျဖစ္ႏိုင္တဲ့လကၡဏာအားလုံးမပါဝင္ပါဘူး။ COVID-19 နဲ႔ပတ္သက္ၿပီး ပိုေလ့လာေတြ႕ရွိလာရင္ ေနာက္ဆုံးအေျခအေနနဲ႔အညီ စာရင္းကို ဆက္လက္ၿပီး မြမ္းမံသြားမွာပါ ” ဟု CDC မွ ထုတ္ျပန္ထားသည္။

ထိုေရာဂါလကၡဏာသစ္မ်ားကို တိတ္တဆိတ္ ထပ္ျဖည့္ခဲ့ျခင္းျဖစ္ၿပီး သတင္းဌာနတစ္ခုကမူ CDC သည္ ထိုအသစ္မြမ္းမံမႈကို ေမ ၁၃ ကတည္းက ျပဳလုပ္ခဲ့ျခင္းျဖစ္သည္ဟု အစီရင္ခံထားသည္။

CDC သည္ ထိုစာရင္းတြင္ ကနဦးက ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္း၊ အသက္ရႉမႈတိုေတာင္းျခင္းတို႔ကိုသာ ေဖာ္ျပထားခဲ့ရာမွ ဧၿပီ ၂၆ တြင္ ခ်မ္းဖ်ား၊ ခ်မ္းစိမ့္၍ ထပ္ကာထပ္ကာတုန္ခါျခင္း၊ ႂကြက္သားမ်ားနာက်င္ျခင္း၊ ေခါင္းကိုက္ျခင္း၊ လည္ေခ်ာင္းနာျခင္းႏွင့္ အနံ႔ သို႔မဟုတ္ အရသာခံ၍မရျခင္းတို႔ကို ထပ္ျဖည့္သြင္းခဲ့ျခင္းျဖစ္သည္။

အသက္ရႉမႈတိုေတာင္းျခင္း ကိုလည္း “ အသက္ရႉမႈတိုေတာင္းျခင္း သို႔မဟုတ္ အသက္ရႉရခက္ျခင္း ” ဟု CDC က ထိုစဥ္က ေျပာင္းလဲခဲ့သည္။

CDC က ေဆးဘက္ဆိုင္ရာ ေစာင့္ေရွာက္မႈအဆင့္တစ္ခု ခ်က္ခ်င္းလိုအပ္သည့္ အေရးေပၚသတိေပးလကၡဏာမ်ား ကိုလည္း ေဖာ္ျပခဲ့သည္။

၎တို႔မွာ အသက္ရႉရခက္ျခင္း၊ ရင္ဘတ္ထဲတြင္ ဆက္တိုက္နာက်င္ေနမႈ သို႔မဟုတ္ ဖိအားဖိစီးမႈျဖစ္ေပၚျခင္း၊ စိတ္ေထြျပားေနျခင္း၊ အိပ္ရာထရန္ သို႔မဟုတ္ ႏိုးၾကားေနရန္ မစြမ္းႏိုင္ျခင္း၊ ႏႈတ္ခမ္းမ်ား သို႔မဟုတ္ မ်က္ႏွာျပာတာတာျဖစ္ျခင္းတို႔ ျဖစ္သည္။

ကမာၻတစ္ဝန္း ယခုအခါ ေရာဂါကူးစက္မႈေပါင္း ၉ ဒသမ ၉ သန္းေက်ာ္ ရွိလာၿပီး ေရာဂါပ်ံ႕ႏွံလာသကဲ့သို႔ ထိုကို႐ိုနာဗိုင္းရပ္စ္ႏွင့္ပတ္သက္၍ ပညာရွင္မ်ား၏ နားလည္သေဘာေပါက္မႈမ်ားသည္လည္း ဆက္လက္ေပၚထြက္လာလ်က္ရွိသည္။

ကမာၻတစ္ဝန္းမွ ကို႐ိုနာဗိုင္းရပ္စ္လူနာမ်ားသည္ ေရာဂါလကၡဏာေပ်ာ့ေပ်ာင္းသည္မွ ျပင္းထန္သည္အထိ အဆင့္အမ်ိဳးမ်ိဳးႏွင့္ ေရာဂါလကၡဏာအမ်ိဳးမ်ိဳးကို ခံစားေနရၾကရသည္။

ေရာဂါလကၡဏာမ်ားသည္ ေယဘုယ်အားျဖင့္ ဗိုင္းရပ္စ္ႏွင့္ ထိေတြ႕ၿပီးေနာက္ ႏွစ္ရက္မွ ၁၄ ရက္အၾကား ေပၚလာၾကသည္။

လူနာမ်ားသည္ ေရာဂါလကၡဏာမ်ားစတင္မေပၚလာမီ ရက္မ်ားအတြင္း အမ်ားဆုံးကူးစက္ႏိုင္သည္ကို ေလ့လာမႈမ်ားက ျပသခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: CDC adds 3 new coronavirus symptoms to list (Fox2)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service