Covid-19 ကြောင့် အလုပ်လက်မဲ့ဖြစ်သွားသည့် ထိုင်းလေယာဉ်မှူး ဆိုင်ကယ်ဖြင့် အစားအသောက်လိုက်လံပို့ဆောင်သည့်အလုပ် လုပ်ကိုင်ရ

Covid-19 ကြောင့် အလုပ်လက်မဲ့ဖြစ်သွားသည့် ထိုင်းလေယာဉ်မှူး ဆိုင်ကယ်ဖြင့် အစားအသောက်လိုက်လံပို့ဆောင်သည့်အလုပ် လုပ်ကိုင်ရ - Property News in Myanmar from iMyanmarHouse.com
26 Jun 2020 1:04 pm တွင် တင်ခဲ့သည်
6340 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါဘေးသည် ကမ္ဘာပေါ်ရှိ လေကြောင်းလိုင်းများစွာ ရပ်ဆိုင်းသွားစေခဲ့ရာ လေကြောင်းနယ်ပယ်တွင် လုပ်ကိုင်နေသူအချို့မှာ မြေပြင်တွင် ရှိနေစဉ် ဝင်ငွေရရန်အတွက် အလှည့်အပြောင်းနည်းလမ်းများ ရှာဖွေလာကြရသည်။ ထိုသို့ နည်းလမ်းရှာလာရသူများတွင် လေယာဉ်မှူးများလည်း ပါဝင်လာသည်။

ထိုင်းနိုင်ငံတွင် lockdown စည်းမျဉ်းများ ပြန်လည်ဖြေလျှော့အပြီး ယခုလအတွင်းတွင်မှ ပြည်တွင်းခရီးသွားလာမှုလုပ်ငန်းများ ပြန်လည်စတင်လာခြင်း ဖြစ်သည်။

အချို့သော လေယာဉ်မှူးများမှာ ကောင်းကင်မှသည် လမ်းများပေါ်သို့ ရောက်ရှိလာကြပြီး မော်တော်ဆိုင်ကယ်ဖြင့် အစားအသောက်များ လိုက်လံပို့ဆောင်ရသည့်အလုပ်များ လုပ်ကိုင်ခြင်း (သို့မဟုတ်) အငှားကား မောင်းနှင်သူများအဖြစ် လုပ်ကိုင်ခြင်းများ ပြုလုပ်လာကြရသည်။ ထိုသို့ လုပ်ကိုင်ရသူများတွင် ပူးတွဲလေယာဉ်မှူးဖြစ်သူ နာကာရင် အင်တာလည်း ပါဝင်သည်။ နာကာရင်သည် လေယာဉ်မှူးအဖြစ် လုပ်ကိုင်ခဲ့သည်မှာ ၄ နှစ်ရှိပြီ ဖြစ်သည်။

ယခုအခါ သူသည် ပြည်တွင်း အစားအသောက်မှာယူမှုနှင့် ကားငှားမှုဆိုင်ရာ ဖုန်း app ဖြစ်သော Line Man တွင် တာဝန်ထမ်းဆောင်နေပြီး မှာယူသော အစားအသောက်များ လိုက်လံပို့ဆောင်ရသည့်အလုပ် လုပ်ကိုင်နေရသည်။

“တချို့ လေယာဉ်လိုင်းဝန်ထမ်းတွေဆိုရင် လစာမဲ့ခွင့်နဲ့ နေနေကြရပါတယ်။ ကျွန်တော်တို့ အများစုမှာ ဝင်ငွေက ၇၀ ရာခိုင်နှုန်းကျော် လျော့နည်းသွားတယ်။ ကျွန်တော့်မှာက လတိုင်းကုန်ကျစရိတ်တွေ ရှိနေတာကြောင့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ငွေရှာလာရပါတယ်” ဟု နာကာရင်က ပြောကြားသည်။

အခြားသော ကမ္ဘာ့မြို့ကြီးများစွာနည်းတူ ထိုင်းတွင်လည်း အစိုးရက မတ်လမှစတင်ပြီး lockdown ချမှတ် ကိုင်တွယ်မှုများ ပြုလုပ်လာခြင်းကြောင့် ဘန်ကောက်မြို့တွင် အစားအသောက်ပို့ဆောင်ပေးသည့်ဝန်ဆောင်မှု apps များမှာ ရေပန်းစားလာသည်။

လုပ်ဖော်ကိုင်ဖက် လေယာဉ်မှူးတစ်ဦး၏ လမ်းညွှန်မှုကြောင့် အစားအသောက် မှာယူမှုများကို မော်တော်ဆိုင်ကယ်ဖြင့် လိုက်လံပို့ဆောင်ပေးခြင်းအားဖြင့် ဇနီးနှင့် ၄ နှစ်အရွယ်သမီးငယ်တို့အတွက် ငွေအနည်းအကျဉ်း ရှာဖွေပေးနိုင်ကြောင်း နာကာရင် သိမြင်လာသည်။

“ငုပ်တုပ်ထိုင်ပြီး ကူညီမယ့်သူလာမှာကို ထိုင်စောင့်မနေနိုင်ဘူးလို့ ကျွန်တော်တွေးမိတယ်။ ကျွန်တော့်မိသားစုအတွက် ကျွန်တော် တိုက်ပွဲဝင်ရမယ်။ ကျွန်တော် တစ်ခုခု လုပ်ရတော့မယ်။ ကျွန်တော့်မှာ လက်နှစ်ဖက်ရှိတယ်။ ဆိုင်ကယ်ရှိတယ်။ ဒါကြောင့် ဒီအလုပ်ကို ကျွန်တော်တွေ့မိတာပါ။ အခုဆိုရင် ကျွန်တော်ဟာ အစားအသောက်တွေ လိုက်လံပို့ဆောင်တဲ့သူတစ်ဦး ဖြစ်နေပါပြီ”

အသက် ၄၂ နှစ်အရွယ်ရှိပြီဖြစ်သော နာကာရင်သည် လေယာဉ်မှူးအခန်းထဲတွင် ဘဝကိုဖြတ်သန်းရန် အိပ်မက်မက်ခဲ့သူဖြစ်ပြီး လေကြောင်းလုပ်ငန်း၏ အခြေအနေမတည်ငြိမ်မှုကို စိုးရိမ်ကာ သူ၏အိပ်မက်ကို နှစ်ပေါင်းများစွာ ဆိုင်းငံ့ထားခဲ့သည်။

သို့သော် လွန်ခဲ့သော ၅ နှစ်ကမူ အိပ်မက်ကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့သည်။

ထိုင်းနိုင်ငံတွင် စရိတ်နည်း လေကြောင်းလိုင်းများ ခေတ်စားလာချိန်၌ နာကာရင်သည် လေယာဉ်မှူးအဖြစ် လုပ်ကိုင်ရန် သင်ယူခဲ့ပြီး မကြာမီတွင် Thai Lion Air လေကြောင်းလိုင်းတွင် အလုပ်ရခဲ့သည်။

“လေယာဉ်မှူးတစ်ဦးဖြစ်လာဖို့ ကလေးဘဝကတည်းက အိပ်မက်မက်ခဲ့တာ ဖြစ်ပါတယ်။ အကောင်းဆုံးအရာကတော့ ကမ္ဘာတစ်ဝန်းခရီးသွားရပြီး လူပေါင်းများစွာ တွေ့ရတာပါပဲ။ ဝတ်စုံဝတ်ဆင်ပြီး လေဆိပ်ကိုသွားရင်း ခရီးသည်တွေရဲ့ အပြုံးကို ကျွန်တော်ကြည့်တယ်။ တစ်ဦးနဲ့တစ်ဦးတွေ့တဲ့အခါ (ဒါမှမဟုတ်) ကမ်းခြေတွေ၊ တောင်တန်းတွေဆီ ခရီးထွက်ကြတဲ့အခါ သူတို့ရဲ့ အပြုံးတွေကို တွေ့ရတယ်။ အဲဒါတွေအားလုံးအပြင် မိသားစုကို ထောက်ပံ့ဖို့ ပိုက်ဆံတွေလည်း ရပါတယ်”

လေယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်စဉ် ပုံမှန်အားဖြင့် တစ်လလျှင် ကန်ဒေါ်လာ ၆၀၀၀ မှ ၈၀၀၀ အကြား ဝင်ငွေရှိကြောင်း နာကာရင်က ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မတ်လလယ်ပိုင်းမှစတင်ပြီး လေကြောင်းလိုင်းများ ရပ်ဆိုင်းထားရချိန်တွင် တစ်ရက်လျှင် ဒေါ်လာ ၃၀ ခန့် ဝင်ငွေရှိလျှင် မိမိအတွက် အလွန်ကံကောင်းသောနေ့ဖြစ်ကြောင်း နာကာရင်က ပြောကြားသည်။

ထိုသို့ ဘဝရပ်တည်နေရသည်မှာ နာကာရင် တစ်ဦးတည်း မဟုတ်ချေ။

သူ၏ မိတ်ဆွေများအပါအဝင် ထိုင်းလေယာဉ်မှူး ၅၀ ကျော်သည် ယခုအခါ အစားအစာလိုက်လံပို့ဆောင်သူများ၊ အငှားယာဉ်မောင်းသမားများ (သို့မဟုတ်) အစားအသောက်ရောင်းချသော ဈေးသည်များအဖြစ် လုပ်ကိုင်ရင်း ပုံမှန်တာဝန်ကို ပြန်လည်ထမ်းဆောင်နိုင်ရန် စောင့်ဆိုင်းနေကြရသည်။

အချို့ဆိုလျှင် ၎င်းတို့၏ တန်ဖိုးကြီးယာဉ်များကို အစားအသောက်ပို့ဆောင်သည့်အလုပ်အတွက် အသုံးပြုနေကြရပြီး BMW မော်တော်ဆိုင်ကယ်များနှင့် ဆီဒင်များပင် ပါဝင်ကြောင်း နာကာရင်က ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Thai pilot, grounded by Covid-19, shifts to motorbike food deliveries (edition)

[Zawgyi]

Covid-19 ေၾကာင့္ အလုပ္လက္မဲ့ျဖစ္သြားသည့္ ထိုင္းေလယာဥ္မွဴး ဆိုင္ကယ္ျဖင့္ အစားအေသာက္လိုက္လံပို႔ေဆာင္သည့္အလုပ္ လုပ္ကိုင္ရ

ကိုရိုနာဗိုင္းရပ္စ္ ကမၻာ့ကပ္ေရာဂါေဘးသည္ ကမၻာေပၚရွိ ေလေၾကာင္းလိုင္းမ်ားစြာ ရပ္ဆိုင္းသြားေစခဲ့ရာ ေလေၾကာင္းနယ္ပယ္တြင္ လုပ္ကိုင္ေနသူအခ်ဳိ ႔မွာ ေျမျပင္တြင္ ရွိေနစဥ္ ဝင္ေငြရရန္အတြက္ အလွည့္အေျပာင္းနည္းလမ္းမ်ား ရွာေဖြလာၾကရသည္။ ထိုသုိ႔ နည္းလမ္းရွာလာရသူမ်ားတြင္ ေလယာဥ္မွဴးမ်ားလည္း ပါဝင္လာသည္။

ထိုင္းႏိုင္ငံတြင္ lockdown စည္းမ်ဥ္းမ်ား ျပန္လည္ေျဖေလွ်ာ့အျပီး ယခုလအတြင္းတြင္မွ ျပည္တြင္းခရီးသြားလာမႈလုပ္ငန္းမ်ား ျပန္လည္စတင္လာျခင္း ျဖစ္သည္။

အခ်ဳိ ႔ေသာ ေလယာဥ္မွဴးမ်ားမွာ ေကာင္းကင္မွသည္ လမ္းမ်ားေပၚသုိ႔ ေရာက္ရွိလာၾကျပီး ေမာ္ေတာ္ဆိုင္ကယ္ျဖင့္ အစားအေသာက္မ်ား လိုက္လံပို႔ေဆာင္ရသည့္အလုပ္မ်ား လုပ္ကိုင္ျခင္း (သို႔မဟုတ္) အငွားကား ေမာင္းႏွင္သူမ်ားအျဖစ္ လုပ္ကိုင္ျခင္းမ်ား ျပဳလုပ္လာၾကရသည္။ ထိုသို႔ လုပ္ကိုင္ရသူမ်ားတြင္ ပူးတြဲေလယာဥ္မွဴးျဖစ္သူ နာကာရင္ အင္တာလည္း ပါဝင္သည္။ နာကာရင္သည္ ေလယာဥ္မွဴးအျဖစ္ လုပ္ကိုင္ခဲ့သည္မွာ ၄ ႏွစ္ရွိျပီ ျဖစ္သည္။

ယခုအခါ သူသည္ ျပည္တြင္း အစားအေသာက္မွာယူမႈႏွင့္ ကားငွားမႈဆိုင္ရာ ဖုန္း app ျဖစ္ေသာ Line Man တြင္ တာဝန္ထမ္းေဆာင္ေနျပီး မွာယူေသာ အစားအေသာက္မ်ား လိုက္လံပို႔ေဆာင္ရသည့္အလုပ္ လုပ္ကိုင္ေနရသည္။

“တခ်ဳိ ႔ ေလယာဥ္လိုင္းဝန္ထမ္းေတြဆိုရင္ လစာမဲ့ခြင့္နဲ႔ ေနေနၾကရပါတယ္။ ကၽြန္ေတာ္တို႔ အမ်ားစုမွာ ဝင္ေငြက ၇၀ ရာခိုင္ႏႈန္းေက်ာ္ ေလ်ာ့နည္းသြားတယ္။ ကၽြန္ေတာ့္မွာက လတိုင္းကုန္က်စရိတ္ေတြ ရွိေနတာေၾကာင့္ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ေငြရွာလာရပါတယ္” ဟု နာကာရင္က ေျပာၾကားသည္။

အျခားေသာ ကမၻာ့ျမိဳ႕ၾကီးမ်ားစြာနည္းတူ ထိုင္းတြင္လည္း အစိုးရက မတ္လမွစတင္ျပီး lockdown ခ်မွတ္ ကိုင္တြယ္မႈမ်ား ျပဳလုပ္လာျခင္းေၾကာင့္ ဘန္ေကာက္ျမိဳ႕တြင္ အစားအေသာက္ပို႔ေဆာင္ေပးသည့္ဝန္ေဆာင္မႈ apps မ်ားမွာ ေရပန္းစားလာသည္။

လုပ္ေဖာ္ကိုင္ဖက္ ေလယာဥ္မွဴးတစ္ဦး၏ လမ္းညႊန္မႈေၾကာင့္ အစားအေသာက္ မွာယူမႈမ်ားကို ေမာ္ေတာ္ဆိုင္ကယ္ျဖင့္ လိုက္လံပို႔ေဆာင္ေပးျခင္းအားျဖင့္ ဇနီးႏွင့္ ၄ ႏွစ္အရြယ္သမီးငယ္တိုိ႔အတြက္ ေငြအနည္းအက်ဥ္း ရွာေဖြေပးႏိုင္ေၾကာင္း နာကာရင္ သိျမင္လာသည္။

“ငုပ္တုပ္ထိုင္ျပီး ကူညီမယ့္သူလာမွာကို ထိုင္ေစာင့္မေနႏိုင္ဘူးလိုိ႔ ကၽြန္ေတာ္ေတြးမိတယ္။ ကၽြန္ေတာ့္မိသားစုအတြက္ ကၽြန္ေတာ္ တိုက္ပြဲဝင္ရမယ္။ ကၽြန္ေတာ္ တစ္ခုခု လုပ္ရေတာ့မယ္။ ကၽြန္ေတာ့္မွာ လက္ႏွစ္ဖက္ရွိတယ္။ ဆိုင္ကယ္ရွိတယ္။ ဒါေၾကာင့္ ဒီအလုပ္ကို ကၽြန္ေတာ္ေတြ႔မိတာပါ။ အခုဆိုရင္ ကၽြန္ေတာ္ဟာ အစားအေသာက္ေတြ လိုက္လံပို႔ေဆာင္တဲ့သူတစ္ဦး ျဖစ္ေနပါျပီ”

အသက္ ၄၂ ႏွစ္အရြယ္ရွိျပီျဖစ္ေသာ နာကာရင္သည္ ေလယာဥ္မွဴးအခန္းထဲတြင္ ဘဝကိုျဖတ္သန္းရန္ အိပ္မက္မက္ခဲ့သူျဖစ္ျပီး ေလေၾကာင္းလုပ္ငန္း၏ အေျခအေနမတည္ျငိမ္မႈကို စိုးရိမ္ကာ သူ၏အိပ္မက္ကို ႏွစ္ေပါင္းမ်ားစြာ ဆိုင္းငံ့ထားခဲ့သည္။

သို႔ေသာ္ လြန္ခဲ့ေသာ ၅ ႏွစ္ကမူ အိပ္မက္ကို အေကာင္အထည္ေဖာ္ရန္ ဆံုးျဖတ္ခဲ့သည္။

ထိုင္းႏိုင္ငံတြင္ စရိတ္နည္း ေလေၾကာင္းလိုင္းမ်ား ေခတ္စားလာခ်ိန္၌ နာကာရင္သည္ ေလယာဥ္မွဴးအျဖစ္ လုပ္ကိုင္ရန္ သင္ယူခဲ့ျပီး မၾကာမီတြင္ Thai Lion Air ေလေၾကာင္းလိုင္းတြင္ အလုပ္ရခဲ့သည္။

“ေလယာဥ္မွဴးတစ္ဦးျဖစ္လာဖုိ႔ ကေလးဘဝကတည္းက အိပ္မက္မက္ခဲ့တာ ျဖစ္ပါတယ္။ အေကာင္းဆံုးအရာကေတာ့ ကမၻာတစ္ဝန္းခရီးသြားရျပီး လူေပါင္းမ်ားစြာ ေတြ႔ရတာပါပဲ။ ဝတ္စံုဝတ္ဆင္ျပီး ေလဆိပ္ကိုသြားရင္း ခရီးသည္ေတြရဲ႕ အျပဳံးကို ကၽြန္ေတာ္ၾကည့္တယ္။ တစ္ဦးနဲ႔တစ္ဦးေတြ႔တဲ့အခါ (ဒါမွမဟုတ္) ကမ္းေျခေတြ၊ ေတာင္တန္းေတြဆီ ခရီးထြက္ၾကတဲ့အခါ သူတို႔ရဲ႕ အျပံဳးေတြကို ေတြ႔ရတယ္။ အဲဒါေတြအားလံုးအျပင္ မိသားစုကို ေထာက္ပံ့ဖို႔ ပိုက္ဆံေတြလည္း ရပါတယ္”

ေလယာဥ္မွဴးအျဖစ္ တာဝန္ထမ္းေဆာင္စဥ္ ပံုမွန္အားျဖင့္ တစ္လလွ်င္ ကန္ေဒၚလာ ၆၀၀၀ မွ ၈၀၀၀ အၾကား ဝင္ေငြရွိေၾကာင္း နာကာရင္က ေျပာၾကားသည္။

ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ မတ္လလယ္ပိုင္းမွစတင္ျပီး ေလေၾကာင္းလိုင္းမ်ား ရပ္ဆိုင္းထားရခ်ိန္တြင္ တစ္ရက္လွ်င္ ေဒၚလာ ၃၀ ခန္႔ ဝင္ေငြရွိလွ်င္ မိမိအတြက္ အလြန္ကံေကာင္းေသာေန႔ျဖစ္ေၾကာင္း နာကာရင္က ေျပာၾကားသည္။

ထိုသို႔ ဘဝရပ္တည္ေနရသည္မွာ နာကာရင္ တစ္ဦးတည္း မဟုတ္ေခ်။

သူ၏ မိတ္ေဆြမ်ားအပါအဝင္ ထုိင္းေလယာဥ္မွဴး ၅၀ ေက်ာ္သည္ ယခုအခါ အစားအစာလိုက္လံပို႔ေဆာင္သူမ်ား၊ အငွားယာဥ္ေမာင္းသမားမ်ား (သို႔မဟုတ္) အစားအေသာက္ေရာင္းခ်ေသာ ေစ်းသည္မ်ားအျဖစ္ လုပ္ကိုင္ရင္း ပံုမွန္တာဝန္ကို ျပန္လည္ထမ္းေဆာင္ႏိုင္ရန္ ေစာင့္ဆိုင္းေနၾကရသည္။

အခ်ဳိ႕ဆိုလွ်င္ ၎တို႔၏ တန္ဖုိးၾကီးယာဥ္မ်ားကို အစားအေသာက္ပို႔ေဆာင္သည့္အလုပ္အတြက္ အသံုးျပဳေနၾကရျပီး BMW ေမာ္ေတာ္ဆိုင္ကယ္မ်ားႏွင့္ ဆီဒင္မ်ားပင္ ပါဝင္ေၾကာင္း နာကာရင္က ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Thai pilot, grounded by Covid-19, shifts to motorbike food deliveries (edition)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

The Crest
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service