ဟောင်ကောင်တွင် ပြည်သူ့အိမ်ရာများ၌ နေထိုင်ကြသော ပြည်သူ ၇၅၀၀၀၀ အား ၂ လတာ အိမ်ငှားခ ကင်းလွတ်ခွင့်ပေးမည်

ဟောင်ကောင်တွင် ပြည်သူ့အိမ်ရာများ၌ နေထိုင်ကြသော ပြည်သူ ၇၅၀၀၀၀ အား ၂ လတာ အိမ်ငှားခ ကင်းလွတ်ခွင့်ပေးမည် - Property News in Myanmar from iMyanmarHouse.com
25 Jun 2020 12:02 pm တွင် တင်ခဲ့သည်
597 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဟောင်ကောင်တွင် ပြည်သူ့အိမ်ရာများ၌ နေထိုင်ကြသော မိသားစု ၇၅၀၀၀၀ ခန့်သည် အိမ်ငှားခ ၁၀ ရာခိုင်နှုန်း မြင့်တက်လာခြင်း၏ ထိခိုက်မှုများ သက်သာစေရန်အတွက် အိမ်ငှားခ ၂ လတာ ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း ဟောင်ကောင်အိုးအိမ်ဌာနက ထုတ်ပြန်သည်။

ယခုကဲ့သို့ သက်ညှာခွင့်ပေးခြင်းနှင့် အိမ်ငှားခများ ပိုမိုမြင့်တက်လာခြင်းတို့ကို ပေါင်းစပ်ကြည့်လျှင် အိမ်ငှားတို့သည် လာမည့် ၂ နှစ်တာအတွင်း အိမ်ငှားခ ၀ ဒသမ ၄ ရာခိုင်နှုန်း ပိုမိုပေးဆောင်ရမည့်သဘောဖြစ်ပြီး အိမ်ငှားခမှာ တစ်လလျှင် ဟောင်ကောင် ၂ ဒေါ်လာမှ ၂၁ ဒေါ်လာအကြား ပိုမိုပေးဆောင်ရမည် ဖြစ်သည်။

ဟောင်ကောင်တွင် ပြည်သူ့အိမ်ရာများ၏ ပျှမ်းမျှ ငှားရမ်းခမှာ တစ်လလျှင် ဟောင်ကောင်ဒေါ်လာ ၂၀၇၂ (ကန်ဒေါ်လာ ၂၆၇) ဖြစ်သည်။

“ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒေသတွင်းနဲ့ ကမ္ဘာ့စီးပွားရေးကျဆင်းနေမှုတွေကို သုံးသပ်ကြည့်မယ်ဆိုရင် ပြည်သူတွေအနေနဲ့ ကျွန်တော်တို့ကို အိမ်ငှားခတွေ ကင်းလွတ်ခွင့် ပေးစေဖို့ သုံးသပ်စေလိုတယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။” ဟု Frank Chan Fan က ဥပဒေပြုကောင်စီ အစည်းအဝေးတွင် ပြောကြားသည်။

“မကြာသေးမီက အိမ်ငှားခတိုးမြှင့်မှုကို ကုစားပေးဖို့အတွက် အိမ်လခ ၂ လစာ ကင်းလွတ်ခွင့်ပေးဖို့ အိုးအိမ်အာဏာပိုင်အဖွဲ့ကို အဆိုပြု ကမ်းလှမ်းမယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယခုကဲ့သို့ အိမ်ငှားခကင်းလွတ်ခွင့်ပေးခြင်းကြောင့် အိုးအိမ်အာဏာပိုင်အဖွဲ့၏ လည်ပတ်မှုလိုငွေမှာ ဟောင်ကောင်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံသို့ ရောက်ရှိသွားမည် ဖြစ်သည်။

ဟောင်ကောင်တွင် ပြည်သူ့အိမ်ရာများကို စီမံခန့်ခွဲသည့် အိုးအိမ်အာဏာပိုင်အဖွဲ့ကို အိုးအိမ်ဝန်ကြီးက ဦးဆောင်မှုပေးသည်။ အိုးအိမ်အာဏာပိုင်အဖွဲ့၏ ၂ နှစ်လျှင် တစ်ကြိမ်ပြုလုပ်သည့် သုံးသပ်ချက်အရ အိမ်ငှားခများကို ၁၀ ရာခိုင်နှုန်း တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ကင်းလွတ်ခွင့် မရရှိမီတွင် အိမ်ငှားတို့သည် ဟောင်ကောင်ဒေါ်လာ ၄၂ မှ ၄၉၈ ဒေါ်လာအကြား ပိုမိုပေးဆောင်ရတော့မည် ဖြစ်ပြီး ပျှမ်းမျှအားဖြင့် မြင့်တက်သွားသောအိမ်လခမှာ ဟောင်ကောင်ဒေါ်လာ ၂၀၀ ဖြစ်သည်။

အိမ်ငှားခ ၂ လတာ ကင်းလွတ်ခွင့်ပေးရေးနှင့်စပ်လျဉ်းပြီး လာမည့်လတွင် အိုးအိမ်အာဏာပိုင်အဖွဲ့၏ အိုးအိမ်ကော်မတီက အစည်းအဝေး ပြုလုပ်သွားမည် ဖြစ်သည်။

ဟောင်ကောင်တွင် ၂၀၀၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အကြား ဝင်ငွေ ၁၀၆ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာသည့်နည်းတူ တချိန်တည်းမှာပင် အိမ်ငှားခကလည်း ၆၈ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

အိုးအိမ်အာဏာပိုင်အဖွဲ့သည် ၂၀၁၀ ပြည့်နှင့် ၂၀၁၂ ခုနှစ်တို့တွင် စီးပွားရေးအခြေအနေမကောင်းမှုကို ထောက်ရှုကာ အိမ်လခကင်းလွတ်ခွင့် ၁ လစီ ပေးခဲ့ဖူးသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Hong Kong rent could be waived for two months to ease impact of 10 per cent rise for public housing tenants (SCMP)

 [Zawgyi]

ေဟာင္ေကာင္တြင္ ျပည္သူ႔အိမ္ရာမ်ား၌ ေနထိုင္ၾကေသာ ျပည္သူ ၇၅၀၀၀၀ အား ၂ လတာ အိမ္ငွားခ ကင္းလြတ္ခြင့္ေပးမည္

ေဟာင္ေကာင္တြင္ ျပည္သူ႔အိမ္ရာမ်ား၌ ေနထိုင္ၾကေသာ မိသားစု ၇၅၀၀၀၀ ခန္႔သည္ အိမ္ငွားခ ၁၀ ရာခိုင္ႏႈန္း ျမင့္တက္လာျခင္း၏ ထိခိုက္မႈမ်ား သက္သာေစရန္အတြက္ အိမ္ငွားခ ၂ လတာ ကင္းလြတ္ခြင့္ေပးမည္ျဖစ္ေၾကာင္း ေဟာင္ေကာင္အိုးအိမ္ဌာနက ထုတ္ျပန္သည္။

ယခုကဲ့သို႔ သက္ညွာခြင့္ေပးျခင္းႏွင့္ အိမ္ငွားခမ်ား ပိုမိုျမင့္တက္လာျခင္းတို႔ကို ေပါင္းစပ္ၾကည့္လွ်င္ အိမ္ငွားတို႔သည္ လာမည့္ ၂ ႏွစ္တာအတြင္း အိမ္ငွားခ ၀ ဒသမ ၄ ရာခိုင္ႏႈန္း ပိုမိုေပးေဆာင္ရမည့္သေဘာျဖစ္ျပီး အိမ္ငွားခမွာ တစ္လလွ်င္ ေဟာင္ေကာင္ ၂ ေဒၚလာမွ ၂၁ ေဒၚလာအၾကား ပိုမိုေပးေဆာင္ရမည္ ျဖစ္သည္။

ေဟာင္ေကာင္တြင္ ျပည္သူ႔အိမ္ရာမ်ား၏ ပွ်မ္းမွ် ငွားရမ္းခမွာ တစ္လလွ်င္ ေဟာင္ေကာင္ေဒၚလာ ၂၀၇၂ (ကန္ေဒၚလာ ၂၆၇) ျဖစ္သည္။

“ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေဒသတြင္းနဲ႔ ကမၻာ့စီးပြားေရးက်ဆင္းေနမႈေတြကို သံုးသပ္ၾကည့္မယ္ဆိုရင္ ျပည္သူေတြအေနနဲ႔ ကၽြန္ေတာ္တို႔ကို အိမ္ငွားခေတြ ကင္းလြတ္ခြင့္ ေပးေစဖို႔ သံုးသပ္ေစလိုတယ္ဆိုတာ ကၽြန္ေတာ္တို႔ နားလည္ပါတယ္။” ဟု Frank Chan Fan က ဥပေဒျပဳေကာင္စီ အစည္းအေဝးတြင္ ေျပာၾကားသည္။

“မၾကာေသးမီက အိမ္ငွားခတိုးျမွင့္မႈကို ကုစားေပးဖုိ႔အတြက္ အိမ္လခ ၂ လစာ ကင္းလြတ္ခြင့္ေပးဖို႔ အိုးအိမ္အာဏာပိုင္အဖြဲ႔ကို အဆိုျပဳ ကမ္းလွမ္းမယ္လို႔ ကၽြန္ေတာ္တို႔ ဆံုးျဖတ္ခဲ့ပါတယ္” ဟု ၎က ဆက္လက္ေျပာၾကားသည္။

ယခုကဲ့သို႔ အိမ္ငွားခကင္းလြတ္ခြင့္ေပးျခင္းေၾကာင့္ အိုးအိမ္အာဏာပိုင္အဖြဲ႔၏ လည္ပတ္မႈလိုေငြမွာ ေဟာင္ေကာင္ေဒၚလာ ၂ ဒသမ ၅ ဘီလီယံသို႔ ေရာက္ရွိသြားမည္ ျဖစ္သည္။

ေဟာင္ေကာင္တြင္ ျပည္သူ႔အိမ္ရာမ်ားကို စီမံခန္႔ခြဲသည့္ အိုးအိမ္အာဏာပိုင္အဖြဲ႔ကို အိုးအိမ္ဝန္ၾကီးက ဦးေဆာင္မႈေပးသည္။ အိုးအိမ္အာဏာပိုင္အဖြဲ႔၏ ၂ ႏွစ္လွ်င္ တစ္ၾကိမ္ျပဳလုပ္သည့္ သံုးသပ္ခ်က္အရ အိမ္ငွားခမ်ားကို ၁၀ ရာခိုင္ႏႈန္း တိုးျမွင့္ရန္ ဆံုးျဖတ္ခဲ့ျခင္း ျဖစ္သည္။ ထို႔ေၾကာင့္ ကင္းလြတ္ခြင့္ မရရွိမီတြင္ အိမ္ငွားတို႔သည္ ေဟာင္ေကာင္ေဒၚလာ ၄၂ မွ ၄၉၈ ေဒၚလာအၾကား ပိုမိုေပးေဆာင္ရေတာ့မည္ ျဖစ္ျပီး ပွ်မ္းမွ်အားျဖင့္ ျမင့္တက္သြားေသာအိမ္လခမွာ ေဟာင္ေကာင္ေဒၚလာ ၂၀၀ ျဖစ္သည္။

အိမ္ငွားခ ၂ လတာ ကင္းလြတ္ခြင့္ေပးေရးႏွင့္စပ္လ်ဥ္းျပီး လာမည့္လတြင္ အိုးအိမ္အာဏာပိုင္အဖြဲ႔၏ အိုးအိမ္ေကာ္မတီက အစည္းအေဝး ျပဳလုပ္သြားမည္ ျဖစ္သည္။

ေဟာင္ေကာင္တြင္ ၂၀၀၇ ခုႏွစ္မွ ၂၀၁၉ ခုႏွစ္အၾကား ဝင္ေငြ ၁၀၆ ဒသမ ၂ ရာခိုင္ႏႈန္း တိုးတက္လာသည့္နည္းတူ တခ်ိန္တည္းမွာပင္ အိမ္ငွားခကလည္း ၆၈ ဒသမ ၁ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့သည္။

အိုးအိမ္အာဏာပိုင္အဖြဲ႔သည္ ၂၀၁၀ ျပည့္ႏွင့္ ၂၀၁၂ ခုႏွစ္တို႔တြင္ စီးပြားေရးအေျခအေနမေကာင္းမႈကို ေထာက္ရႈကာ အိမ္လခကင္းလြတ္ခြင့္ ၁ လစီ ေပးခဲ့ဖူးသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Hong Kong rent could be waived for two months to ease impact of 10 per cent rise for public housing tenants (SCMP)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Maha Mini Condo
The Crest

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service