နိုင်ငံစီးပွားရေးကို အမြန်ဆုံးပြန်လည်ပတ်ချင်သော်လည်း COVID-19 ဒုတိယလှိုင်းရိုက်ခတ်မည်ကို သတိထားနေဟု အတိုင်ပင်ခံဆို

နိုင်ငံစီးပွားရေးကို အမြန်ဆုံးပြန်လည်ပတ်ချင်သော်လည်း COVID-19 ဒုတိယလှိုင်းရိုက်ခတ်မည်ကို သတိထားနေဟု အတိုင်ပင်ခံဆို - Property News in Myanmar from iMyanmarHouse.com
24 Jun 2020 12:42 pm တွင် တင်ခဲ့သည်
845 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

နိုင်ငံစီးပွားရေးကို အမြန်ဆုံးပြန်လည်ပတ်ချင်သော်လည်း COVID-19 ဒုတိယလှိုင်း ရိုက်ခတ်မည်ကို သတိပြုနေရသည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

COVID-19 နှင့် ကုန်သွယ်ရေးကဏ္ဍ အပေါ်သက်ရောက်မှုများနှင့်စပ်လျဉ်းသည် အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်က ဒုဝန်ကြီး ဦးအောင်ထူးနှင့် အခြား စီးပွားလုပ်ငန်းရှင် နှစ်ဦးဖြင့်အွန်လိုင်းမှ အပြန်အလှန် စကားဝိုင်းဆွေးနွေးပွဲတွင် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတော်ကလည်း ချိန်စနေရတယ်။ စီးပွားရေးလည်ပတ်မှုကို အမြန်ဆုံး ပြန်ပြီးတော့ သွားချင်တယ်၊ တဖက်က လည်း သိပ်ပြီးတော့ ဆန္ဒစောသွားရင်လည်း COVID-19 နောက်တလှိုင်းက သိပ်ဆိုးသွားမှာကိုလည်း၊ အဲဒါကို တချိန်လုံးဘဲ သတိပြုနေရတယ်”ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကဆိုသည်။

အခြားနိုင်ငံများတွင်လည်း စီးပွားရေးပြန်လည်ဖွင့်လှစ်ပေးပြီးနောက် ဒုတိယလှိုင်းကြီးဖြင့် ရောဂါသည်များ ထပ်ပေါ်လာကာ ပြဿနာပိုဖြစ်နေသည်ဟု အတိုင်ပင်ခံကဆိုသည်။

လက်ရှိတွင် စားသောက်ကုန်နှင့်မရှိမဖြစ် ပစ္စည်းကိုသာ ပြည်သူများက ဝယ်ယူနေပြီး ဇိမ်ခံပစ္စည်းများ ဝယ်ယူမှုနည်းလာခြင်းကိုလည်း သတိပြုမိသည်ဟုဆိုသည်။ အဘယ်ကြောင့်ဆိုသော် COVID-19 ကြောင့် ဝင်ငွေကျဆင်းလာပြီး ငွေကို တကယ်လိုအပ်သည့် နေရာမှသာ အသုံးပြုနေသည်ဟု အတိုင်ပင်ခံကဆိုသည်။

COVID-19 ကြောင့် မြန်မာနိုင်ငံသည် စားနပ်ရိက္ခာ ပူပန်ရမည့်နိုင်ငံမဟုတ်ဘဲ စနစ်တကျစီမံခန့်ခွဲရန်သာ လိုသည်ဟုဆိုသည်။ စားနပ်ရိက္ခာဖူလုံရေးအပြင် ကမ္ဘာနိုင်ငံများလိုအပ်ချက်ကိုလည်းရောင်းချပေးရန် မူထားရှိသည်ဟု အတိုင်ပင်ခံကဆိုသည်။ ထိုသို့ရောင်းချခြင်းသည် အနာဂတ်ဈေးကွက်အတွက်လည်း ရည်ရွယ်ထားသည်ဟုဆိုသည်။

ထိုပြင် အတိုင်ပင်ခံက COVID-19 ကာလတွင် အခြားနိုင်ငံများတွင် စားဝတ်နေရေးကြောင့် လုယက်ခြင်း၊ခိုးယူခြင်းစသည့် ရာဇဝတ်မူများမြင့်တက်လာသော်လည်း မြန်မာနိုင်ငံတွင် မြင့်တက်လာခြင်းမရှိဟု အတိုင်ပင်ခံကဆိုသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးအောင်ထူးက “ဈေးကွက်မှာ ဘာတွေ့ရလဲဆိုတော့ ဝယ်လိုအားလျော့ကျတဲ့အတွက်ကြောင့် ကုန်ဈေးနှုန်းတွေဟာ ထင်သလို တက်မလာဘဲနဲ ‌အောက်ကို လျော့ကျတဲ့ အခြေအနေကို ရောက်ရှိခဲ့ပါတယ်”ဟုပြောသည်။

မြန်မာနိုင်ငံတွင် COVID-19 စတင်ရောက်ရှိလာချိန်တွင် ပြည်သူအများစု စားသောက်ကုန်များ အလန့်တကြား ဝယ်ယူခဲ့ခြင်းကြောင့် ဝယ်လိုအားမြင့်တက်ခဲ့သည်ဟု စီးတီးမတ်လ်ဟိုးဒင်၊ အမူဆောင်အရာရှိချုပ် ဒေါ်ဝင်းဝင်းတင့်ကပြောသည်။

သို့သော်လည်း မေနှင့်ဇွန်လတွင် ဝယ်လိုအားလျော့ကျလာသည်ဟု ၎င်းကဆိုသည်။ ထိုနှစ်လသည် ယခင်နှစ် ကာလတူဖြင့်နှိုင်းယှဉ်ပါက ၂၀ ရာခိုင်နှုန်းရောင်းအားကျလာခဲ့သည်ဟု ၎င်းကဆိုသည်။

လက်ရှိကာလတွင် မရှိမဖြစ်စားသောက်ကုန်နှင့်ဆေးဝါးလုပ်ငန်းများသည် စီးပွားရေး ပြန်လည် လည်ပတ်မူရှိနေပြီး လက်ဝတ်ရတနာ၊ လူသုံးကုန်ပစ္စည်း ရောင်းချမူများသည် ထိခိုက်များကာ ယခင်နှစ်ကာလတူထက် ၈၀ ရာခိုင်နှုန်း ရောင်းအားကျခဲ့သည်ဟု ဒေါ်ဝင်းဝင်းတင့်က ဆိုသည်။

လက်ရှိတွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများသည် ငွေကြေးအရင်းအနှီး၊ နည်းပညာနှင့်ဈေးကွက်ဝေစုရရန် အကြီးမားဆုံးအခက်အခဲဖြစ်နေသည်ဟု ၎င်းကဆိုသည်။

ထိုပြင် လုပ်ငန်းရှင်ဒေါ်သက်စုဌေးက COVID-19 အလွန်တွင် စားသောက်ကုန်မဟုတ်သည့်လုပ်ငန်းများကပိုမို ရုန်းကန်ရမည်ဖြစ်သည်ဟုဆိုသည်။ ထိုပြင် အစိုးရက COVID-19 ကုစားရေးချေးငွေကို သက်တမ်းတစ်နှစ်ပေးခြင်းသည့် SME လုပ်ငန်းများအတွက် မလုံလောက်၍ သက်တမ်းတိုးပေးရန်လည်း ပြောသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ႏိုင္ငံစီးပြားေရးကို အျမန္ဆုံးျပန္လည္ပတ္ခ်င္ေသာ္လည္း COVID-19 ဒုတိယလႈိင္း႐ိုက္ခတ္မည္ကို သတိထားေနဟု အတိုင္ပင္ခံဆို

ႏိုင္ငံစီးပြားေရးကို အျမန္ဆုံးျပန္လည္ပတ္ခ်င္ေသာ္လည္း COVID-19 ဒုတိယလႈိင္း ႐ိုက္ခတ္မည္ကို သတိျပဳေနရသည္ဟု ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ေျပာသည္။

COVID-19 ႏွင့္ ကုန္သြယ္ေရးက႑ အေပၚသက္ေရာက္မႈမ်ားႏွင့္စပ္လ်ဥ္းသည္ အတိုင္ပင္ခံေဒၚေအာင္ဆန္းစုၾကည္က ဒုဝန္ႀကီး ဦးေအာင္ထူးႏွင့္ အျခား စီးပြားလုပ္ငန္းရွင္ ႏွစ္ဦးျဖင့္အြန္လိုင္းမွ အျပန္အလွန္ စကားဝိုင္းေဆြးေႏြးပြဲတြင္ အတိုင္ပင္ခံပုဂၢိဳလ္က ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ႏိုင္ငံေတာ္ကလည္း ခ်ိန္စေနရတယ္။ စီးပြားေရးလည္ပတ္မႈကို အျမန္ဆုံး ျပန္ၿပီးေတာ့ သြားခ်င္တယ္၊ တဖက္က လည္း သိပ္ၿပီးေတာ့ ဆႏၵေစာသြားရင္လည္း COVID-19 ေနာက္တလႈိင္းက သိပ္ဆိုးသြားမွာကိုလည္း၊ အဲဒါကို တခ်ိန္လုံးဘဲ သတိျပဳေနရတယ္”ဟု ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ကဆိုသည္။

အျခားႏိုင္ငံမ်ားတြင္လည္း စီးပြားေရးျပန္လည္ဖြင့္လွစ္ေပးၿပီးေနာက္ ဒုတိယလႈိင္းႀကီးျဖင့္ ေရာဂါသည္မ်ား ထပ္ေပၚလာကာ ျပႆနာပိုျဖစ္ေနသည္ဟု အတိုင္ပင္ခံကဆိုသည္။

လက္ရွိတြင္ စားေသာက္ကုန္ႏွင့္မရွိမျဖစ္ ပစၥည္းကိုသာ ျပည္သူမ်ားက ဝယ္ယူေနၿပီး ဇိမ္ခံပစၥည္းမ်ား ဝယ္ယူမႈနည္းလာျခင္းကိုလည္း သတိျပဳမိသည္ဟုဆိုသည္။ အဘယ္ေၾကာင့္ဆိုေသာ္ COVID-19 ေၾကာင့္ ဝင္ေငြက်ဆင္းလာၿပီး ေငြကို တကယ္လိုအပ္သည့္ ေနရာမွသာ အသုံးျပဳေနသည္ဟု အတိုင္ပင္ခံကဆိုသည္။

COVID-19 ေၾကာင့္ ျမန္မာႏိုင္ငံသည္ စားနပ္ရိကၡာ ပူပန္ရမည့္ႏိုင္ငံမဟုတ္ဘဲ စနစ္တက်စီမံခန႔္ခြဲရန္သာ လိုသည္ဟုဆိုသည္။ စားနပ္ရိကၡာဖူလုံေရးအျပင္ ကမာၻႏိုင္ငံမ်ားလိုအပ္ခ်က္ကိုလည္းေရာင္းခ်ေပးရန္ မူထားရွိသည္ဟု အတိုင္ပင္ခံကဆိုသည္။ ထိုသို႔ေရာင္းခ်ျခင္းသည္ အနာဂတ္ေဈးကြက္အတြက္လည္း ရည္႐ြယ္ထားသည္ဟုဆိုသည္။

ထိုျပင္ အတိုင္ပင္ခံက COVID-19 ကာလတြင္ အျခားႏိုင္ငံမ်ားတြင္ စားဝတ္ေနေရးေၾကာင့္ လုယက္ျခင္း၊ခိုးယူျခင္းစသည့္ ရာဇဝတ္မူမ်ားျမင့္တက္လာေသာ္လည္း ျမန္မာႏိုင္ငံတြင္ ျမင့္တက္လာျခင္းမရွိဟု အတိုင္ပင္ခံကဆိုသည္။

စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနဒုတိယဝန္ႀကီး ဦးေအာင္ထူးက “ေဈးကြက္မွာ ဘာေတြ႕ရလဲဆိုေတာ့ ဝယ္လိုအားေလ်ာ့က်တဲ့အတြက္ေၾကာင့္ ကုန္ေဈးႏႈန္းေတြဟာ ထင္သလို တက္မလာဘဲနဲ ‌ေအာက္ကို ေလ်ာ့က်တဲ့ အေျခအေနကို ေရာက္ရွိခဲ့ပါတယ္”ဟုေျပာသည္။

ျမန္မာႏိုင္ငံတြင္ COVID-19 စတင္ေရာက္ရွိလာခ်ိန္တြင္ ျပည္သူအမ်ားစု စားေသာက္ကုန္မ်ား အလန႔္တၾကား ဝယ္ယူခဲ့ျခင္းေၾကာင့္ ဝယ္လိုအားျမင့္တက္ခဲ့သည္ဟု စီးတီးမတ္လ္ဟိုးဒင္၊ အမူေဆာင္အရာရွိခ်ဳပ္ ေဒၚဝင္းဝင္းတင့္ကေျပာသည္။

သို႔ေသာ္လည္း ေမႏွင့္ဇြန္လတြင္ ဝယ္လိုအားေလ်ာ့က်လာသည္ဟု ၎ကဆိုသည္။ ထိုႏွစ္လသည္ ယခင္ႏွစ္ ကာလတူျဖင့္ႏႈိင္းယွဥ္ပါက ၂၀ ရာခိုင္ႏႈန္းေရာင္းအားက်လာခဲ့သည္ဟု ၎ကဆိုသည္။

လက္ရွိကာလတြင္ မရွိမျဖစ္စားေသာက္ကုန္ႏွင့္ေဆးဝါးလုပ္ငန္းမ်ားသည္ စီးပြားေရး ျပန္လည္ လည္ပတ္မူရွိေနၿပီး လက္ဝတ္ရတနာ၊ လူသုံးကုန္ပစၥည္း ေရာင္းခ်မူမ်ားသည္ ထိခိုက္မ်ားကာ ယခင္ႏွစ္ကာလတူထက္ ၈၀ ရာခိုင္ႏႈန္း ေရာင္းအားက်ခဲ့သည္ဟု ေဒၚဝင္းဝင္းတင့္က ဆိုသည္။

လက္ရွိတြင္ အေသးစား၊ အလတ္စား စီးပြားေရးလုပ္ငန္းမ်ားသည္ ေငြေၾကးအရင္းအႏွီး၊ နည္းပညာႏွင့္ေဈးကြက္ေဝစုရရန္ အႀကီးမားဆုံးအခက္အခဲျဖစ္ေနသည္ဟု ၎ကဆိုသည္။

ထိုျပင္ လုပ္ငန္းရွင္ေဒၚသက္စုေဌးက COVID-19 အလြန္တြင္ စားေသာက္ကုန္မဟုတ္သည့္လုပ္ငန္းမ်ားကပိုမို ႐ုန္းကန္ရမည္ျဖစ္သည္ဟုဆိုသည္။ ထိုျပင္ အစိုးရက COVID-19 ကုစားေရးေခ်းေငြကို သက္တမ္းတစ္ႏွစ္ေပးျခင္းသည့္ SME လုပ္ငန္းမ်ားအတြက္ မလုံေလာက္၍ သက္တမ္းတိုးေပးရန္လည္း ေျပာသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Maha Mini Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service