ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
[Unicode]
ရန်ကုန်မြို့၏ မြင့်တက်လာသော မြေတန်ဖိုးကို အကျိုးအမြတ်မျှဝေရန်အတွက် မြို့ပြဖွံ့ဖြိုးရေးအခကောက်သင့်သည်ဟု ကမ္ဘာ့ဘဏ်နှင့် RENAISSANCE INSTITUTE တို့ ပူး ပေါင်းရေးထားသော စာတမ်းတွင်ဖော်ပြထားသည်။
မြို့ပြများလျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာမှု၏ စိန်ခေါ်မှုများကို စီမံခန့် ခွဲခြင်းမူဝါဒစာတမ်း ဟုခေါ်သော ထိုစာတမ်းတွင် ရန်ကုန်မြို့ပြ၏ မြင့်တက်လာသော မြေတန်ဖိုးကို မျှဝေရယူပြီး မြို့ပြစီမံခန့်ခွဲမှုတွင် အကျိုးရှိစွာ အသုံးချနိုင်ရေးကို ဖော်ပြထားသည်။
မြို့ပြဖွံ့ဖြိုးပြီး မြေတန်ဖိုးတက်လာချိန်တွင် အများပြည်သူ ဝန်ဆောင်မှုကဏ္ဍများတွင် ဝန်ထုပ်ဝန်ပိုး ပိုများလာခြင်း၊ အသစ်အသစ်သော မြို့ပြဖွံ့ဖြိုးမှုများ ကြောင့် စွန့်ပစ်ပစ္စည်းများ ပိုများလာခြင်း၊ ယာဉ်ကြောပိတ်ဆို့မှုများ ပိုဆိုးလာခြင်း၊ စွမ်းအင်၊ သောက်သုံးရေ အရင်းအမြစ်၊ သန့်ရှင်းရေး ဝန်ဆောင်မှုနှင့် ယာဉ်ရပ်နားနေရာများစသော ဝန်ဆောင်မှုများ ပိုမိုလိုအပ်လာပြီး အစိုးရက အသုံးစရိတ်တိုးမြှင့် သုံးရမည်ဖြစ်သည်။
မြို့ပြဝန်ဆောင်မှုအသုံးစရိတ်များ တိုးမြှင့်သုံးစွဲရခြင်းကို ကာမိစေရန် မြို့ပြဖွံ့ဖြိုးရေးအခ များ ကောက်သင့်သည်ဟု ဖော်ပြထားပြီး ရန်ကုန်တွင် မြို့ပြဖွံ့ဖြိုး ရေးအခများကို သင့်တင့်သော နှုန်းထားဖြင့် ကောက်ခံမည်ဆိုလျှင် ခန့်မှန်းခြေ တစ်နှစ်လျှင် ကျပ် ရှစ်ဘီလီယံကျော် ရရှိနိုင်မည်ဖြစ်သည်။
ရရှိလာသော ငွေကြေးကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုအတွက် ကုန်ကျစရိတ်ကို နောက်ထပ် ၆၀ ရာခိုင် နှုန်း ပိုမိုသုံးစွဲနိုင်မည်ဖြစ်သည်။ မြို့ပြဖွံ့ဖြိုးရေးအခ ကောက်ခံရာတွင် အဆောက်အအုံ ဆောက်လုပ်ခွင့် ပါမစ်ခွင့်ပြုမိန့်ချပေးချိန်တွင် တပေါင်းတစည်းတည်း ကောက်နိုင်ပြီး မြေတန်ဖိုး ကာလ ပေါက်ဈေး သတ်မှတ်ချက်များကို ထည့်သွင်းတွက်ချက်ရန်လည်း မလိုဟု စာတမ်းတွင် ဖော်ပြထားသည်။
မြို့ပြဖွံ့ဖြိုးရေးအခများ ကောက်ခံ၍ မြို့ပြ၏ အခြေခံအဆောက်အအုံပိုင်းဖြစ်သည့် သယ်ယူပို့ဆောင်ရေး စင်္ကြံလမ်းမကြီးများ၊ ရေပေးဝေရေးနှင့် ရေဆိုးစွန့်ထုတ်ရေးတို့ အစရှိသော လုပ်ငန်းများတွင် ထိရောက်စွာ ရင်းနှီးမြှုပ်နှံနိုင်သည်ဟု ဖော်ပြထားသည်။
မြေတန်ဖိုးမှ ပြန်လည်မျှယူခြင်းစနစ်ကို အိန္ဒိယနိုင်ငံရှိ ပြည်နယ်အချို့တွင် အကောင်အထည်ဖော်ပြီး အခြေခံအဆောက်အအုံကဏ္ဍတွင် အသုံးပြုသည်။
စင်ကာပူနိုင်ငံတွင်လည်း မြို့ပြဖွံ့ဖြိုးရေး အခများကို ကောက်ခံခဲ့သည်မှာ ၁၀ နှစ် ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်ဟု စာတမ်းတွင် ဖော်ပြထားသည်။ မြို့ပြဖွံ့ဖြိုးရေးအခကောက်ခံရာတွင် ဇုန်နှစ်ခုကို ခွဲခြားကောက်ခံသင့်သည်ဟုဆိုထားသည်။ အချက်အချာကျသော မြို့နယ်များကို ပထမတန်းစားဇုန်အဖြစ် သတ်မှတ်ပြီး မြေအသုံးချမှုပြောင်းလဲရေးအတွက် စတုရန်းတစ်ပေ လျှင် ကျပ် ၇၅၀ ကောက်ခံသင့် သည်ဟု ဖော်ပြထားသည်။
အချက်အချာမြို့နယ်များ၏အပြင်ဘက်မြို့နယ်များကို ဒုတိယတန်းစားမြို့နယ်များအဖြစ် သတ်မှတ်ပြီး ဖွံ့ဖြိုးရေးရင်းနှီးမြှုပ်နှံမှုအသစ်များအတွက် မြေစတုရန်းတစ်ပေပတ်လည်လျှင် ၃၇၅ ကျပ် ကောက်ခံသင့်သည်ဟု ဖော်ပြထားသည်။ မြို့ပြဖွံ့ဖြိုးရေးအခများကောက်ခံခြင်းသည် အဂတိ လိုက်စားမှုများကို တိုးမြှင့်စေသည့်အန္တရာယ်လည်းရှိနေသည်ဟု စာတမ်းတွင် သတိပေးထည့် သွင်းရေးသားထားသည်။
အဆောက်အအုံနှင့်ပတ်သက်၍ ကောက်ခံသည့် အခများ သည် လာဘ်ပေးလာဘ်ယူမှုများ နှင့် ဆက်စပ်လာနိုင်ပြီး အကျင့်ပျက်ခြစားရန် အခွင့်အလမ်းတစ် ခုဖန်တီးပေးသကဲ့သို့ ဖြစ်လာနိုင်ကာ အဆိုပါစိန်ခေါ်မှုကို ဖြေရှင်းရန် စည်းကြပ်ကောက်ခံခြင်းဆိုင်ရာစည်းမျဉ်းများ ရှင်းလင်းရန်နှင့် အကောင်အထည်ဖော်ရာတွင် ဂရုပြုစောင့်ကြည့်ရန် လိုအပ်သည်ဟု စာတမ်းတွင် ရေးသားထားသည်။
မြို့ပြဖွံ့ဖြိုးရေးအခကဲ့သို့ ကောက်ခံမှုများက မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ မရှိသေး ပေ။ စက်မှုဇုန်အသစ်များ ဖော်ဆောင်ရာတွင် မြေရောင်းချပြီး နောက်လိုအပ်သော အခြေခံအဆောက်အအုံပိုင်းအတွက် ငွေကြေးထပ်မံကောက်ခံခြင်းအချို့သာရှိနေသည်။ မြို့ပြများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမှု၏ စိန်ခေါ်မှုများ စီမံခန့်ခွဲခြင်းမူဝါဒ စာတမ်းကို မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး ရေးမိတ်ဖက်များဖြစ်သော သြ စတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဌာနနှင့် ကုန်သွယ်မှုဌာန၊ ဗြိတိန် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးဌာနနှင့် ဒိန်းမတ်နိုင်ငံတို့က စုပေါင်းရန်ပုံငွေ ကူညီပံ့ပိုးပေးသည်။
စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ရန္ကုန္ၿမိဳ႕ေျမတန္ဖိုးကို အက်ိဳးအျမတ္ေဝမွ်ရန္ ၿမိဳ႕ျပဖြံၿဖိဳးေရးအခ ေကာက္သင့္ဟုဆို
ရန္ကုန္ၿမိဳ႕၏ ျမင့္တက္လာေသာ ေျမတန္ဖိုးကို အက်ိဳးအျမတ္မွ်ေဝရန္အတြက္ ၿမိဳ႕ျပဖြံ႕ၿဖိဳးေရးအခေကာက္သင့္သည္ဟု ကမာၻ႔ဘဏ္ႏွင့္ RENAISSANCE INSTITUTE တို႔ ပူး ေပါင္းေရးထားေသာ စာတမ္းတြင္ေဖာ္ျပထားသည္။
ၿမိဳ႕ျပမ်ားလ်င္ျမန္စြာဖြံ႕ၿဖိဳးတိုးတက္လာမႈ၏ စိန္ေခၚမႈမ်ားကို စီမံခန႔္ ခြဲျခင္းမူဝါဒစာတမ္း ဟုေခၚေသာ ထိုစာတမ္းတြင္ ရန္ကုန္ၿမိဳ႕ျပ၏ ျမင့္တက္လာေသာ ေျမတန္ဖိုးကို မွ်ေဝရယူၿပီး ၿမိဳ႕ျပစီမံခန႔္ခြဲမႈတြင္ အက်ိဳးရွိစြာ အသုံးခ်ႏိုင္ေရးကို ေဖာ္ျပထားသည္။
ၿမိဳ႕ျပဖြံ႕ၿဖိဳးၿပီး ေျမတန္ဖိုးတက္လာခ်ိန္တြင္ အမ်ားျပည္သူ ဝန္ေဆာင္မႈက႑မ်ားတြင္ ဝန္ထုပ္ဝန္ပိုး ပိုမ်ားလာျခင္း၊ အသစ္အသစ္ေသာ ၿမိဳ႕ျပဖြံ႕ၿဖိဳးမႈမ်ား ေၾကာင့္ စြန႔္ပစ္ပစၥည္းမ်ား ပိုမ်ားလာျခင္း၊ ယာဥ္ေၾကာပိတ္ဆို႔မႈမ်ား ပိုဆိုးလာျခင္း၊ စြမ္းအင္၊ ေသာက္သုံးေရ အရင္းအျမစ္၊ သန႔္ရွင္းေရး ဝန္ေဆာင္မႈႏွင့္ ယာဥ္ရပ္နားေနရာမ်ားစေသာ ဝန္ေဆာင္မႈမ်ား ပိုမိုလိုအပ္လာၿပီး အစိုးရက အသုံးစရိတ္တိုးျမႇင့္ သုံးရမည္ျဖစ္သည္။
ၿမိဳ႕ျပဝန္ေဆာင္မႈအသုံးစရိတ္မ်ား တိုးျမႇင့္သုံးစြဲရျခင္းကို ကာမိေစရန္ ၿမိဳ႕ျပဖြံ႕ၿဖိဳးေရးအခ မ်ား ေကာက္သင့္သည္ဟု ေဖာ္ျပထားၿပီး ရန္ကုန္တြင္ ၿမိဳ႕ျပဖြံ႕ၿဖိဳး ေရးအခမ်ားကို သင့္တင့္ေသာ ႏႈန္းထားျဖင့္ ေကာက္ခံမည္ဆိုလွ်င္ ခန႔္မွန္းေျခ တစ္ႏွစ္လွ်င္ က်ပ္ ရွစ္ဘီလီယံေက်ာ္ ရရွိႏိုင္မည္ျဖစ္သည္။
ရရွိလာေသာ ေငြေၾကးကို ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၏ စြန႔္ပစ္ပစၥည္းမ်ား စီမံခန႔္ခြဲမႈအတြက္ ကုန္က်စရိတ္ကို ေနာက္ထပ္ ၆၀ ရာခိုင္ ႏႈန္း ပိုမိုသုံးစြဲႏိုင္မည္ျဖစ္သည္။ ၿမိဳ႕ျပဖြံ႕ၿဖိဳးေရးအခ ေကာက္ခံရာတြင္ အေဆာက္အအုံ ေဆာက္လုပ္ခြင့္ ပါမစ္ခြင့္ျပဳမိန႔္ခ်ေပးခ်ိန္တြင္ တေပါင္းတစည္းတည္း ေကာက္ႏိုင္ၿပီး ေျမတန္ဖိုး ကာလ ေပါက္ေဈး သတ္မွတ္ခ်က္မ်ားကို ထည့္သြင္းတြက္ခ်က္ရန္လည္း မလိုဟု စာတမ္းတြင္ ေဖာ္ျပထားသည္။
ၿမိဳ႕ျပဖြံ႕ၿဖိဳးေရးအခမ်ား ေကာက္ခံ၍ ၿမိဳ႕ျပ၏ အေျခခံအေဆာက္အအုံပိုင္းျဖစ္သည့္ သယ္ယူပို႔ေဆာင္ေရး စႀကႍလမ္းမႀကီးမ်ား၊ ေရေပးေဝေရးႏွင့္ ေရဆိုးစြန႔္ထုတ္ေရးတို႔ အစရွိေသာ လုပ္ငန္းမ်ားတြင္ ထိေရာက္စြာ ရင္းႏွီးျမႇဳပ္ႏွံႏိုင္သည္ဟု ေဖာ္ျပထားသည္။
ေျမတန္ဖိုးမွ ျပန္လည္မွ်ယူျခင္းစနစ္ကို အိႏၵိယႏိုင္ငံရွိ ျပည္နယ္အခ်ိဳ႕တြင္ အေကာင္အထည္ေဖာ္ၿပီး အေျခခံအေဆာက္အအုံက႑တြင္ အသုံးျပဳသည္။
စင္ကာပူႏိုင္ငံတြင္လည္း ၿမိဳ႕ျပဖြံ႕ၿဖိဳးေရး အခမ်ားကို ေကာက္ခံခဲ့သည္မွာ ၁၀ ႏွစ္ ေက်ာ္ ၾကာျမင့္ခဲ့ၿပီျဖစ္သည္ဟု စာတမ္းတြင္ ေဖာ္ျပထားသည္။ ၿမိဳ႕ျပဖြံ႕ၿဖိဳးေရးအခေကာက္ခံရာတြင္ ဇုန္ႏွစ္ခုကို ခြဲျခားေကာက္ခံသင့္သည္ဟုဆိုထားသည္။ အခ်က္အခ်ာက်ေသာ ၿမိဳ႕နယ္မ်ားကို ပထမတန္းစားဇုန္အျဖစ္ သတ္မွတ္ၿပီး ေျမအသုံးခ်မႈေျပာင္းလဲေရးအတြက္ စတုရန္းတစ္ေပ လွ်င္ က်ပ္ ၇၅၀ ေကာက္ခံသင့္ သည္ဟု ေဖာ္ျပထားသည္။
အခ်က္အခ်ာၿမိဳ႕နယ္မ်ား၏အျပင္ဘက္ၿမိဳ႕နယ္မ်ားကို ဒုတိယတန္းစားၿမိဳ႕နယ္မ်ားအျဖစ္ သတ္မွတ္ၿပီး ဖြံ႕ၿဖိဳးေရးရင္းႏွီးျမႇဳပ္ႏွံမႈအသစ္မ်ားအတြက္ ေျမစတုရန္းတစ္ေပပတ္လည္လွ်င္ ၃၇၅ က်ပ္ ေကာက္ခံသင့္သည္ဟု ေဖာ္ျပထားသည္။ ၿမိဳ႕ျပဖြံ႕ၿဖိဳးေရးအခမ်ားေကာက္ခံျခင္းသည္ အဂတိ လိုက္စားမႈမ်ားကို တိုးျမႇင့္ေစသည့္အႏၲရာယ္လည္းရွိေနသည္ဟု စာတမ္းတြင္ သတိေပးထည့္ သြင္းေရးသားထားသည္။
အေဆာက္အအုံႏွင့္ပတ္သက္၍ ေကာက္ခံသည့္ အခမ်ားသည္ လာဘ္ေပးလာဘ္ယူမႈမ်ား ႏွင့္ ဆက္စပ္လာႏိုင္ၿပီး အက်င့္ပ်က္ျခစားရန္ အခြင့္အလမ္းတစ္ခုဖန္တီးေပးသကဲ့သို႔ ျဖစ္လာႏိုင္ကာ အဆိုပါစိန္ေခၚမႈကို ေျဖရွင္းရန္ စည္းၾကပ္ေကာက္ခံျခင္းဆိုင္ရာစည္းမ်ဥ္းမ်ား ရွင္းလင္းရန္ႏွင့္ အေကာင္အထည္ေဖာ္ရာတြင္ ဂ႐ုျပဳေစာင့္ၾကည့္ရန္ လိုအပ္သည္ဟု စာတမ္းတြင္ ေရးသားထားသည္။
ၿမိဳ႕ျပဖြံ႕ၿဖိဳးေရးအခကဲ့သို႔ ေကာက္ခံမႈမ်ားက ျမန္မာႏိုင္ငံတြင္ လက္ရွိအခ်ိန္အထိ မရွိေသး ေပ။ စက္မႈဇုန္အသစ္မ်ား ေဖာ္ေဆာင္ရာတြင္ ေျမေရာင္းခ်ၿပီး ေနာက္လိုအပ္ေသာ အေျခခံအေဆာက္အအုံပိုင္းအတြက္ ေငြေၾကးထပ္မံေကာက္ခံျခင္းအခ်ိဳ႕သာရွိေနသည္။ ၿမိဳ႕ျပမ်ား လ်င္ျမန္စြာ ဖြံ႕ၿဖိဳးတိုးတက္လာမႈ၏ စိန္ေခၚမႈမ်ား စီမံခန႔္ခြဲျခင္းမူဝါဒ စာတမ္းကို ျမန္မာႏိုင္ငံ၏ ဖြံ႕ၿဖိဳး ေရးမိတ္ဖက္မ်ားျဖစ္ေသာ ၾသ စေၾတးလ် ႏိုင္ငံျခားေရးဝန္ႀကီး ဌာနႏွင့္ ကုန္သြယ္မႈဌာန၊ ၿဗိတိန္ အျပည္ျပည္ဆိုင္ရာဖြံ႕ၿဖိဳးေရးဌာနႏွင့္ ဒိန္းမတ္ႏိုင္ငံတို႔က စုေပါင္းရန္ပုံေငြ ကူညီပံ့ပိုးေပးသည္။
စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com