ရန်ကုန်၊မန္တလေးမြို့ပြသယ်ယူပို့ဆောင်ရေးပြုပြင်ပြောင်းလဲရန် ဒစ်ဂျစ်တယ် အခြေခံအဆောက်အုံများ ဦးစားပေးတည်ဆောက်ရန်လိုဟု ကမ္ဘာ့ဘဏ်ဆို

ရန်ကုန်၊မန္တလေးမြို့ပြသယ်ယူပို့ဆောင်ရေးပြုပြင်ပြောင်းလဲရန် ဒစ်ဂျစ်တယ် အခြေခံအဆောက်အုံများ ဦးစားပေးတည်ဆောက်ရန်လိုဟု ကမ္ဘာ့ဘဏ်ဆို - Property News in Myanmar from iMyanmarHouse.com
22 Jun 2020 11:09 am တွင် တင်ခဲ့သည်
980 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရန်ကုန်နှင့်မန္တလေးမြို့ပြသယ်ယူပို့ဆောင်ရေး ပြုပြင်ပြောင်းလဲရန် ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံများကို ဦးစားပေးတည်ဆောက်ရန် လိုအပ်သည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်သော ရန်ကုန်နှင့်မန္တလေးမြို့ရှိ မြို့ပြသယ်ယူပို့ဆောင်ရေး အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုအစီရင်ခံစာကို ကမ္ဘာ့ဘဏ်၊ ဆွစ်ဇာလန်နိုင်ငံ ဖွံ့ဖြိုးရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(SDC) နှင့် MOLO mobility and Logistic တို့က ပူးပေါင်းထုတ်ပြန်ခြင်းဖြစ်သည်။

ထိုအစီရင်ခံစာတွင် နိုင်ငံစီးပွားရေး၏ အဓိက အင်အားဖြစ်သော ရန်ကုန်မြို့တွင် မြို့ပြသယ်ယူပို့ဆောင်ရေးအခြေအနေများ အလျင်အမြန်ကျဆင်းနေသည်ဟု ဆိုသည်။

ရန်ကုန်မြို့၏ သယ်ယူပို့ဆောင်ရေးကို YRTA(ရန်ကုန်မြို့တော်သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့)က တည်ထောင်မှုနှင့်အတူ ရန်ကုန်တိုင်းအစိုးရသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု အစီရင်ခံစာက ဆိုသည်။

YRTA သည် ကုန်းလမ်း ၊ ရေးလမ်းစသည့် အများပြည်သူသယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို ကိုင်တွယ်ပြီး ခေတ်မှီပေါင်းစည်းဖွဲ့စည်းထားသော မြို့ပြအာဏာပိုင်အဖွဲ့အစည်းဖြစ်သည်။ ၎င်းတို့ဖော်ဆောင်ခဲ့သည် ရန်ကုန် ဘတ်စ်ကားဝန်ဆောင်မှု (YBS) စနစ်သည် ရေရှည်တည်မြဲရေးနှင့် မြို့ပြသယ်ယူပို့ဆောင်ရေးတွင် ရင်းနှီးမြှုပ်နှံရန် နည်းပညာနှင့် ငွေကြေးစိန်ခေါ်မှုရှိသည်ဟု ဆိုသည်။

ထိုပြင် YRTA သည် အဖွဲ့အစည်းဆိုင်ရာ အားနည်းချက်များနှင့်အဖွဲ့အစည်းများ အပိုင်းပိုင်း ကွဲတည်ရှိနေခြင်း ကြောင့် ရန်ကုန်မြို့ပြသယ်ယူပို့ဆောင်ရေးပြုပြင်ပြောင်းလဲမှုကို အားလျော့စေသည်ဟုဆိုသည်။

YRTA ကို အခွင့်အာဏာရှိသော်လည်း စီစဉ်လုပ်ကိုင်ပုံ၊ ရင်းနှီးမြှုပ်နှံရန်နှင့် ဝန်ဆောင်မှု အဆင့်တန်းကြီးကြပ်ရန် အဖွဲ့အစည်းစွမ်းဆောင်ရည်လိုအပ်နေသည်ဟုဆိုသည်။

ပိုမိုကောင်းမွန်သော ရန်ကုန်မြို့သယ်ယူပို့ဆောင်ရေးအဆင့်လိုအပ်ပါက အဖွဲ့အစည်းများကို အဆင့်မြှင့်တင်ရန် လိုအပ်သည်ဟုဆိုသည်။

ထိုပြင်အစီရင်ခံစာ မန္တလေးတိုင်းတွင် မြို့ပြသယ်ယူပို့ဆောင်ရေးကို မော်တော်ဆိုင်ကယ်များကြီးစိုးထားပြီး အများပြည်သူသယ်ယူပို့ဆောင်ရေးမှာ သေးငယ်သော အခန်းကဏ္ဍမှာ ပါဝင်သည်ဟုဆိုသည်။ မန္တလေးတိုင်းအတွက် မြို့ပြသွားလာရေးအညွန်းကိန်းများသည် အပေါင်းလက္ခာဆောင်မှုနည်းပါးသည်ဟုဆိုသည်။

ထိုပြင်အစီရင်ခံစာက ရန်ကုန်နှင့်မန္တလေးတွင် တိကျသော အားကိုးလောက်သည့် သယ်ယူပို့ဆောင်ရေးနှင့် မြို့ပြအချက်အလက်များကို ကျော်လွားနိုင်ရန်နှင့် Smartcity များဖြစ်လာစေရန် ဒစ်ဂျစ်တယ် အခြေခံအဆောင်အအုံများကို ဦးစားပေးတည်ဆောက်ရန်လိုသည်ဟု ဆိုထားသည်။

“YRTA ကို ကမ္ဘာဘဏ်က ပို့တာရထားပါတယ်။ သူတို့အကြံပြုချက်တွေကို လုပ်ချင်ပါတယ်။ ဒါပေ့မယ် အခုချိန်မှာ ဝန်ကြီးချုပ်က အလုပ်များနေတဲ့ အချိန်ဖြစ်နေတယ် “ ဟု YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်ကပြောသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]















နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service