ကိုဗစ်ကြောင့် ရပ်ကွက်များအတွင်း လူစိမ်းအဝင်အထွက်ခက်သည်ဆိုသော်လည်း အငှားဈေးကွက်အားကောင်း

ကိုဗစ်ကြောင့် ရပ်ကွက်များအတွင်း လူစိမ်းအဝင်အထွက်ခက်သည်ဆိုသော်လည်း အငှားဈေးကွက်အားကောင်း - Property News in Myanmar from iMyanmarHouse.com
20 Jun 2020 3:24 pm တွင် တင်ခဲ့သည်
1090 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုဗစ်ကြောင့် ရပ်ကွက်များအတွင်း လူစိမ်းအဝင်အထွက်ခက်သည်ဆိုသော်လည်း အငှားဈေးကွက်အားကောင်းလျက်ရှိကြောင်းနှင့် အသင့်နေထိုင်ရုံလုံးချင်းအိမ်များမှာ ငှားရမ်းမှုများပြားသောကြောင့် လိုအပ်ချက်ပင်ရှိနေကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ငှားရမ်းမှုဈေးကွက်မှာ ဝါဝင်ကာလနီးကပ်လာခြင်းကြောင့် ဈေးကွက်မှာပုံမှန်အတိုင်းသွက်လက်နေဆဲဖြစ်ကြောင်းလည်းသိရသည်။အိမ်ငှားရမ်းမှုအများစုမှာ လက်ရှိကာလတွင် စီးပွါးရေးလုပ်ငန်းလုပ်ကိုင်ရန်ထက် ၊ နေထိုင်ရန်အတွက်ငှားရမ်းမှုများမှာ အားကောင်းနေကြောင်း အကျိုးဆောင်များကပြောဆိုသည်။သို့သော် ကိုဗစ်ကာလဖြစ်ခြင်းကြောင့် ရပ်ကွက်များအတွင်းသို့လူစိမ်းဝင်ရောက်ရွှေ့ပြောင်းရေးအတွက် အနည်းငယ်အခက်အခဲရှိကြောင်းလည်း အကျိုးဆောင်များထံမှ သိရသည်။

“ အိမ်တွေအငှားလိုက်တယ်။ဒါပေမယ့် အခက်အခဲကဘာရှိလဲဆိုရင် ရပ်ကွက်တွေထဲကို လူစိမ်းဝင်ရောက်ရွှေ့ပြောင်းရေးပဲ နည်းနည်းခက်တယ်။ငှားရတာကတော့ တစ်သိန်းခွဲပတ်လည် နှစ်သိန်းခွဲပတ်လည်တွေ ငှား၇တာအများဆုံးပဲ။နေထိုင်မှုအတွက် အခြေခံလူတန်းစားတွေကတော့ ဒီနှုန်းထားပတ်လည်ကတော့အလုပ်အဖြစ်ဆုံးပါပဲ ” ဟု ဒဂုံလေးမြို့နယ်အခြေစိုက် အကျိုးဆောင်တစ်ဦးကပြောသည်။

ထိုဈေးကွက်အပြင် အသင့်နေထိုင်ရန်ပြင်ဆင်ထားသည့် အိမ်လုံးချင်းအငှားဈေးကွက်များမှာလည်း အားကောင်းနေပြီး ငှားရမ်းလိုသူများပြားခြင်းကြောင့် ဈေးကွက်လိုအပ်ချက်ပင်ရှိနေကြောင်း အောင်စည်ဟိန်းအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူက ပြောသည်။လက်ရှိအသင့်နေထိုင်ရုံ အငှားဈေးကွက်အတွက် နှုန်းထားများမှာ ၁၀ သိန်းမှ ၁၅ သိန်းဝန်းကျင်ဖြင့် ဈေးကွက်ဖြစ်ထွန်းနေကြောင်း သိရသည်။

 “ ဒဂုံမှာကတော့ ဒီလိုအသင့်နေထိုင်ရုံအိမ်တွေရှိတယ်။ဒီအိမ်တွေက အငှားဈေးကွက်အားကောင်းတယ်။ဘယ်လိုအားကောင်းလဲဆိုတော့ အများစုလိုချင်တဲ့အနေအထားဖြစ်အောင် ပြင်ဆင်ထားတာရယ်၊ သွားလာရေးလွယ်ကူအဆင်ပြေတဲ့နေရာတွေရဲ့ ရပ်ကွက်တွေမှာ ဆောက်ပြီးပြန်ငှားတာတွေရယ်ကြောင့် ဈေးကွက်ကောင်းနေတယ်။ဒီလို ရပ်ကွက်တွေဆိုရင် တစ်လဆယ်သိန်းလောက်နဲ့ရတယ်။အဖြစ်များတဲ့နေရာတွေကတော့ အိမ်ရာဝန်းအတွင်းပိုင်းတွေနဲ့ ဆိတ်ငြိမ်ရပ်ကွက်တွေမှာ ဈေးကွက်ပိုဖြစ်တယ် ” ဟု အောင်စည်ဟိန်းအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှာ တာဝန်ရှိသူကပြောဆိုသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ကိုဗစ္ေၾကာင့္ ရပ္ကြက္မ်ားအတြင္း လူစိမ္းအဝင္အထြက္ခက္သည္ဆိုေသာ္လည္း အငွားေဈးကြက္အားေကာင္း

ကိုဗစ္ေၾကာင့္ ရပ္ကြက္မ်ားအတြင္း လူစိမ္းအဝင္အထြက္ခက္သည္ဆိုေသာ္လည္း အငွားေဈးကြက္အားေကာင္းလ်က္ရွိေၾကာင္းႏွင့္ အသင့္ေနထိုင္႐ုံလုံးခ်င္းအိမ္မ်ားမွာ ငွားရမ္းမႈမ်ားျပားေသာေၾကာင့္ လိုအပ္ခ်က္ပင္ရွိေနေၾကာင္း ျမန္မာႏိုင္ငံအိမ္ၿခံေျမဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအသင္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

လက္ရွိတြင္ ငွားရမ္းမႈေဈးကြက္မွာ ဝါဝင္ကာလနီးကပ္လာျခင္းေၾကာင့္ ေဈးကြက္မွာပုံမွန္အတိုင္းသြက္လက္ေနဆဲျဖစ္ေၾကာင္းလည္းသိရသည္။အိမ္ငွားရမ္းမႈအမ်ားစုမွာ လက္ရွိကာလတြင္ စီးပြါးေရးလုပ္ငန္းလုပ္ကိုင္ရန္ထက္ ၊ ေနထိုင္ရန္အတြက္ငွားရမ္းမႈမ်ားမွာ အားေကာင္းေနေၾကာင္း အက်ိဳးေဆာင္မ်ားကေျပာဆိုသည္။သို႔ေသာ္ ကိုဗစ္ကာလျဖစ္ျခင္းေၾကာင့္ ရပ္ကြက္မ်ားအတြင္းသို႔လူစိမ္းဝင္ေရာက္ေ႐ႊ႕ေျပာင္းေရးအတြက္ အနည္းငယ္အခက္အခဲရွိေၾကာင္းလည္း အက်ိဳးေဆာင္မ်ားထံမွ သိရသည္။

“ အိမ္ေတြအငွားလိုက္တယ္။ဒါေပမယ့္ အခက္အခဲကဘာရွိလဲဆိုရင္ ရပ္ကြက္ေတြထဲကို လူစိမ္းဝင္ေရာက္ေ႐ႊ႕ေျပာင္းေရးပဲ နည္းနည္းခက္တယ္။ငွားရတာကေတာ့ တစ္သိန္းခြဲပတ္လည္ ႏွစ္သိန္းခြဲပတ္လည္ေတြ ငွား၇တာအမ်ားဆုံးပဲ။ေနထိုင္မႈအတြက္ အေျခခံလူတန္းစားေတြကေတာ့ ဒီႏႈန္းထားပတ္လည္ကေတာ့အလုပ္အျဖစ္ဆုံးပါပဲ ” ဟု ဒဂုံေလးၿမိဳ႕နယ္အေျခစိုက္ အက်ိဳးေဆာင္တစ္ဦးကေျပာသည္။

ထိုေဈးကြက္အျပင္ အသင့္ေနထိုင္ရန္ျပင္ဆင္ထားသည့္ အိမ္လုံးခ်င္းအငွားေဈးကြက္မ်ားမွာလည္း အားေကာင္းေနၿပီး ငွားရမ္းလိုသူမ်ားျပားျခင္းေၾကာင့္ ေဈးကြက္လိုအပ္ခ်က္ပင္ရွိေနေၾကာင္း ေအာင္စည္ဟိန္းအိမ္ၿခံေျမအက်ိဳးေဆာင္လုပ္ငန္းမွ တာဝန္ရွိသူက ေျပာသည္။လက္ရွိအသင့္ေနထိုင္႐ုံ အငွားေဈးကြက္အတြက္ ႏႈန္းထားမ်ားမွာ ၁၀ သိန္းမွ ၁၅ သိန္းဝန္းက်င္ျဖင့္ ေဈးကြက္ျဖစ္ထြန္းေနေၾကာင္း သိရသည္။

“ ဒဂုံမွာကေတာ့ ဒီလိုအသင့္ေနထိုင္႐ုံအိမ္ေတြရွိတယ္။ဒီအိမ္ေတြက အငွားေဈးကြက္အားေကာင္းတယ္။ဘယ္လိုအားေကာင္းလဲဆိုေတာ့ အမ်ားစုလိုခ်င္တဲ့အေနအထားျဖစ္ေအာင္ ျပင္ဆင္ထားတာရယ္၊ သြားလာေရးလြယ္ကူအဆင္ေျပတဲ့ေနရာေတြရဲ႕ ရပ္ကြက္ေတြမွာ ေဆာက္ၿပီးျပန္ငွားတာေတြရယ္ေၾကာင့္ ေဈးကြက္ေကာင္းေနတယ္။ဒီလို ရပ္ကြက္ေတြဆိုရင္ တစ္လဆယ္သိန္းေလာက္နဲ႔ရတယ္။အျဖစ္မ်ားတဲ့ေနရာေတြကေတာ့ အိမ္ရာဝန္းအတြင္းပိုင္းေတြနဲ႔ ဆိတ္ၿငိမ္ရပ္ကြက္ေတြမွာ ေဈးကြက္ပိုျဖစ္တယ္ ” ဟု ေအာင္စည္ဟိန္းအိမ္ၿခံေျမအက်ိဳးေဆာင္လုပ္ငန္းမွာ တာဝန္ရွိသူကေျပာဆိုသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service