ဗလာဒီမာပူတင်ကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်မှုပေးရန်အတွက် သမ္မတအိမ်တော်တွင် အထူးပိုးသတ်ခန်းတစ်ခု တည်ဆောက်

ဗလာဒီမာပူတင်ကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်မှုပေးရန်အတွက် သမ္မတအိမ်တော်တွင် အထူးပိုးသတ်ခန်းတစ်ခု တည်ဆောက် - Property News in Myanmar from iMyanmarHouse.com
18 Jun 2020 12:11 pm တွင် တင်ခဲ့သည်
732 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်မှုပေးရန်အတွက် သမ္မတ၏ တရားဝင်အိမ်တော်တွင် အထူးပိုးသတ်ခန်းတစ်ခု တည်ဆောက်တပ်ဆင်လိုက်သည်။

သမ္မတအိမ်တော်သို့ လာရောက်ကာ တွေ့ဆုံသူတိုင်းသည် အထူးပိုးသတ်ခန်းကို ဖြတ်သန်းရမည်ဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနတွင် ထုတ်လွှင့်ကြေညာခဲ့သည်။

အဆိုပါ အထူးပိုးသတ်ခန်းကို Penza မြို့အခြေစိုက် ရုရှားကုမ္ပဏီတစ်ခုက ထုတ်လုပ်ပေးခဲ့ပြီး မော်စကိုမြို့ပြင်ရှိ သမ္မတ၏ တရားဝင် စံအိမ်တော်ဖြစ်သော Novo-Ogaryono တွင် တပ်ဆင်ခဲ့ခြင်းဖြစ်သည်။ သမ္မတ ပူတင်သည် အဆိုပါစံအိမ်တွင် ဧည့်သည်တော်များကို လက်ခံတွေ့ဆုံလေ့ရှိကြောင်း RIA သတင်းအေဂျင်စီက ဖော်ပြသည်။

RIA သတင်းဌာနက ထုတ်လွှင့်ခဲ့သော ပိုးသတ်ခန်းသရုပ်ပြ ရုပ်သံဗွီဒီယိုတွင် မျက်နှာဖုံးတပ်ဆင်ထားသူများသည် ပိုးသတ်ခန်းအတွင်း ဖြတ်သန်းနေချိန်တွင် မျက်နှာကြက်နှင့် ဘေးနံရံတို့မှ ပိုးသတ်ဆေးများ ဖြန်းပက်ပေးနေပုံကို ရိုက်ကူးပြသထားသည်။

ပူတင်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပက်စ်ကော့ဗ်က ပြောကြားရာတွင် ဧပြီလအတွင်း သမ္မတပူတင်နှင့် လူချင်းတွေ့ဆုံခဲ့သူ တစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်တွေ့ရှိခဲ့ကြောင်း ၊ နောင်တစ်လအကြာတွင် ပက်စ်ကော့ဗ်သည်လည်း ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ပြောကြားသည်။

ရုရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၅၀၀၀၀၀ ကျော်ရှိနေပြီဖြစ်ပြီး ကမ္ဘာပေါ်တွင် အမေရိကန်ပြည်ထောင်စုနှင့် ဘရာဇီးတို့ပြီးလျှင် တတိယမြောက် အများပြားဆုံး ကူးစက်ခံထားရသည့်နိုင်ငံဖြစ်သည်။

ရုရှားတွင် ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေဆုံးသူ တရားဝင်ဖော်ပြထားသည်မှာ ၇၀၀၀ ကျော်သာဖြစ်ရာ အခြားနိုင်ငံများစွာအောက် သေဆုံးမှုနှုန်း နည်းပါးနေရာ သေဆုံးမှုကိန်းဂဏန်းများ၏ တိကျမှန်ကန်မှုအပေါ် သံသယဖြင့် ဝေဖန်မှုများလည်း ရှိနေသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 'Disinfection tunnel' set up to protect Vladimir Putin from coronavirus (The Guardian)

[Zawgyi]

ဗလာဒီမာပူတင္ကို ကိုရိုနာဗိုင္းရပ္စ္ကာကြယ္မႈေပးရန္အတြက္ သမၼတအိမ္ေတာ္တြင္ အထူးပိုးသတ္ခန္းတစ္ခု တည္ေဆာက္

ရုရွားသမၼတ ဗလာဒီမာပူတင္ကို ကိုရိုနာဗိုင္းရပ္စ္ကာကြယ္မႈေပးရန္အတြက္ သမၼတ၏ တရားဝင္အိမ္ေတာ္တြင္ အထူးပိုးသတ္ခန္းတစ္ခု တည္ေဆာက္တပ္ဆင္လိုက္သည္။

သမၼတအိမ္ေတာ္သို႔ လာေရာက္ကာ ေတြ႔ဆံုသူတိုင္းသည္ အထူးပိုးသတ္ခန္းကို ျဖတ္သန္းရမည္ျဖစ္ေၾကာင္း ႏိုင္ငံပိုင္ ရုပ္ျမင္သံၾကားဌာနတြင္ ထုတ္လႊင့္ေၾကညာခဲ့သည္။

အဆိုပါ အထူးပိုးသတ္ခန္းကို Penza ျမိဳ ႔အေျခစိုက္ ရုရွားကုမၸဏီတစ္ခုက ထုတ္လုပ္ေပးခဲ့ျပီး ေမာ္စကိုျမိဳ ႔ျပင္ရွိ သမၼတ၏ တရားဝင္ စံအိမ္ေတာ္ျဖစ္ေသာ Novo-Ogaryono တြင္ တပ္ဆင္ခဲ့ျခင္းျဖစ္သည္။ သမၼတ ပူတင္သည္ အဆိုပါစံအိမ္တြင္ ဧည့္သည္ေတာ္မ်ားကို လက္ခံေတြ႔ဆံုေလ့ရွိေၾကာင္း RIA သတင္းေအဂ်င္စီက ေဖာ္ျပသည္။

RIA သတင္းဌာနက ထုတ္လႊင့္ခဲ့ေသာ ပိုးသတ္ခန္းသရုပ္ျပ ရုပ္သံဗြီဒီယိုတြင္ မ်က္ႏွာဖံုးတပ္ဆင္ထားသူမ်ားသည္ ပိုးသတ္ခန္းအတြင္း ျဖတ္သန္းေနခ်ိန္တြင္ မ်က္ႏွာၾကက္ႏွင့္ ေဘးနံရံတို႔မွ ပိုးသတ္ေဆးမ်ား ျဖန္းပက္ေပးေနပံုကို ရိုက္ကူးျပသထားသည္။

ပူတင္၏ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္ ဒီမီထရီ ပက္စ္ေကာ့ဗ္က ေျပာၾကားရာတြင္ ဧျပီလအတြင္း သမၼတပူတင္ႏွင့္ လူခ်င္းေတြ႔ဆံုခဲ့သူ တစ္ဦးတြင္ ကိုရိုနာဗိုင္းရပ္စ္ စမ္းသပ္ေတြ႔ရွိခဲ့ေၾကာင္း ၊ ေနာင္တစ္လအၾကာတြင္ ပက္စ္ေကာ့ဗ္သည္လည္း ကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႔ရွိခဲ့သည္ဟု ေျပာၾကားသည္။

ရုရွားႏိုင္ငံတြင္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူေပါင္း ၅၀၀၀၀၀ ေက်ာ္ရွိေနျပီျဖစ္ျပီး ကမၻာေပၚတြင္ အေမရိကန္ျပည္ေထာင္စုႏွင့္ ဘရာဇီးတို႔ျပီးလွ်င္ တတိယေျမာက္ အမ်ားျပားဆံုး ကူးစက္ခံထားရသည့္ႏိုင္ငံျဖစ္သည္။

ရုရွားတြင္ ကိုရိုနာဗိုင္းရပ္စ္ျဖင့္ ေသဆံုးသူ တရားဝင္ေဖာ္ျပထားသည္မွာ ၇၀၀၀ ေက်ာ္သာျဖစ္ရာ အျခားႏိုင္ငံမ်ားစြာေအာက္ ေသဆံုးမႈႏႈန္း နည္းပါးေနရာ ေသဆံုးမႈကိန္းဂဏန္းမ်ား၏ တိက်မွန္ကန္မႈအေပၚ သံသယျဖင့္ ေဝဖန္မႈမ်ားလည္း ရွိေနသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 'Disinfection tunnel' set up to protect Vladimir Putin from coronavirus (The Guardian)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service