မြန်မာနိုင်ငံအတွက် နိုင်ငံတကာကပေးတဲ့ ချေးငွေကန်ဒေါ်လာ တစ်ဘီလီယံကျော်ရရှိထား

မြန်မာနိုင်ငံအတွက် နိုင်ငံတကာကပေးတဲ့ ချေးငွေကန်ဒေါ်လာ တစ်ဘီလီယံကျော်ရရှိထား - Property News in Myanmar from iMyanmarHouse.com
17 Jun 2020 12:06 pm တွင် တင်ခဲ့သည်
556 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကပ်ရောဂါကြောင့် မြန်မာ့စီးပွားရေးဦးမော့လာဖို့အတွက် နိုင်ငံတကာ ချေငွေအကူအညီ အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် ရရှိထားတယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ကပြောပါတယ်။

မနေ့ကနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အွန်လိုင်းကနေတွေ့ဆုံဆွေးနွေးမှုမှာ ထည့်သွင်းပြောခဲ့တာပါ။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က အမေရိကန်ဒေါ်လာသန်း ၇၀၀ ၊ ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၂၇၀ ၊ ကမ္ဘာဘဏ်က အမေရိကန်ဒေါ်လာ သန်း ၂၅၀ ၊ အာရှဖွံ့ဖြိုးရေးဘဏ်က အမေရိကန်ဒေါ်လာ သန်း ၃၀ စုစုပေါင်းအမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော်ရရှိထားတယ်လို့ ဝန်ကြီး ဦးသောင်းထွန်းကဆိုပါတယ်။

ဒီလို ချေးငွေအကူအညီပေးတာကလည်းမြန်မာနိုင်ငံရဲ့စီးပွားရေးတည်ငြိမ်လို့ ဖြစ်တဲ့အကြောင်း ပြောပါသေးတယ်။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီလို ချေးငွေကို ကပ်ရောဂါကာလအတွင်း အကုန်သုံးစွဲလိုက်ဖို့မဖြစ်တဲ့အကြောင်းနဲ့ ရေရှည်ကိုလည်းအလေးထားသင့်တယ်လို့ ဆိုပါတယ်။

"ရေတို ကိုဗစ်အတွက်ပဲ ကြည့်လို့မရဘူးကျွန်မတို့ဒီအခြေအနေမှာ ရေရှည်ကိုလည်းကြည့်ရမယ် လတ်တလောအရေးပေါ်နဲ့ရေရှည်ကို ထည့်သွင်းစဉ်းစားရမယ် "လို့ ဒေါ်အောင်ဆန်းစုကြည်ကဆိုပါတယ်။

ဒါအပြင် ပြည်သူတွေအတွက် အကျိုးရှိအောင် စနစ်တကျ အသုံးပြုဖို့လိုတယ်လို့ မှာကြားပါသေးတယ်။

ဒီနေ့ဆွေးနွေးပွဲဟာ ကိုဗစ်ကြောင့် ထိခိုက်သွားတဲ့ စီးပွားရေးကိုကုစားမယ့်အစီအစဉ်တွေကို အဓိကထားဆွေးနွေးကြတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့စီးပွားရေး လက်ရှိကာလမှာ ထိခိုက်မှုမသိသာသေးပေမယ့်လာမယ့် ကာလတွေမှာတော့ သိသာလာနိုင်တဲ့အကြောင်း စီမံဘဏ္ဍာ ဒုတိယဝန်ကြီး ဦးဆက်အောင်ကပြောပါတယ်။

နိုင်ငံတကာကထောက်ပံံ့မယ့်အကူအညီငွေတွေလည်း လာမယ့်ဘဏ္ဍာနှစ်ထဲမှာ ထပ်မံလာရောက်ဖို့ရှိသေးတယ်လို့ ၎င်းကပြောပါတယ်။

"သူတို့ဘက်က ကမ်းလှမ်းထားတာတွေရှိသေးတယ် စင်ကာပူ၊ ဂျပန်၊ အာရှနိုင်ငံတွေကကူညီဖို့ပြင်ဆင်နေတာပါ" လို့ဦးဆက်အောင်ကဆိုပါတယ်။

ဒါကြောင့် ကုစားရေးအစီအမံတွေကို အသေးစိတ်ရေးဆွဲထားတယ်လို့ဆိုပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးနိုင်မယ့် စက်မှုဇုန်တွေ ထူထောင်ဖို့ တောင်ကိုရီးယားနဲ့ ထိုင်းနိုင်ငံတို့ကမ်းလှမ်းထားတယ်လို့လည်း ဝန်ကြီးဦးသောင်းထွန်းကပြောပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏဟာလည်းပြီးခဲ့တဲ့ ဘဏ္ဍာနှစ် တစ်နှစ်လုံးမှာ အမေရိကန်ဒေါ်လာ လေးဘီလီယံကျော်ခွင့်ပြု ပေးခဲ့တာဖြစ်ပြီး လက်ရှိ ဘဏ္ဍာနှစ်ရဲ့ ရှစ်လတာကာလအတွင်းမှာတင် အမေရိကန်ဒေါ်လာလေးဘီလီယံကျော်ခွင့်ပြုထားပြီးဖြစ်တဲ့အကြောင်း သိရပါတယ်။

ဒါကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုဟာ ကပ်ရောဂါအပြီးမှာ ထပ်မံဝင်ရောက်လာဖို့ရှိနိုင်တယ်လို့ ဝန်ကြီး ဦးသောင်းထွန်းက သုံးသပ်ပါသေးတယ်။

ဒ့ါအပြင် ကပ်ရောဂါအပြီးမှာ ကမ္ဘာ့ရဲ့ စားနပ်ရိက္ခာကဏ္ဍ အတွက် မြန်မာနိုင်ငံကနေ ပိုမိုတင်ပို့လာနိုင်မယ့် အခွင့်အလမ်းတွေရှိလာနိုင်တယ်လို့လည်း ဆွေးနွေးခဲ့ကြတာကိုတွေ့ရပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]











နိုင်ငံတကာကထောက်ပံ့မယ့်အကူအညီငွေတွေလည်း လာမယ့်ဘဏ္ဍာနှစ်ထဲမှာ ထပ်မံလာရောက်ဖို့ရှိသေးတယ်လို့ ၎င်းကပြောပါတယ်။









နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service