အသေးစားချေးငွေလုပ်ငန်းများ ချေးငွေနှင့်အတိုးများ အတင်းအကျပ် မကောက်ရန် ထပ်မံညွန့်ကြား

အသေးစားချေးငွေလုပ်ငန်းများ ချေးငွေနှင့်အတိုးများ အတင်းအကျပ် မကောက်ရန် ထပ်မံညွန့်ကြား - Property News in Myanmar from iMyanmarHouse.com
16 Jun 2020 11:02 am တွင် တင်ခဲ့သည်
3005 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အသေးစားချေးငွေလုပ်ငန်းများကို ချေးငွေနှင့်အတိုးများ အတင်းကျပ်မကောက်ခံရန် နှင့် ပေးဆပ်ရမည့်ကာလကို ပြန်လည်ပြင်ဆင်သတ်မှတ်ရမည်ဟု အသေးစားငွေရေးကြေးရေးလုပ်ငန်းများကြီးကြပ်မူကော်မတီက ဇွန် ၁၄ ရက်တွင် ထုတ်ပြန်သည်။

အသေးစားငွေရေးကြေးရေးလုပ်ငန်းအချို့ သည် ချေးငွေအရင်းနှင့်အတိုးများ အတင်းကျပ် ပြန်လည် တောင်းခံနေသည်ဟု ဒေသခံများက တိုင်ကြားလာ၍ ယခုညွန့်ကြားချက်ကို ထပ်မံထုတ်ပြန်ခြင်းဖြစ်သည်ဟု ကော်မတီကဆိုသည်။

အသေးစားချေးငွေလုပ်ငန်းများသည် ချေးငွေပြန်လည်ပေးဆပ်နိုင်သည့် ချေးငွေယူထားသူထံမှာ ချေးငွေပြန်လည်ကောက်ယူနိုင်သလို၊ ပြန်လည်မဆပ်နိုင်သူများအတွက် ကြားခံချေးငွေထုတ်ပေးခြင်း၊ ချေးငွေအသစ်များ ထုတ်ပေးခြင်းနှင့် ပြန်လည်ပေးဆပ်ရမည့် ကာလကို ပြင်ဆင်သတ်မှတ်ခြင်းတို့ကို ဆောင်ရွက်ရမည်ဟု ကော်မတီကဆိုသည်။

ကော်မတီက အသေးချေးငွေလုပ်ငန်းများကို COVID-19 ကာလအတွင်း မရှိမဖြစ်လိုအပ်သော အများပြည်သူဝန်ဆောင်မှု လုပ်ငန်းအဖြစ်သတ်မှတ်ပေးခဲ့ခြင်းသည် လုပ်ငန်းခွင်ပြင်ဆင်ရန် အချက်များကိုဆောင်ရွက်၍ ဝန်ဆောင်မှုပေးရန်အတွက်ဖြစ်သည်။

“ချေးငွေကို အတင်းအကျပ် အိမ်ပေါ်အထိ လိုက်တောင်းကြတယ်။ နောက်ပြီး ဧပြီ၊မေလတို့အတွက်ပါပြန်လိုက်တောင်းပြီး အတင်းအကျပ်သွင်းခိုင်းနေတယ်”ဟု စစ်ကိုင်းတိုင်းမှ ဒေါ်ကြည်ကြည်လင်းကပြောသည်။

COVID-19 ကြောင့် ချေးငွေယူထားသူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်နိုင်၍ အသေးစားချေးငွေကုမ္ပဏီများ အနေဖြင့် ချေးငွေနှင့် အတိုးများကို အတင်းအကျပ် ပြန်လည် ကောက်ခံခြင်းမပြုရန် အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီး ကြပ်မှုကော်မတီက ဧပြီလတွင် ပထမဦးဆုံး ညွှန်ကြားချက်ထုတ်ပြန်သည်။

အသေးစားချေးငွေလုပ်ငန်းများ၏သဘောသဘာဝအရ ချေးငွေထုတ်ချေးခြင်း၊ ပြန်လည် ကောက်ခံခြင်း၊ စုဆောင်းငွေလက်ခံခြင်းနှင့် ငွေကြေး အသိပညာပေးခြင်းတို့က COVID-19 ကာကွယ်ရေးနှင့် ဆန့်ကျင်နေ၍ ထိုလုပ်ငန်းများကို ဧပြီလကုန်အထိ ရပ်ဆိုင်းရမည်ဟု ပါရှိသည်။

အသေးစားချေးငွေ လုပ်ငန်း များသည် တစ်နိုင်ငံလုံးရှိ မြို့နယ် ၂၅၂ ခုတွင် လုပ်ကိုင်နေပြီး ချေးငွေယူထားသူမှာ ၄ ဒသမ ၆ သန်း ရှိသည်ဟုဆိုသည်။

COVID-19ကာလအတွင်း ကော်မတီက လည်း အသေးစားချေးငွေလုပ်ငန်းများကို လိုင်စင်ထုတ်ပေးခြင်း၊ ငွေကြေးဝန်ဆောင်မှုအသစ် ခွင့်ပြုခြင်း၊ လုပ်ငန်းတိုးချဲ့ခြင်း၊ ရုံးလိပ်စာပြောင်းခြင်းတို့ကို ခွင့်မပြု ခဲ့ပေ။

COVID-19 ရိုက်ခတ်မှု ကြောင့် အလုပ်များ ရပ်ဆိုင်းရချိန်တွင် အသေးစားချေးငွေ ပြန်လည်ပေးသွင်းရန် ဆိုင်းငံ့ပေးခြင်းနှင့် အတိုးနှုန်းများ ဖြေလျှော့ပေးရန် လိုလားနေကြသည်။

မြန်မာနိုင်ငံတွင် အသေးစားချေးငွေလုပ်ငန်းပေါင်း ၁၀၀ ကျော်ရှိပြီး ဗဟိုဘဏ်က ဘဏ်များကို အတိုးနှုန်း လျှော့ပေးပြီးနောက် အသေးစားချေးငွေ ကုမ္ပဏီများမှ ချေးငွေယူထားသူများကလည်း ဖြေလျှော့ပေးရန် လိုလားနေသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

အေသးစားေခ်းေငြလုပ္ငန္းမ်ား ေခ်းေငြႏွင့္အတိုးမ်ား အတင္းအက်ပ္ မေကာက္ရန္ ထပ္မံၫြန႔္ၾကား

အေသးစားေခ်းေငြလုပ္ငန္းမ်ားကို ေခ်းေငြႏွင့္အတိုးမ်ား အတင္းက်ပ္မေကာက္ခံရန္ ႏွင့္ ေပးဆပ္ရမည့္ကာလကို ျပန္လည္ျပင္ဆင္သတ္မွတ္ရမည္ဟု အေသးစားေငြေရးေၾကးေရးလုပ္ငန္းမ်ားႀကီးၾကပ္မူေကာ္မတီက ဇြန္ ၁၄ ရက္တြင္ ထုတ္ျပန္သည္။

အေသးစားေငြေရးေၾကးေရးလုပ္ငန္းအခ်ိဳ႕သည္ ေခ်းေငြအရင္းႏွင့္အတိုးမ်ား အတင္းက်ပ္ ျပန္လည္ ေတာင္းခံေနသည္ဟု ေဒသခံမ်ားက တိုင္ၾကားလာ၍ ယခုၫြန႔္ၾကားခ်က္ကို ထပ္မံထုတ္ျပန္ျခင္းျဖစ္သည္ဟု ေကာ္မတီကဆိုသည္။

အေသးစားေခ်းေငြလုပ္ငန္းမ်ားသည္ ေခ်းေငြျပန္လည္ေပးဆပ္ႏိုင္သည့္ ေခ်းေငြယူထားသူထံမွာ ေခ်းေငြျပန္လည္ေကာက္ယူႏိုင္သလို၊ ျပန္လည္မဆပ္ႏိုင္သူမ်ားအတြက္ ၾကားခံေခ်းေငြထုတ္ေပးျခင္း၊ ေခ်းေငြအသစ္မ်ား ထုတ္ေပးျခင္းႏွင့္ ျပန္လည္ေပးဆပ္ရမည့္ ကာလကို ျပင္ဆင္သတ္မွတ္ျခင္းတို႔ကို ေဆာင္႐ြက္ရမည္ဟု ေကာ္မတီကဆိုသည္။

ေကာ္မတီက အေသးေခ်းေငြလုပ္ငန္းမ်ားကို COVID-19 ကာလအတြင္း မရွိမျဖစ္လိုအပ္ေသာ အမ်ားျပည္သူဝန္ေဆာင္မႈ လုပ္ငန္းအျဖစ္သတ္မွတ္ေပးခဲ့ျခင္းသည္ လုပ္ငန္းခြင္ျပင္ဆင္ရန္ အခ်က္မ်ားကိုေဆာင္႐ြက္၍ ဝန္ေဆာင္မႈေပးရန္အတြက္ျဖစ္သည္။

“ေခ်းေငြကို အတင္းအက်ပ္ အိမ္ေပၚအထိ လိုက္ေတာင္းၾကတယ္။ ေနာက္ၿပီး ဧၿပီ၊ေမလတို႔အတြက္ပါျပန္လိုက္ေတာင္းၿပီး အတင္းအက်ပ္သြင္းခိုင္းေနတယ္”ဟု စစ္ကိုင္းတိုင္းမွ ေဒၚၾကည္ၾကည္လင္းကေျပာသည္။

COVID-19 ေၾကာင့္ ေခ်းေငြယူထားသူမ်ား၏ အသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းမ်ားႏွင့္ စီးပြားေရးလုပ္ငန္းမ်ား ထိခိုက္ႏိုင္၍ အေသးစားေခ်းေငြကုမၸဏီမ်ား အေနျဖင့္ ေခ်းေငြႏွင့္ အတိုးမ်ားကို အတင္းအက်ပ္ ျပန္လည္ ေကာက္ခံျခင္းမျပဳရန္ အေသးစားေငြေရးေၾကးေရးလုပ္ငန္းႀကီး ၾကပ္မႈေကာ္မတီက ဧၿပီလတြင္ ပထမဦးဆုံး ၫႊန္ၾကားခ်က္ထုတ္ျပန္သည္။

အေသးစားေခ်းေငြလုပ္ငန္းမ်ား၏သေဘာသဘာဝအရ ေခ်းေငြထုတ္ေခ်းျခင္း၊ ျပန္လည္ ေကာက္ခံျခင္း၊ စုေဆာင္းေငြလက္ခံျခင္းႏွင့္ ေငြေၾကးအသိပညာေပးျခင္းတို႔က COVID-19 ကာကြယ္ေရးႏွင့္ ဆန႔္က်င္ေန၍ ထိုလုပ္ငန္းမ်ားကို ဧၿပီလကုန္အထိ ရပ္ဆိုင္းရမည္ဟု ပါရွိသည္။

အေသးစားေခ်းေငြ လုပ္ငန္းမ်ားသည္ တစ္ႏိုင္ငံလုံးရွိ ၿမိဳ႕နယ္ ၂၅၂ ခုတြင္ လုပ္ကိုင္ေနၿပီး ေခ်းေငြယူထားသူမွာ ၄ ဒသမ ၆ သန္း ရွိသည္ဟုဆိုသည္။

COVID-19ကာလအတြင္း ေကာ္မတီကလည္း အေသးစားေခ်းေငြလုပ္ငန္းမ်ားကို လိုင္စင္ထုတ္ေပးျခင္း၊ ေငြေၾကးဝန္ေဆာင္မႈအသစ္ ခြင့္ျပဳျခင္း၊ လုပ္ငန္းတိုးခ်ဲ႕ျခင္း၊ ႐ုံးလိပ္စာေျပာင္းျခင္းတို႔ကို ခြင့္မျပဳခဲ့ေပ။

COVID-19 ႐ိုက္ခတ္မႈ ေၾကာင့္ အလုပ္မ်ား ရပ္ဆိုင္းရခ်ိန္တြင္ အေသးစားေခ်းေငြ ျပန္လည္ေပးသြင္းရန္ ဆိုင္းငံ့ေပးျခင္းႏွင့္ အတိုးႏႈန္းမ်ား ေျဖေလွ်ာ့ေပးရန္ လိုလားေနၾကသည္။

ျမန္မာႏိုင္ငံတြင္ အေသးစားေခ်းေငြလုပ္ငန္းေပါင္း ၁၀၀ ေက်ာ္ရွိၿပီး ဗဟိုဘဏ္က ဘဏ္မ်ားကို အတိုးႏႈန္း ေလွ်ာ့ေပးျပီးေနာက္ အေသးစားေခ်းေငြ ကုမၸဏီမ်ားမွ ေခ်းေငြယူထားသူမ်ားကလည္း ေျဖေလွ်ာ့ေပးရန္ လိုလားေနသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service