ဥရောပအတွက် COVID-19 ကာကွယ်ဆေး ပံ့ပိုးပေးရန် AstraZeneca သဘောတူ

ဥရောပအတွက် COVID-19 ကာကွယ်ဆေး ပံ့ပိုးပေးရန် AstraZeneca သဘောတူ - Property News in Myanmar from iMyanmarHouse.com
14 Jun 2020 12:40 pm တွင် တင်ခဲ့သည်
1065 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

သိပ္ပံပညာရှင်များ၊ အစိုးရများနှင့် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီများက ကိုရိုနာဗိုင်းရပ်စ်ကို အနိုင်ယူနိုင်ရန် အပူတပြင်းကြိုးပမ်းနေကြစဉ် သဘောတူညီမှုများစွာအနက် ယခုနောက်ဆုံးသဘောတူညီမှုတစ်ရပ်အဖြစ် ဆေးကုမ္ပဏီ AstraZeneca က အောက်စဖို့တက္ကသိုလ်မှ စမ်းသပ်လေ့လာနေဆဲ COVID-19 ကာကွယ်ဆေး အလုံးရေ သန်း ၄၀၀ အား Inclusive Vaccines Alliance အဖွဲ့သို့ ပံ့ပိုးပေးရန် သဘောတူစာချုပ်တစ်ခုကို ဇွန် ၁၃ တွင် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့် နယ်သာလန်တို့မှ COVID-19 ကာကွယ်ဆေးထုတ်လုပ်မှု အရှိန်မြှင့်တင်ရန်ရည်ရွယ်၍ ယခုလတွင် တည်ထောင်လိုက်သည့် Inclusive Vaccines Alliance အဖွဲ့နှင့် ချုပ်ဆိုခဲ့သော အဆိုပါစာချုပ်အရ AstraZeneca သည် ၎င်းအဖွဲ့ထံသို့ ထိုကာကွယ်ဆေးများကို ယခုနှစ်မကုန်မီ စတင်ပေးပို့ပေးရမည်ဖြစ်သည်။

ပါဝင်လိုလာမည့် အခြားဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများတွင်လည်း ကာကွယ်ဆေး ရရှိစေရန် စာချုပ်တွင် ထည့်သွင်းချုပ်ဆိုထားကြောင်း သိရသည်။

ထိုကာကွယ်ဆေး သန်း ၄၀၀ အား ငွေကြေးပမာဏမည်မျှဖြင့် သဘောတူခဲ့ခြင်းဖြစ်သည်ကို နှစ်ဖက်စလုံးမှ မဖွင့်ဟထားပေ။

“ထောက်ခံချက်ရရှိပြီးနောက် အောက်စဖို့တက္ကသိုလ်ရဲ့ ကာကွယ်ဆေးကို ဥရောပသားသန်းပေါင်းများစွာတို့ ရရှိစေဖို့ကို ဒီသဘောတူညီချက်က သေချာစေမှာပါ။ ထုတ်လုပ်မှုမကြာခင်စတော့မှာဖြစ်တာကြောင့် အဲဒီကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့်မြန်မြန်ဆန်ဆန် ရရှိနိုင်ကြဖို့ မျှော်လင့်ပါတယ်။” ဟု AstraZeneca ၏ အမှုဆောင်အရာရှိချုပ် ပါစကယ်ဆိုရီယော့က ပြောကြားခဲ့သည်။

တရုတ်၊ ဘရာဇီး၊ ဂျပန်နှင့် ရုရှားတို့ကလည်း စိတ်ဝင်စားလာကြသည်ဟု အီတလီကျန်းမာရေးဝန်ကြီးဌာနမှ သတင်းရင်းမြစ်တစ်ဦးကလည်း ပြောကြားခဲ့သည်။

AstraZeneca သည် ဗြိတိန်၊ CEPI နှင့် “Gavi, The Vaccine Alliance” တို့နှင့်လည်း ကာကွယ်ဆေး သန်း ၇၀၀ ပံ့ပိုးပေးရန် အလားတူစာချုပ်များ မကြာသေးမီကပင် ချုပ်ဆိုခဲ့ပြီးဖြစ်သည်။

ကာကွယ်ဆေးအလုံးရေ ၁ ဘီလျံအတွက်လည်း Serum Institute of India နှင့် ခွင့်ပြုချက်လိုင်စင်တစ်ခုလည်း သဘောတူထားပြီးသားဖြစ်သည်။

ထိုကာကွယ်ဆေးကို အောက်စဖို့ဒ်ကာကွယ်ဆေးအုပ်စုနှင့် လက်တွဲဆောင်ရွက်နေသည့် (အောက်စဖို့တက္ကသိုလ်၏) Jenner Institute မှ တီထွင်ဖော်စပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: AstraZeneca agrees to supply Europe with 400 million doses of COVID-19 vaccine (Reuters)

[Zawgyi]

ဥေရာပအတြက္ COVID-19 ကာကြယ္ေဆး ပံ့ပိုးေပးရန္ AstraZeneca သေဘာတူ

သိပၸံပညာရွင္မ်ား၊ အစိုးရမ်ားႏွင့္ ေဆးဝါးထုတ္လုပ္ေရးကုမၸဏီမ်ားက ကို႐ိုနာဗိုင္းရပ္စ္ကို အႏိုင္ယူႏိုင္ရန္ အပူတျပင္းႀကိဳးပမ္းေနၾကစဥ္ သေဘာတူညီမႈမ်ားစြာအနက္ ယခုေနာက္ဆုံးသေဘာတူညီမႈတစ္ရပ္အျဖစ္ ေဆးကုမၸဏီ AstraZeneca က ေအာက္စဖို႔တကၠသိုလ္မွ စမ္းသပ္ေလ့လာေနဆဲ COVID-19 ကာကြယ္ေဆး အလုံးေရ သန္း ၄၀၀ အား Inclusive Vaccines Alliance အဖြဲ႕သို႔ ပံ့ပိုးေပးရန္ သေဘာတူစာခ်ဳပ္တစ္ခုကို ဇြန္ ၁၃ တြင္ ခ်ဳပ္ဆိုခဲ့ေၾကာင္း သိရသည္။

ျပင္သစ္၊ ဂ်ာမနီ၊ အီတလီႏွင့္ နယ္သာလန္တို႔မွ COVID-19 ကာကြယ္ေဆးထုတ္လုပ္မႈ အရွိန္ျမႇင့္တင္ရန္ရည္႐ြယ္၍ ယခုလတြင္ တည္ေထာင္လိုက္သည့္ Inclusive Vaccines Alliance အဖြဲ႕ႏွင့္ ခ်ဳပ္ဆိုခဲ့ေသာ အဆိုပါစာခ်ဳပ္အရ AstraZeneca သည္ ၎အဖြဲ႕ထံသို႔ ထိုကာကြယ္ေဆးမ်ားကို ယခုႏွစ္မကုန္မီ စတင္ေပးပို႔ေပးရမည္ျဖစ္သည္။

ပါဝင္လိုလာမည့္ အျခားဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံမ်ားတြင္လည္း ကာကြယ္ေဆး ရရွိေစရန္ စာခ်ဳပ္တြင္ ထည့္သြင္းခ်ဳပ္ဆိုထားေၾကာင္း သိရသည္။

ထိုကာကြယ္ေဆး သန္း ၄၀၀ အား ေငြေၾကးပမာဏမည္မွ်ျဖင့္ သေဘာတူခဲ့ျခင္းျဖစ္သည္ကို ႏွစ္ဖက္စလုံးမွ မဖြင့္ဟထားေပ။

“ေထာက္ခံခ်က္ရရွိၿပီးေနာက္ ေအာက္စဖို႔တကၠသိုလ္ရဲ႕ ကာကြယ္ေဆးကို ဥေရာပသားသန္းေပါင္းမ်ားစြာတို႔ ရရွိေစဖို႔ကို ဒီသေဘာတူညီခ်က္က ေသခ်ာေစမွာပါ။ ထုတ္လုပ္မႈမၾကာခင္စေတာ့မွာျဖစ္တာေၾကာင့္ အဲဒီကာကြယ္ေဆးကို က်ယ္က်ယ္ျပန႔္ျပန႔္ျမန္ျမန္ဆန္ဆန္ ရရွိႏိုင္ၾကဖို႔ ေမွ်ာ္လင့္ပါတယ္။” ဟု AstraZeneca ၏ အမႈေဆာင္အရာရွိခ်ဳပ္ ပါစကယ္ဆိုရီေယာ့က ေျပာၾကားခဲ့သည္။

တ႐ုတ္၊ ဘရာဇီး၊ ဂ်ပန္ႏွင့္ ႐ုရွားတို႔ကလည္း စိတ္ဝင္စားလာၾကသည္ဟု အီတလီက်န္းမာေရးဝန္ႀကီးဌာနမွ သတင္းရင္းျမစ္တစ္ဦးကလည္း ေျပာၾကားခဲ့သည္။

AstraZeneca သည္ ၿဗိတိန္၊ CEPI ႏွင့္ “Gavi, The Vaccine Alliance” တို႔ႏွင့္လည္း ကာကြယ္ေဆး သန္း ၇၀၀ ပံ့ပိုးေပးရန္ အလားတူစာခ်ဳပ္မ်ား မၾကာေသးမီကပင္ ခ်ဳပ္ဆိုခဲ့ၿပီးျဖစ္သည္။

ကာကြယ္ေဆးအလုံးေရ ၁ ဘီလ်ံအတြက္လည္း Serum Institute of India ႏွင့္ ခြင့္ျပဳခ်က္လိုင္စင္တစ္ခုလည္း သေဘာတူထားၿပီးသားျဖစ္သည္။

ထိုကာကြယ္ေဆးကို ေအာက္စဖို႔ဒ္ကာကြယ္ေဆးအုပ္စုႏွင့္ လက္တြဲေဆာင္႐ြက္ေနသည့္ (ေအာက္စဖို႔တကၠသိုလ္၏) Jenner Institute မွ တီထြင္ေဖာ္စပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: AstraZeneca agrees to supply Europe with 400 million doses of COVID-19 vaccine (Reuters)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service