ပေကျင်းတွင် ဈေးကြီးတစ်ခုမှတဆင့် ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားလာသောကြောင့် ဈေးကို ပိတ်သိမ်းလိုက်ကာ စစ်တပ်နှင့်ရဲတပ်ဖွဲ့ ဝိုင်းရံစောင့်ကြည့်လျက်ရှိ၊ ဈေးအနီးရှိ အိမ်ရာ ၁၁ ခုနှင့် စာသင်ကျောင်းများစွာ လော့ဒေါင်းချ

ပေကျင်းတွင် ဈေးကြီးတစ်ခုမှတဆင့် ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားလာသောကြောင့် ဈေးကို ပိတ်သိမ်းလိုက်ကာ စစ်တပ်နှင့်ရဲတပ်ဖွဲ့ ဝိုင်းရံစောင့်ကြည့်လျက်ရှိ၊ ဈေးအနီးရှိ အိမ်ရာ ၁၁ ခုနှင့် စာသင်ကျောင်းများစွာ လော့ဒေါင်းချ - Property News in Myanmar from iMyanmarHouse.com
14 Jun 2020 11:47 am တွင် တင်ခဲ့သည်
5297 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်နိုင်ငံ၏ မြို့တော်၊ ပေကျင်းတွင် ကိုရိုနာဗိုင်းရပ်စ် ကင်းစင်သွားခဲ့ပြီး ၂ လနီးပါးအကြာတွင် ဒေသတွင်းကူးစက်မှုများ ပေါ်ပေါက်လာသောကြောင့် ပေကျင်းမြို့၏ အချို့နေရာများကို lockdown ပြန်လည်ချမှတ်လိုက်ရပြီ ဖြစ်သည်။

ယခု ပျံ့ပွားမှုသည် အစားအစာ လက်ကားဈေးကြီးတစ်ခုနှင့် ဆက်နွှယ်နေသည်။ တရုတ်နိုင်ငံကဲ့သို့ ပြင်းထန်သည့် စည်းမျဉ်းများချမှတ်ခြင်း၊ ခြေရာခံခြင်းများ ပြုလုပ်နေသည့် အာဏာရှင်နိုင်ငံမျိုးတွင်ပင် ရောဂါနှင့်ပတ်သက်သည့် စိန်ခေါ်မှုများ ရင်ဆိုင်နေရမှုအပေါ် မေးခွန်းများ ပေါ်ပေါက်လာသည်။

ယခုအကြိမ်ပျံ့ပွားမှုတွင် ပထမဆုံးစတင်ကူးစက်မှုမှာ ကြာသပတေးနေ့ကဖြစ်ပြီး အသက် ၅၂ နှစ်အရွယ်ရှိ အမျိုးသားကြီးတစ်ဦးကို ကိုရိုနာဗိုင်းရပ်စ် positive စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

၎င်းနေထိုင်သည့် ခရိုင်မှာ အန္တရာယ်ရှိမှု အတိုင်းအတာ အလယ်အလတ်အဆင့်အဖြစ် သတ်မှတ်ခဲ့သည်။

ပြီးခဲ့သော ၅၅ ရက်အတွင်း ပေကျင်းတွင် တွေ့ရှိသည့် ရောဂါကူးစက်ခံရသူများမှာ အခြားတိုင်းပြည်များမှ ပြန်လည်ရောက်ရှိလာသူများသာ ဖြစ်သည်။

ပေကျင်းသည် ပုံမှန်ဘဝသို့ ပြန်ရောက်နေခဲ့ပြီးဖြစ်ပြီး စားသောက်ဆိုင်များ ၊ ဈေးဆိုင်များ ပြန်လည်ဖွင့်လှစ်ထားကာ နေ့စဉ်ရုံးချိန်ကားပိတ်ဆို့မှုများလည်း ပြန်လည်ပေါ်ပေါက်နေခဲ့ချိန်ဖြစ်သည်။

ယခုအခါ ကူးစက်ခံရသူသစ် ဒါဇင်နှင့်ချီ၍ တွေ့ရှိလာရပြီး အများစုမှာ အစားအစာ လက်ကားဈေးကြီးဖြစ်သော Xinfadi နှင့် ဆက်နွှယ်နေသည်။

ဈေးကြီးတည်ရှိရာ ပေကျင်းမြို့တောင်ပိုင်း Fengtai ခရိုင်သည် လူဦးရေ ၂ သန်းကျော် နေထိုင်ရာဒေသဖြစ်ပြီး ယခုအခါ ဈေးကြီးတည်နေရာအနီးရှိ လူနေအိမ်ရာ ၁၁ ခုနှင့် စာသင်ကျောင်းပေါင်းများစွာကို lockdown ချလိုက်ပြီ ဖြစ်သည်။

မြို့တော်အတွင်း သွားလာမှုများကိုလည်း ပြန်လည်တင်းကျပ်လိုက်ပြီဖြစ်ပြီး အားကစားပွဲများကို ရွှေ့ဆိုင်းထားကာ နိုင်ငံအတွင်း အခြားနေရာများမှ ခရီးသွားအဖြစ် လာရောက်ခြင်းကိုလည်း ပိတ်ပင်လိုက်သည်။

စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ထားမှုကိုလည်း ဆိုင်းငံ့ထားလိုက်ပြီ ဖြစ်သည်။

စနေနေ့က ကူးစက်ခံရသူ ၆ ဦးရှိခဲ့ရာ Xinfadi ဈေးမှ အလုပ်သမား ၃ ဦး၊ ဈေးသို့လာရောက်သူ ၂ ဦးနှင့် အဆိုပါ ၂ ဦးမှ တစ်ဦး၏ လုပ်ဖော်ကိုင်ဖက် ၁ ဦးတို့ ဖြစ်သည်။

ယင်းနောက် ဈေးတွင် လုပ်ကိုင်နေသူ ရာပေါင်းများစွာကို ဗိုင်းရပ်စ်စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံထားရသူ ၄၅ ဦး ထပ်မံတွေ့ရှိခဲ့သည်။

အဆိုပါဈေးကြီးသည် တရုတ်ပြည်တွင် အကြီးမားဆုံး စိုက်ပျိုးရေးထွက်ကုန် လက်ကားဈေးကြီးဖြစ်သည်ဟု ဆိုသည်။

Beijing News တွင် ဖော်ပြချက်အရ ပေကျင်းမြို့တော်တွင် ရောင်းဝယ်ဖောက်ကားနေသော သစ်သီးများ၏ ၉၀ ရာခိုင်နှုန်းကို ယခုဈေးကြီးက ဖြန့်ဖြူးပေးနေခြင်းဖြစ်သည်ဟု ဆိုသည်။

ရောဂါကူးစက်သူတို့နှင့် ထိတွေ့ခဲ့သူ ၁၃၉ ဦးကို ကွာရန်တင်းချထားပြီး ဈေးကိုလည်း ပိတ်သိမ်းလိုက်ကာ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ၂၄ နာရီ ဝိုင်းရံပိတ်ဆို့ စောင့်ကြည့်လျက်ရှိသည်။

အဆိုပါဈေးတွင် လုပ်ကိုင်နေသူ ၁၀၀၀၀ ကျော်ကိုလည်း ဆေးစစ်မှုများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Beijing reimposes lockdown measures after new Covid-19 outbreak (The Guardian)

[Zawgyi]

ေပက်င္းတြင္ ေစ်းၾကီးတစ္ခုမွတဆင့္ ကိုရိုနာဗိုင္းရပ္စ္ ပ်ံ ႔ပြားလာေသာေၾကာင့္ ေစ်းကို ပိတ္သိမ္းလိုက္ကာ စစ္တပ္ႏွင့္ရဲတပ္ဖြဲ႔ ဝိုင္းရံေစာင့္ၾကည့္လ်က္ရွိ၊ ေစ်းအနီးရွိ အိမ္ရာ ၁၁ ခုႏွင့္ စာသင္ေက်ာင္းမ်ားစြာ ေလာ့ေဒါင္းခ်

တရုတ္ႏိုင္ငံ၏ ျမိဳ ႔ေတာ္၊ ေပက်င္းတြင္ ကိုရိုနာဗိုင္းရပ္စ္ ကင္းစင္သြားခဲ့ျပီး ၂ လနီးပါးအၾကာတြင္ ေဒသတြင္းကူးစက္မႈမ်ား ေပၚေပါက္လာေသာေၾကာင့္ ေပက်င္းျမိဳ ႔၏ အခ်ဳိ ႔ေနရာမ်ားကို lockdown ျပန္လည္ခ်မွတ္လိုက္ရျပီ ျဖစ္သည္။

ယခု ပ်ံ ႔ပြားမႈသည္ အစားအစာ လက္ကားေစ်းၾကီးတစ္ခုႏွင့္ ဆက္ႏႊယ္ေနသည္။ တရုတ္ႏိုင္ငံကဲ့သို႔ ျပင္းထန္သည့္ စည္းမ်ဥ္းမ်ားခ်မွတ္ျခင္း၊ ေျခရာခံျခင္းမ်ား ျပဳလုပ္ေနသည့္ အာဏာရွင္ႏိုင္ငံမ်ဳိးတြင္ပင္ ေရာဂါႏွင့္ပတ္သက္သည့္ စိန္ေခၚမႈမ်ား ရင္ဆိုင္ေနရမႈအေပၚ ေမးခြန္းမ်ား ေပၚေပါက္လာသည္။

ယခုအၾကိမ္ပ်ံ ႔ပြားမႈတြင္ ပထမဆံုးစတင္ကူးစက္မႈမွာ ၾကာသပေတးေန႔ကျဖစ္ျပီး အသက္ ၅၂ ႏွစ္အရြယ္ရွိ အမ်ဳိးသားၾကီးတစ္ဦးကို ကိုရိုနာဗိုင္းရပ္စ္ positive စစ္ေဆးေတြ႔ရွိခဲ့ျခင္းျဖစ္သည္။

၎ေနထိုင္သည့္ ခရိုင္မွာ အႏၱရာယ္ရွိမႈ အတိုင္းအတာ အလယ္အလတ္အဆင့္အျဖစ္ သတ္မွတ္ခဲ့သည္။

ျပီးခဲ့ေသာ ၅၅ ရက္အတြင္း ေပက်င္းတြင္ ေတြ႔ရွိသည့္ ေရာဂါကူးစက္ခံရသူမ်ားမွာ အျခားတိုင္းျပည္မ်ားမွ ျပန္လည္ေရာက္ရွိလာသူမ်ားသာ ျဖစ္သည္။

ေပက်င္းသည္ ပံုမွန္ဘဝသို႔ ျပန္ေရာက္ေနခဲ့ျပီးျဖစ္ျပီး စားေသာက္ဆိုင္မ်ား ၊ ေစ်းဆိုင္မ်ား ျပန္လည္ဖြင့္လွစ္ထားကာ ေန႔စဥ္ရံုးခ်ိန္ကားပိတ္ဆို႔မႈမ်ားလည္း ျပန္လည္ေပၚေပါက္ေနခဲ့ခ်ိန္ျဖစ္သည္။

ယခုအခါ ကူးစက္ခံရသူသစ္ ဒါဇင္ႏွင့္ခ်ီ၍ ေတြ႔ရွိလာရျပီး အမ်ားစုမွာ အစားအစာ လက္ကားေစ်းၾကီးျဖစ္ေသာ Xinfadi ႏွင့္ ဆက္ႏႊယ္ေနသည္။

ေစ်းၾကီးတည္ရွိရာ ေပက်င္းျမိဳ ႔ေတာင္ပိုင္း Fengtai ခရိုင္သည္ လူဦးေရ ၂ သန္းေက်ာ္ ေနထိုင္ရာေဒသျဖစ္ျပီး ယခုအခါ ေစ်းၾကီးတည္ေနရာအနီးရွိ လူေနအိမ္ရာ ၁၁ ခုႏွင့္ စာသင္ေက်ာင္းေပါင္းမ်ားစြာကို lockdown ခ်လိုက္ျပီ ျဖစ္သည္။

ျမိဳ ႔ေတာ္အတြင္း သြားလာမႈမ်ားကိုလည္း ျပန္လည္တင္းက်ပ္လုိက္ျပီျဖစ္ျပီး အားကစားပြဲမ်ားကို ေရႊ ႔ဆိုင္းထားကာ ႏိုင္ငံအတြင္း အျခားေနရာမ်ားမွ ခရီးသြားအျဖစ္ လာေရာက္ျခင္းကိုလည္း ပိတ္ပင္လိုက္သည္။

စာသင္ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ရန္ စီစဥ္ထားမႈကိုလည္း ဆိုင္းငံ့ထားလိုက္ျပီ ျဖစ္သည္။

စေနေန႔က ကူးစက္ခံရသူ ၆ ဦးရွိခဲ့ရာ Xinfadi ေစ်းမွ အလုပ္သမား ၃ ဦး၊ ေစ်းသို႔လာေရာက္သူ ၂ ဦးႏွင့္ အဆိုပါ ၂ ဦးမွ တစ္ဦး၏ လုပ္ေဖာ္ကိုင္ဖက္ ၁ ဦးတို႔ ျဖစ္သည္။

ယင္းေနာက္ ေစ်းတြင္ လုပ္ကိုင္ေနသူ ရာေပါင္းမ်ားစြာကို ဗိုင္းရပ္စ္စမ္းသပ္စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ရာ ေရာဂါလကၡဏာမျပဘဲ ကူးစက္ခံထားရသူ ၄၅ ဦး ထပ္မံေတြ႔ရွိခဲ့သည္။

အဆိုပါေစ်းၾကီးသည္ တရုတ္ျပည္တြင္ အၾကီးမားဆံုး စိုက္ပ်ဳိးေရးထြက္ကုန္ လက္ကားေစ်းၾကီးျဖစ္သည္ဟု ဆိုသည္။

Beijing News တြင္ ေဖာ္ျပခ်က္အရ ေပက်င္းျမိဳ ႔ေတာ္တြင္ ေရာင္းဝယ္ေဖာက္ကားေနေသာ သစ္သီးမ်ား၏ ၉၀ ရာခိုင္ႏႈန္းကို ယခုေစ်းၾကီးက ျဖန္႔ျဖဴးေပးေနျခင္းျဖစ္သည္ဟု ဆိုသည္။

ေရာဂါကူးစက္သူတို႔ႏွင့္ ထိေတြ႔ခဲ့သူ ၁၃၉ ဦးကို ကြာရန္တင္းခ်ထားျပီး ေစ်းကိုလည္း ပိတ္သိမ္းလိုက္ကာ စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႔တို႔က ၂၄ နာရီ ဝိုင္းရံပိတ္ဆို႔ ေစာင့္ၾကည့္လ်က္ရွိသည္။

အဆိုပါေစ်းတြင္ လုပ္ကိုင္ေနသူ ၁၀၀၀၀ ေက်ာ္ကိုလည္း ေဆးစစ္မႈမ်ား ဆက္လက္ျပဳလုပ္သြားမည္ ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Beijing reimposes lockdown measures after new Covid-19 outbreak (The Guardian)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

The Crest
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service