ရောဂါလက္ခဏာမပြသူများထံမှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အလွန်ပင် ရှားပါးလှကြောင်း WHO အရာရှိ ပြောကြား

ရောဂါလက္ခဏာမပြသူများထံမှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အလွန်ပင် ရှားပါးလှကြောင်း WHO အရာရှိ ပြောကြား - Property News in Myanmar from iMyanmarHouse.com
10 Jun 2020 11:41 am တွင် တင်ခဲ့သည်
2168 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာမပြသူများထံမှ ကူးစက်မှု အလွန်ရှားပါးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO ) က ပြောကြားလိုက်ရာ သုတေသီအချို့၏ ပြောကြားချက်ဖြစ်သော “ကိုရိုနာဗိုင်းရပ်စ်မှာ ရောဂါလက္ခဏာမပြဘဲ ကူးစက်မှုများကြောင့် ထိန်းချုပ်ရန် ခက်ခဲကြောင်း” ပြောကြားချက်နှင့် သွေဖည်နေသည်။

ကိုရိုနာဗိုင်းရပ်စ်ပဏာမ သုတေသနများအရ ရောဂါကူးစက်ခံရသူတွင် ရောဂါလက္ခဏာမပြသည့်တိုင် လူမှလူသို့ ကူးစက်နိုင်ကြောင်း ညွှန်ပြခဲ့ပြီး ဖြစ်သည်။

“ကျွန်မတို့မှာရှိတဲ့ အချက်အလက်တွေအရ ရောဂါလက္ခဏာမပြတဲ့သူတွေဆီကနေ တခြားသူဆီကူးစက်တာ တော်တော်ရှားပါတယ်” ဟု WHO ၏ Covid-19 နည်းပညာပိုင်းအကြီးအကဲ မာရီယာ ဗန် ကာခိုဗီ (Maria Van Kerkhove) က တနင်္လာနေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

“ထိတွေ့မှု ခြေရာခံတာတွေ အသေးစိတ်လုပ်ဆောင်နေတဲ့နိုင်ငံတွေဆီကနေ ကျွန်မတို့ အစီရင်ခံစာ အများအပြား ရရှိခဲ့ပါတယ်။ သူတို့ဟာ ရောဂါလက္ခဏာမပြဘဲ ကူးစက်တာတွေကို ဖော်ထုတ်နေကြတယ်။ သူတို့ဟာ ထိတွေ့မှုတွေကို ခြေရာခံနေတယ်။ သူတို့ဟာ ဒီလိုမျိုး ကူးစက်မှုတွေ မတွေ့ခဲ့ပါဘူး။ ဒါမျိုးက အလွန်ရှားပါး ပါတယ်” ဟု မာရီယာက ပြောကြားသည်။

ယခုတွေ့ရှိချက်အပေါ် အခြေခံပြီး မာရီယာက အကြံပြုခဲ့သည်မှာ အစိုးရကိုင်တွယ်ဆောင်ရွက်မှုများသည် ရောဂါလက္ခဏာပြသူများကို သာ ဖော်ထုတ်ခြင်း၊ သီးသန့်ထားရှိခြင်းများ ဦးစားပေးလုပ်ဆောင်သင့်ကြောင်း၊ ၎င်းတို့နှင့် ထိတွေ့ခဲ့သူများကို ခြေရာခံခြင်းများ လုပ်ဆောင်သင့်ကြောင်း အကြံပြုခဲ့သည်။

သို့သော် ယခုတွေ့ရှိချက်မှာ အပြီးသတ် နိဂုံးမဟုတ်သေးကြောင်းလည်း မာရီယာက ဝန်ခံခဲ့သည်။

“ကျွန်မတို့ဟာ ဒီအချက်အလက်တွေကို အမြဲကြည့်ရှုနေပါတယ်။ ဒါရဲ့အဖြေမှန်ကို ရဖို့အတွက် နိုင်ငံတွေဆီကနေ သတင်းအချက်အလက်တွေ ပိုမိုရရှိဖို့ ကျွန်မတို့ ကြိုးစားနေပါတယ်။ ရောဂါလက္ခဏာ မပြဘဲ ကူးစက်မှုတော့ အလွန်ရှားပါးနေဆဲ ဖြစ်ဟန်ရပါတယ်”

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: WHO official says spread of coronavirus by people with NO symptoms is very RARE - contradicting claims from health officials that asymptomatic carriers could be fueling virus spread by stealth (Daily Mail)

[Zawgyi]

ေရာဂါလကၡဏာမျပသူမ်ားထံမွ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ အလြန္ပင္ ရွားပါးလွေၾကာင္း WHO အရာရွိ ေျပာၾကား

ကိုရိုနာဗိုင္းရပ္စ္ ေရာဂါလကၡဏာမျပသူမ်ားထံမွ ကူးစက္မႈ အလြန္ရွားပါးေၾကာင္း ကမၻာ့က်န္းမာေရးအဖြဲ႔ၾကီး (WHO ) က ေျပာၾကားလိုက္ရာ သုေတသီအခ်ဳိ ႔၏ ေျပာၾကားခ်က္ျဖစ္ေသာ “ကိုရိုနာဗိုင္းရပ္စ္မွာ ေရာဂါလကၡဏာမျပဘဲ ကူးစက္မႈမ်ားေၾကာင့္ ထိန္းခ်ဳပ္ရန္ ခက္ခဲေၾကာင္း” ေျပာၾကားခ်က္ႏွင့္ ေသြဖည္ေနသည္။

ကိုရိုနာဗိုင္းရပ္စ္ပဏာမ သုေတသနမ်ားအရ ေရာဂါကူးစက္ခံရသူတြင္ ေရာဂါလကၡဏာမျပသည့္တိုင္ လူမွလူသို႔ ကူးစက္ႏိုင္ေၾကာင္း ညႊန္ျပခဲ့ျပီး ျဖစ္သည္။

“ကၽြန္မတို႔မွာရွိတဲ့ အခ်က္အလက္ေတြအရ ေရာဂါလကၡဏာမျပတဲ့သူေတြဆီကေန တျခားသူဆီကူးစက္တာ ေတာ္ေတာ္ရွားပါတယ္” ဟု WHO ၏ Covid-19 နည္းပညာပိုင္းအၾကီးအကဲ မာရီယာ ဗန္ ကာခိုဗီ (Maria Van Kerkhove) က တနလၤာေန႔တြင္ ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲ၌ ေျပာၾကားသည္။

“ထိေတြ႔မႈ ေျခရာခံတာေတြ အေသးစိတ္လုပ္ေဆာင္ေနတဲ့ႏိုင္ငံေတြဆီကေန ကၽြန္မတို႔ အစီရင္ခံစာ အမ်ားအျပား ရရွိခဲ့ပါတယ္။ သူတို႔ဟာ ေရာဂါလကၡဏာမျပဘဲ ကူးစက္တာေတြကို ေဖာ္ထုတ္ေနၾကတယ္။ သူတုိ႔ဟာ ထိေတြ႔မႈေတြကို ေျခရာခံေနတယ္။ သူတို႔ဟာ ဒီလိုမ်ဳိး ကူးစက္မႈေတြ မေတြ႔ခဲ့ပါဘူး။ ဒါမ်ဳိးက အလြန္ရွားပါး ပါတယ္” ဟု မာရီယာက ေျပာၾကားသည္။

ယခုေတြ႔ရွိခ်က္အေပၚ အေျခခံျပီး မာရီယာက အၾကံျပဳခဲ့သည္မွာ အစိုးရကိုင္တြယ္ေဆာင္ရြက္မႈမ်ားသည္ ေရာဂါလကၡဏာျပသူမ်ားကို သာ ေဖာ္ထုတ္ျခင္း၊ သီးသန္႔ထားရွိျခင္းမ်ား ဦးစားေပးလုပ္ေဆာင္သင့္ေၾကာင္း၊ ၎တို႔ႏွင့္ ထိေတြ႔ခဲ့သူမ်ားကို ေျခရာခံျခင္းမ်ား လုပ္ေဆာင္သင့္ေၾကာင္း အၾကံျပဳခဲ့သည္။

သို႔ေသာ္ ယခုေတြ႔ရွိခ်က္မွာ အျပီးသတ္ နိဂံုးမဟုတ္ေသးေၾကာင္းလည္း မာရီယာက ဝန္ခံခဲ့သည္။

“ကၽြန္မတို႔ဟာ ဒီအခ်က္အလက္ေတြကို အျမဲၾကည့္ရႈေနပါတယ္။ ဒါရဲ ႔အေျဖမွန္ကို ရဖို႔အတြက္ ႏိုင္ငံေတြဆီကေန သတင္းအခ်က္အလက္ေတြ ပိုမိုရရွိဖို႔ ကၽြန္မတို႔ ၾကိဳးစားေနပါတယ္။ ေရာဂါလကၡဏာ မျပဘဲ ကူးစက္မႈေတာ့ အလြန္ရွားပါးေနဆဲ ျဖစ္ဟန္ရပါတယ္”

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: WHO official says spread of coronavirus by people with NO symptoms is very RARE - contradicting claims from health officials that asymptomatic carriers could be fueling virus spread by stealth (Daily Mail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
The Crest

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service