ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
[Unicode]
အစီရင်ခံစာ မတင်ပြသည့် ကုမ္ပဏီ ၈၀၀ကျော်ကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွန့်ကြးမှုဦးစီးဌာနက ကြေငြာသည်။
ယခု ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရသည့်ကုမ္ပဏီများသည် ကုန်သွယ်ရေးဆိုင်ရာ ကုမ္ပဏီနှင့် ဝန်ဆောင်မှုကုမ္ပဏီများဖြစ်ပြီး အများစုမှာ ပြည်တွင်း ကုမ္ပဏီငယ်များဖြစ်သည်။
ထိုပြင် ဆိုင်းငံ့ထားသည့် ကုမ္ပဏီ ၁၀၀၀၀ကျော်ကျန်သေးပြီး စာရင်းပယ်ဖျက်ရန်လည်း ၃၀၀၀ကျော် ကျန်ရှိသေးသည်ဟု အဆိုပါဌာနကဆိုထားသည်။
ကုမ္ပဏီ ဥပဒေအသစ်ပြဌာန်းခဲ့သည့် အွန်လိုင်းမှတ်ပုံတင် စနစ် MyCo ကျင့်သုံးပြီးနောက် ပထမဦးဆုံးအကြိမ် အရေးယူလိုက်ခြင်းဖြစ်သည်။
ဥပဒေအသစ် MyCo စနစ်ဖြင့် မှတ်ပုံတင်သည့် ကုမ္ပဏီများသည် စာရင်းသွင်းပြီး နှစ်လအတွင်းနှင့်နှစ်စဉ် အစီရင်ခံစာတင်သွင်းရခြင်းဖြစ်သည်။ အများပိုင်ကုမ္ပဏီများသည်နှစ်စဉ် အစီရင်စာနှင့်အတူ ဘဏ္ဍာရေးရှင်းတမ်းပါတင်သွင်းရသည်။ နိုင်ငံခြားကော်ပရေးရှင်းများသည် ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်မှ ၂၈ ရက်အတွင်း အစီရင်ခံစာတင်ပြရခြင်းဖြစ်သည်ဟု ပြဌာန်းထားသည်။
ကုမ္ပဏီများသည် နှစ်လအတွင်း အစီရင်စာမတင်သွင်းပါက ဒဏ်ကြေး ကျပ် တစ်သိန်းပေးဆောင်ရသည်။ တနှစ်အတွင်း မတင်သွင်းပါက ဆိုင်းငံ့ ကုမ္ပဏီအဖြစ် စာရင်းသွင်းခံရမည်ဖြစ်သည်။ဆိုင်းငံ့သွင်းခံရပြီး ၆ လအတွင်း အစီရင်ခံစာမသွင်းပါက ကုမ္ပဏီစာရင်းမှ ပယ်ဖျက်ခံရခြင်းဖြစ်သည်။
၂၀၁၉ ခုနှစ် မေ ၁၄ ရက်တွင်လည်း ဆန္ဒအလျောက်ဖျက်သိမ်းခြင်းဆောင်ရွက်ခွင့်ပြုရန် တင်ပြလာသည့် ကုမ္ပဏီ ၁၇၀ အား ကုမ္ပဏီစာရင်းမှ ပယ်ဖျက်ခဲ့သည်။မြန်မာနိုင်ငံ၌ ကုမ္ပဏီ ၆၆၀၀၀ကျော် ရှိသည်။
စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
အစီရင္ခံစာမတင္သည့္ ကုမၸဏီ (၈၀၀) ေက်ာ္ကို မွတ္ပုံတင္စာရင္းမွ ပယ္ဖ်က္
အစီရင္ခံစာ မတင္ျပသည့္ ကုမၸဏီ ၈၀၀ေက်ာ္ကို မွတ္ပုံတင္စာရင္းမွ ပယ္ဖ်က္လိုက္ေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫြန္႔ၾကးမႈဦးစီးဌာနက ေၾကျငာသည္။
ယခု ကုမၸဏီမွတ္ပုံတင္စာရင္းမွ ပယ္ဖ်က္ခံရသည့္ကုမၸဏီမ်ားသည္ ကုန္သြယ္ေရးဆိုင္ရာ ကုမၸဏီႏွင့္ ဝန္ေဆာင္မႈကုမၸဏီမ်ားျဖစ္ၿပီး အမ်ားစုမွာ ျပည္တြင္း ကုမၸဏီငယ္မ်ားျဖစ္သည္။
ထိုျပင္ ဆိုင္းငံ့ထားသည့္ ကုမၸဏီ ၁၀၀၀၀ေက်ာ္က်န္ေသးၿပီး စာရင္းပယ္ဖ်က္ရန္လည္း ၃၀၀၀ေက်ာ္ က်န္ရွိေသးသည္ဟု အဆိုပါဌာနကဆိုထားသည္။
ကုမၸဏီ ဥပေဒအသစ္ျပဌာန္းခဲ့သည့္ အြန္လိုင္းမွတ္ပုံတင္ စနစ္ MyCo က်င့္သုံးၿပီးေနာက္ ပထမဦးဆုံးအႀကိမ္ အေရးယူလိုက္ျခင္းျဖစ္သည္။
ဥပေဒအသစ္ MyCo စနစ္ျဖင့္ မွတ္ပုံတင္သည့္ ကုမၸဏီမ်ားသည္ စာရင္းသြင္းၿပီး ႏွစ္လအတြင္းႏွင့္ႏွစ္စဥ္ အစီရင္ခံစာတင္သြင္းရျခင္းျဖစ္သည္။ အမ်ားပိုင္ကုမၸဏီမ်ားသည္ႏွစ္စဥ္ အစီရင္စာႏွင့္အတူ ဘ႑ာေရးရွင္းတမ္းပါတင္သြင္းရသည္။ ႏိုင္ငံျခားေကာ္ပေရးရွင္းမ်ားသည္ ဘ႑ာေရးႏွစ္ကုန္ဆုံးခ်ိန္မွ ၂၈ ရက္အတြင္း အစီရင္ခံစာတင္ျပရျခင္းျဖစ္သည္ဟု ျပဌာန္းထားသည္။
ကုမၸဏီမ်ားသည္ ႏွစ္လအတြင္း အစီရင္စာမတင္သြင္းပါက ဒဏ္ေၾကး က်ပ္ တစ္သိန္းေပးေဆာင္ရသည္။ တႏွစ္အတြင္း မတင္သြင္းပါက ဆိုင္းငံ့ ကုမၸဏီအျဖစ္ စာရင္းသြင္းခံရမည္ျဖစ္သည္။ဆိုင္းငံ့သြင္းခံရၿပီး ၆ လအတြင္း အစီရင္ခံစာမသြင္းပါက ကုမၸဏီစာရင္းမွ ပယ္ဖ်က္ခံရျခင္းျဖစ္သည္။
၂၀၁၉ ခုႏွစ္ ေမ ၁၄ ရက္တြင္လည္း ဆႏၵအေလ်ာက္ဖ်က္သိမ္းျခင္းေဆာင္႐ြက္ခြင့္ျပဳရန္ တင္ျပလာသည့္ ကုမၸဏီ ၁၇၀ အား ကုမၸဏီစာရင္းမွ ပယ္ဖ်က္ခဲ့သည္။ျမန္မာႏိုင္ငံ၌ ကုမၸဏီ ၆၆၀၀၀ေက်ာ္ ရွိသည္။
စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com