ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Unicode Version ###
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် ဖေဖေါ်ဝါရီ ၂၅ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ခန်းမ(၄)၌ ရွှေနတ်ဘုံမြန်မာကုမ္ပဏီလီမိတက် မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှသိရသည်။
ထိုသို့တွေ့ဆုံစဉ်ရာတွင် ဝန်ကြီးချုပ်အား အဆိုပါ ကုမ္ပဏီမှတာဝန်ရှိသူများက ငှက်အော်စမ်း ကျေးရွာတွင် စက်မှုဇုန်တည်ဆောက်နိုင်ရေးအတွက် ရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။
ထိုတွေ့ဆုံမှုတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
ငှက်အော်စမ်း ကျေးရွာတွင်စက်မှုဇုန်တည်ဆောက်နိုင်ရေး ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံ တင်ပြ