ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Unicode Version ###
အင်းလျားလိတ်ဟိုတယ်အား ဖေဖော်ဝါရီ ၁၈ ရက်က ရန်ကုန်မြို့၏ (၃၆) ခုမြောက် အပြာရောင်ကမ္ပည်းပြားကို တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
အင်းလျားလိတ်ဟိုတယ်ကို နာမည်ကျော် ဆိုဗီယက်ဗိသုကာဖြစ်သည့် Viktor Semyonovich Andreyev နှင့် အမျိုးသမီးဗိသုကာ Kaleriya Dmitriyevan Kislova တို့က ပုံစံရေးဆွဲခဲ့ခြင်းဖြစ်ပြီး ၁၉၅၈ နှင့် ၁၉၆၂ ခုနှစ်ကြား တည်ဆောက်ခြင်းဖြစ်ကာ စစ်ပြီးခေတ် မော်ဒန်ဗိသုကာ လက်ရာပြယုဂ် တစ်ခုဖြစ်ကြောင်း သိရသည်။
အဆိုပါ ကမ္ပည်းပြား၏ ရည်ရွယ်ချက်မှာ လူအများသိရှိပြီးသား အဆောက်အအုံများ၊ နေရာများကို ပိုမိုတန်ဖိုးထားထိန်းသိမ်းတတ်လာစေရန်၊ လူသိနည်းသေးသည့်အဆောက်အအုံများအကြောင်းကို လူအများပိုမိုသိရှိလာစေရန်၊ ယင်းကမ္ပည်းပြားများမှတစ်ဆင့် ရန်ကုန်မြို့၏ သမိုင်းကြောင်းနှင့်အမွေအနှစ်များအကြောင်းကို အသက်အရွယ်မရွေးနယ်ပယ်စုံမှပြည်သူများ လေ့လာနိုင်ရန်ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
အင္းလ်ားလိတ္ဟိုတယ္အား ရန္ကုန္ၿမိဳ႕၏ (၃၆) ခုေျမာက္ အျပာေရာင္ကမၸည္းျပားတပ္ဆင္
အင္းလ်ားလိတ္ဟိုတယ္အား ေဖေဖာ္ဝါရီ ၁၈ ရက္က ရန္ကုန္ၿမိဳ႕၏ (၃၆) ခုေျမာက္ အျပာေရာင္ကမၸည္းျပားကို တပ္ဆင္ေပးခဲ့ေၾကာင္း သိရသည္။
အင္းလ်ားလိတ္ဟိုတယ္ကို နာမည္ေက်ာ္ ဆိုဗီယက္ဗိသုကာျဖစ္သည့္ Viktor Semyonovich Andreyev ႏွင့္ အမ်ိဳးသမီးဗိသုကာ Kaleriya Dmitriyevan Kislova တို႔က ပုံစံေရးဆြဲခဲ့ျခင္းျဖစ္ၿပီး ၁၉၅၈ ႏွင့္ ၁၉၆၂ ခုႏွစ္ၾကား တည္ေဆာက္ျခင္းျဖစ္ကာ စစ္ၿပီးေခတ္ ေမာ္ဒန္ဗိသုကာ လက္ရာျပယုဂ္ တစ္ခုျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ကမၸည္းျပား၏ ရည္ရြယ္ခ်က္မွာ လူအမ်ားသိရွိၿပီးသား အေဆာက္အအုံမ်ား၊ ေနရာမ်ားကို ပိုမိုတန္ဖိုးထားထိန္းသိမ္းတတ္လာေစရန္၊ လူသိနည္းေသးသည့္အေဆာက္အအုံမ်ားအေၾကာင္းကို လူအမ်ားပိုမိုသိရွိလာေစရန္၊ ယင္းကမၸည္းျပားမ်ားမွတစ္ဆင့္ ရန္ကုန္ၿမိဳ႕၏ သမိုင္းေၾကာင္းႏွင့္အေမြအႏွစ္မ်ားအေၾကာင္းကို အသက္အရြယ္မေရြးနယ္ပယ္စုံမွျပည္သူမ်ား ေလ့လာနိုင္ရန္ရည္ရြယ္ျခင္းျဖစ္ေၾကာင္း သိရသည္။
ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com