ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Unicode Version ###
မဟာဗန္ဓုလအငှားအိမ်ရာ တိုက်ခန်းငှားရမ်းနေထိုင်ခွင့်ရသူများမတ်လ ပထမပတ်တွင် နေထိုင်ခွင့်ရမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီဌာနမှ ဖေဖေါ်ဝါရီ ၆ ရက်ကသိရသည်။
တိုက်အမှတ် (၁၊၉၊၁၀၊၁၁၊၁၂၊၂၆၊၂၈၊၃၀၊၃၇) တွင်မဲပေါက်၍ အငှားနေထိုင်ခွင့်ရရှိသူများအား ၂၀၂၀ ပြည့်နှစ် မတ်လပထမပတ်မှစ၍ အိမ်ခန်းတွင်စတင်တက်ရောက်နေထိုင်ခွင်ပြုမည်ဖြစ်ကြောင်း ကြေညာထားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ တိုက်ခန်းမဲပေါက်သူများအနေဖြင့် မဲပေါက်သည့်စာရွက်၊မှတ်ပုံတင်မူရင်း /မိတ္တူ ( ၄ စုံ)၊သန်းခေါင်စာရင်း မူရင်း/မိတ္တူ(၄ စုံ)၊ (၄ လက်မ × ၆ လက်မ)(မတ်တပ်ရပ် ကိုယ်လုံးပုံ) ဓာတ်ပုံ(၄ ပုံ)နှင့်အတူ ဖေဖေါ်ဝါရီလ ၁၀ ရက်မှ မတ်လ ၁၀ ရက်နေ့ အတွင်း ဒဂုံအရှေ့စက်မှုဇုန်စီမံခန့်ခွဲရေးရုံး ကနောင်ခန်းမ၊အမှတ် (၂)လမ်းမကြီးနှင့်မဟာဗန္ဓုလလမ်းထောင်းသို့ ရုံးချိန်အတွင်းလာရောက် ဆက်သွယ်ကြရန် အသိပေးကြေညာထားသည်။
လာရောက်ဆက်သွယ်ခြင်းမရှိပါက အိမ်ခန်းတွင်နေထိုင်ရန် စိတ်ဝင်ဝင်ခြင်းမရှိဟုယူဆ၍ အခန်းနေထိုင်ခွင့်အားဖျက်သိမ်းမည်ဖြစ်ကြောင်း မဟာဗန္ဓုလအငှားအိမ်ရာ အိမ်ခန်းနေရာစိစစ်ချထားရေးနှင့် ကြီးကြပ်မှုကော်မတီက ကြေညာထားသည်။
ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
မဟာဗႏၶဳလအငွားအိမ္ရာ တိုက္ခန္းငွားရမ္းေနထိုင္ခြင့္ရသူမ်ားမတ္လ ပထမပတ္တြင္ ေနထိုင္ခြင့္ရမည္
မဟာဗႏၶဳလအငွားအိမ္ရာ တိုက္ခန္းငွားရမ္းေနထိုင္ခြင့္ရသူမ်ားမတ္လ ပထမပတ္တြင္ ေနထိုင္ခြင့္ရမည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးႏွင့္ အိမ္ရာဖြံ႔ၿဖိဳးေရးဦးစီဌာနမွ ေဖေဖၚဝါရီ ၆ ရက္ကသိရသည္။
တိုက္အမွတ္ (၁၊၉၊၁၀၊၁၁၊၁၂၊၂၆၊၂၈၊၃၀၊၃၇) တြင္မဲေပါက္၍ အငွားေနထိုင္ခြင့္ရရွိသူမ်ားအား ၂၀၂၀ ျပည့္ႏွစ္ မတ္လပထမပတ္မွစ၍ အိမ္ခန္းတြင္စတင္တက္ေရာက္ေနထိုင္ခြင္ျပဳမည္ျဖစ္ေၾကာင္း ေၾကညာထားသည္။
အဆိုပါကိစၥႏွင့္ပတ္သက္၍ တိုက္ခန္းမဲေပါက္သူမ်ားအေနျဖင့္ မဲေပါက္သည့္စာရြက္၊မွတ္ပုံတင္မူရင္း /မိတၱဴ ( ၄ စုံ)၊သန္းေခါင္စာရင္း မူရင္း/မိတၱဴ(၄ စုံ)၊ (၄ လက္မ × ၆ လက္မ)(မတ္တပ္ရပ္ ကိုယ္လုံးပုံ) ဓာတ္ပုံ(၄ ပုံ)ႏွင့္အတူ ေဖေဖၚဝါရီလ ၁၀ ရက္မွ မတ္လ ၁၀ ရက္ေန႔ အတြင္း ဒဂုံအေရွ႔စက္မႈဇုန္စီမံခန္႔ခြဲေရးရုံး ကေနာင္ခန္းမ၊အမွတ္ (၂)လမ္းမႀကီးႏွင့္မဟာဗႏၶဳလလမ္းေထာင္းသို႔ ရုံးခ်ိန္အတြင္းလာေရာက္ ဆက္သြယ္ၾကရန္ အသိေပးေၾကညာထားသည္။
လာေရာက္ဆက္သြယ္ျခင္းမရွိပါက အိမ္ခန္းတြင္ေနထိုင္ရန္ စိတ္ဝင္ဝင္ျခင္းမရွိဟုယူဆ၍ အခန္းေနထိုင္ခြင့္အားဖ်က္သိမ္းမည္ျဖစ္ေၾကာင္း မဟာဗႏၶဳလအငွားအိမ္ရာ အိမ္ခန္းေနရာစိစစ္ခ်ထားေရးႏွင့္ ႀကီးၾကပ္မႈေကာ္မတီက ေၾကညာထားသည္။
ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com