ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Unicode Version ###
မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စု တောထွင်ကြီးကျေးရွာရှိ ဒေါ်လာသန်း ၁၀၀ တန် စက်မှုဇုန်စီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော်ရန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်ကပြောသည်။
အဆိုပါစီမံကိန်းသည် မြေဧက နှစ်ထောင်ခန့် အသုံးပြုမည်ဖြစ်ပြီး ငှက်သိုက်လုပ်ငန်း၊ ငါးသိုလှောင်ရေးစခန်း၊ စက်မူလက်မူလုပ်ငန်းနှင့် လူနေအိမ်ယာများပါဝင်မည်ဖြစ်သည်။
ထိုစီမံကိန်းသည် ၂၀၂၀ မှစတင်ပြီး ၁၅ နှစ်အတွင်း အပြီးဆောင်ရွက်မည်ဖြစ်သည်။ ထိုစီမံကိန်းကို Golden Myeik Development ကုမ္ပဏီက လုပ်ကိုင်ခွင့်ရခြင်းဖြစ်သည်။
ထိုစီမံကိန်းနှင့်ပတ်သတ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စက်မှုဇုန်ဖြစ်ထွန်းလာပါက မြိတ်ဒေသအတွက်ပါက တနင်္သာရီတိုင်းဒေသကြီးအတွက်ပါ အကျိုးသက်ရောက်မည်စီမံကိန်းဖြစ်သည်ဟုဆိုသည်။
တိုင်းအစိုးရမှ လိုအပ်သည့်များ ကူညီပေးမည်ဟု ဝန်ကြီးချုပ်ကဆိုသည်။ ကုမ္ပဏီက ဖေဖော်ဝါရီ ၄ ရက်တွင် တိုင်းအစိုးရကို စီမံကိန်းအကြောင်းတင်ပြခဲ့ခြင်းဖြစ်သည်။
အဆိုပါကုမ္ပဏီသည် ၂၀၁၉ နှစ်လယ်တွင် တိုင်းလွှတ်တော်ကို စီမံကိန်းနှင့်ပတ်သတ်ပြီး သွားရောက်ရှင်းပြခဲ့သည်။
စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
ၿမိတ္ၿမိဳ႕ရွိ စက္မႈဇုန္စီမံကိန္းကို အျမန္ဆုံးအေကာင္အထည္ေဖာ္ရန္ ဝန္ႀကီးခ်ဳပ္ၫြန႔္ၾကား
ၿမိတ္ၿမိဳ႕ ၿမိတ္ေတာင္ေက်း႐ြာအုပ္စု ေတာထြင္ႀကီးေက်း႐ြာရွိ ေဒၚလာသန္း ၁၀၀ တန္ စက္မႈဇုန္စီမံကိန္းကို အျမန္ဆုံးအေကာင္အထည္ေဖာ္ရန္ တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးျမင့္ေမာင္ကေျပာသည္။
အဆိုပါစီမံကိန္းသည္ ေျမဧက ႏွစ္ေထာင္ခန႔္ အသုံးျပဳမည္ျဖစ္ၿပီး ငွက္သိုက္လုပ္ငန္း၊ ငါးသိုေလွာင္ေရးစခန္း၊ စက္မူလက္မူလုပ္ငန္းႏွင့္ လူေနအိမ္ယာမ်ားပါဝင္မည္ျဖစ္သည္။
ထိုစီမံကိန္းသည္ ၂၀၂၀ မွစတင္ၿပီး ၁၅ ႏွစ္အတြင္း အၿပီးေဆာင္႐ြက္မည္ျဖစ္သည္။ ထိုစီမံကိန္းကို Golden Myeik Development ကုမၸဏီက လုပ္ကိုင္ခြင့္ရျခင္းျဖစ္သည္။
ထိုစီမံကိန္းႏွင့္ပတ္သတ္ၿပီး တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္က စက္မႈဇုန္ျဖစ္ထြန္းလာပါက ၿမိတ္ေဒသအတြက္ပါက တနသၤာရီတိုင္းေဒသႀကီးအတြက္ပါ အက်ိဳးသက္ေရာက္မည္စီမံကိန္းျဖစ္သည္ဟုဆိုသည္။
တိုင္းအစိုးရမွ လိုအပ္သည့္မ်ား ကူညီေပးမည္ဟု ဝန္ႀကီးခ်ဳပ္ကဆိုသည္။ ကုမၸဏီက ေဖေဖာ္ဝါရီ ၄ ရက္တြင္ တိုင္းအစိုးရကို စီမံကိန္းအေၾကာင္းတင္ျပခဲ့ျခင္းျဖစ္သည္။
အဆိုပါကုမၸဏီသည္ ၂၀၁၉ ႏွစ္လယ္တြင္ တိုင္းလႊတ္ေတာ္ကို စီမံကိန္းႏွင့္ပတ္သတ္ၿပီး သြားေရာက္ရွင္းျပခဲ့သည္။
စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com