ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Unicode Version ###
ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ခြင်း စီမံကိန်းတွင် လုပ်ကိုင်ခွင့်ရကုမ္ပဏီလုပ်ငန်းစုနှင့်ညှိနှိုင်းမူမပြီးပြတ်သေး၌ ကြန့်ကြာနေသည်ဟု မြန်မာ့မီးရထားလုပ်ငန်းမှ သိရသည်။
ထိုစီမံကိန်းအကောင်အထည်ဖော်ရေး ၂၀၁၉ နှစ်ကုန်တွင် သဘောတူညီမှုရရှိမည်ဟု မြန်မာ့မီးရထားက ခန့်မှန်းထားသော်လည်း ကုမ္ပဏီဘက်က ငွေကြေးအင်အား အထောက်အထားတင်ပြရန် ကြန့်ကြာနေသည်ဟု ဆိုသည်။
‘‘သူတို့ဘက်ကလုပ်နိုင်တဲ့ အနေအထားရှိရင် ဆက်လုပ်သွားမယ်။ လက်ရှိတော့ လုပ်နိုင်တယ်လို့ ပြောတယ်။ အထောက်အထားတောင်းခံနေတုန်းရှိတယ်။ သူတို့ နောက်ကြောင်းက ငွေကြေးအင်အား တောင့်တင်းမှန်းသိတယ်။ သူတို့တင်ပြတဲ့ အထဲမှာ လုံးလုံးကြီး လက်ခံနိုင်တဲ့ အနေအထားမရသေးဘူး’’ဟု ဦးအောင်သူလတ်က ပြောသည်။
ကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံခန့်ရှိ အဆိုပါ စီမံကိန်းကို ရန်ကုန်မြို့လယ်ရှိ မြေဧက ၆၀ ကျော်တွင် ဆောင်ရွက်မည်ဖြစ်ပြီး စင်ကာပူ Oxley ကုမ္ပဏီ၊ တရုတ် Sino Great Wall ကုမ္ပဏီနှင့် ပြည်တွင်းမှ မင်းဓမ္မကုမ္ပဏီတို့ ပေါင်းစည်းသည့် လုပ်ငန်းစုကို တင်ဒါအောင်မြင်နိုင်ခြေရှိသော လုပ်ငန်းစုအဖြစ် မြန်မာ့မီးရထားက ရွေးချယ်ခဲ့သည်။
ထိုစီမံကိန်းတွင်တရုတ် နိုင်ငံမှ Sino Great Wall ကုမ္ပဏီ က ဒေဝါလီခံနုတ်ထွက်သောကြောင့် ဂျပန် Sumitomo ကော် ပိုရေးရှင်းက အစားဝင်ရောက် ခြင်းဖြစ်သည်။
အဆိုပါ စီမံကိန်းတွင် အထပ် ၂၀ မြင့် အဆောက်အအုံများ ပါဝင်ပြီး ရန်ကုန်ဘူတာကြီးကို ခေတ်မီသယ်ယူပို့ဆောင်ရေး နေရာတစ်ခုဖြစ်လာရန် ရည်ရွယ် သည်။ ထိုစီမံကိန်းနေရာသည်ဗိုလ်ချုပ်လမ်း၊ ဗိုလ်မင်းရောင် လမ်း၊ ဆူးလေဘုရားလမ်းနှင့် သိမ်ဖြူလမ်းကြား၌ ရှိသည်။
ထိုစီမံကိန်းကို ၂၀၁၄ ဖေ ဖော်ဝါရီတွင် အစိုးရက ကြေညာ ပြီးနောက် စိတ်ဝင်စားမှု ဖော်ပြ လွှာတင်ပြသည့် လုပ်ငန်း ၃၄ ခု နှင့် ဖြစ်နိုင်ခြေရှိသော လုပ်ငန်း တင်ပြသည့် ကုမ္ပဏီ ၂၈ ခု ရှိခဲ့ သည်။
စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
ရန္ကုန္ဘူတာႀကီး အဆင့္ျမႇင့္တင္ျခင္း စီမံကိန္း ညႇိႏႈိင္းမႈမၿပီးျပတ္ေသး၍ ၾကန႔္ၾကာေန
ရန္ကုန္ဘူတာႀကီး အဆင့္ျမႇင့္တင္ျခင္း စီမံကိန္းတြင္ လုပ္ကိုင္ခြင့္ရကုမၸဏီလုပ္ငန္းစုႏွင့္ညႇိႏႈိင္းမူမၿပီးျပတ္ေသး၌ ၾကန႔္ၾကာေနသည္ဟု ျမန္မာ့မီးရထားလုပ္ငန္းမွ သိရသည္။
ထိုစီမံကိန္းအေကာင္အထည္ေဖာ္ေရး ၂၀၁၉ ႏွစ္ကုန္တြင္ သေဘာတူညီမႈရရွိမည္ဟု ျမန္မာ့မီးရထားက ခန႔္မွန္းထားေသာ္လည္း ကုမၸဏီဘက္က ေငြေၾကးအင္အား အေထာက္အထားတင္ျပရန္ ၾကန႔္ၾကာေနသည္ဟု ဆိုသည္။
‘‘သူတို႔ဘက္ကလုပ္ႏိုင္တဲ့ အေနအထားရွိရင္ ဆက္လုပ္သြားမယ္။ လက္ရွိေတာ့ လုပ္ႏိုင္တယ္လို႔ ေျပာတယ္။ အေထာက္အထားေတာင္းခံေနတုန္းရွိတယ္။ သူတို႔ ေနာက္ေၾကာင္းက ေငြေၾကးအင္အား ေတာင့္တင္းမွန္းသိတယ္။ သူတို႔တင္ျပတဲ့ အထဲမွာ လုံးလုံးႀကီး လက္ခံႏိုင္တဲ့ အေနအထားမရေသးဘူး’’ဟု ဦးေအာင္သူလတ္က ေျပာသည္။
ကန္ေဒၚလာ ၂ ဒသမ ၈ ဘီလီယံခန႔္ရွိ အဆိုပါ စီမံကိန္းကို ရန္ကုန္ၿမိဳ႕လယ္ရွိ ေျမဧက ၆၀ ေက်ာ္တြင္ ေဆာင္႐ြက္မည္ျဖစ္ၿပီး စင္ကာပူ Oxley ကုမၸဏီ၊ တ႐ုတ္ Sino Great Wall ကုမၸဏီႏွင့္ ျပည္တြင္းမွ မင္းဓမၼကုမၸဏီတို႔ ေပါင္းစည္းသည့္ လုပ္ငန္းစုကို တင္ဒါေအာင္ျမင္ႏိုင္ေျခရွိေသာ လုပ္ငန္းစုအျဖစ္ ျမန္မာ့မီးရထားက ေ႐ြးခ်ယ္ခဲ့သည္။
ထိုစီမံကိန္းတြင္တ႐ုတ္ ႏိုင္ငံမွ Sino Great Wall ကုမၸဏီ က ေဒဝါလီခံႏုတ္ထြက္ေသာေၾကာင့္ ဂ်ပန္ Sumitomo ေကာ္ ပိုေရးရွင္းက အစားဝင္ေရာက္ ျခင္းျဖစ္သည္။
အဆိုပါ စီမံကိန္းတြင္ အထပ္ ၂၀ ျမင့္ အေဆာက္အအုံမ်ား ပါဝင္ၿပီး ရန္ကုန္ဘူတာႀကီးကို ေခတ္မီသယ္ယူပို႔ေဆာင္ေရး ေနရာတစ္ခုျဖစ္လာရန္ ရည္႐ြယ္ သည္။ ထိုစီမံကိန္းေနရာသည္ဗိုလ္ခ်ဳပ္လမ္း၊ ဗိုလ္မင္းေရာင္ လမ္း၊ ဆူးေလဘုရားလမ္းႏွင့္ သိမ္ျဖဴလမ္းၾကား၌ ရွိသည္။
ထိုစီမံကိန္းကို ၂၀၁၄ ေဖ ေဖာ္ဝါရီတြင္ အစိုးရက ေၾကညာ ၿပီးေနာက္ စိတ္ဝင္စားမႈ ေဖာ္ျပ လႊာတင္ျပသည့္ လုပ္ငန္း ၃၄ ခု ႏွင့္ ျဖစ္ႏိုင္ေျခရွိေသာ လုပ္ငန္း တင္ျပသည့္ ကုမၸဏီ ၂၈ ခု ရွိခဲ့ သည္။
စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com