ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Unicode Version ###
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mrs. Suphatra Srimaitree phithak ဦးဆောင်သော Thai Business Association in Myanmar (TBAM) ကိုယ်စားလှယ်အဖွဲ့အား ဇန်နဝါရီ ၃၁ ရက် က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ သံတမန်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း ရန်ကုန်တိုင်းအစိုးရမှ သိရသည်။
အဆိုပါတွေ့ဆုံမှုတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ (၁၁) မြို့နယ်တွင် ပေါ်ထွန်းလာမည့် စက်မှုဇုန်များ၌ ထိုင်းလူမျိုး စီးပွားရေးလုပ်ငန်းရှင်များအတွက် ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှုကဏ္ဍဆိုင်ရာ အခွင့်အလမ်းများချဲ့ထွင်ရေး ကိစ္စများအား ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ယင်းတွေ့ဆုံပွဲသို့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ႏွင့္ထိုင္းနိုင္ငံသံအမတ္ႀကီး ဦးေဆာင္ေသာ TBAM ကိုယ္စားလွယ္အဖြဲ႕ ကုန္သြယ္ေရးႏွင့္ ရင္းႏွီးျမဳပ္ႏွံမႈက႑ဆိုင္ရာ ခ်ဲ႕ထြင္ေရးေဆြးေႏြး
ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းသည္ ျမန္မာနိုင္ငံဆိုင္ရာ ထိုင္းနိုင္ငံသံအမတ္ႀကီး H.E. Mrs. Suphatra Srimaitree phithak ဦးေဆာင္ေသာ Thai Business Association in Myanmar (TBAM) ကိုယ္စားလွယ္အဖြဲ႕အား ဇန္နဝါရီ ၃၁ ရက္ က တိုင္းေဒသႀကီးအစိုးရအဖြဲ႕႐ုံး၊ သံတမန္ခန္းမ၌ လက္ခံေတြ႕ဆုံခဲ့ေၾကာင္း ရန္ကုန္တိုင္းအစိုးရမွ သိရသည္။
အဆုိပါေတြ႕ဆုံမႈတြင္ ရန္ကုန္တိုင္းေဒသႀကီး အတြင္းရွိ (၁၁) ၿမိဳ႕နယ္တြင္ ေပၚထြန္းလာမည့္ စက္မႈဇုန္မ်ား၌ ထိုင္းလူမ်ိဳး စီးပြားေရးလုပ္ငန္းရွင္မ်ားအတြက္ ကုန္သြယ္ေရးႏွင့္ ရင္းႏွီးျမဳပ္ႏွံမႈက႑ဆိုင္ရာ အခြင့္အလမ္းမ်ားခ်ဲ႕ထြင္ေရး ကိစၥမ်ားအား ေဆြးေႏြးခဲ့ၾကေၾကာင္းသိရသည္။
ယင္းေတြ႕ဆုံပြဲသို႔္ လုံျခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီးေအာင္စိုးမိုး၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ သစ္ေတာႏွင့္ စြမ္းအင္ဝန္ႀကီး ဦးဟံထြန္း၊ လၽွပ္စစ္၊ စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ေဒၚနီလာေက်ာ္ႏွင့္ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ားတက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။
ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com