ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Unicode Version ###
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် လဂွန်းပြင်ရေပေးဝေရေး စီမံကိန်းပြီးစီးမည့် ၂၀၂၂ ခုနှစ်မှစတင်၍ ရပ်ကွက်ပေါင်း(၂၃) ခုသို့ ရေပေးဝေမည်ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်၏ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွင် ပြုလုပ်နေသော လဂွန်းပြင်ရေပေးဝေရေး စီမံကိန်းတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)က မည်သည့်ရပ်ကွက်နှင့် ရွာများတွင် ရေရရှိမည်ကို သိလိုပါကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့တော်ဝန်က“ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရပ်ကွက်ပေါင်း (၆၃) ခုရှိပြီး လက်ရှိတွင် (၅) ရပ်ကွက်၊ (၇) ရပ်ကွက်၊(၈) ရပ် ကွက်နှင့် (၉) ရပ်ကွက်များ သို့ ရေပေးဝေလျက်ရှိပါကြောင်းပြောထားပြီး ထို့အပြင် JICA ODA ချေးငွေဖြင့် ဆောင်ရွက်နေသော ရန်ကုန် မြို့တော်ရေပေးဝေရေး တိုးမြှင့်မှုစီမံကိန်း (MY-P5) ၏ လဂွန်းပြင်ရေပေးဝေရေးစီမံကိန်းမှ ရရှိမည့် တစ်နေ့ ရေဂါလန်သန်း(၄၀) အနက် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်သို့ တစ်နေ့လျှင် ရေဂါလန်(၇)သန်း ပေးဝေရန် လျာထားခဲ့ပါကြောင်း၊ ဒဂုံမြို့သစ်(၄) မြို့နယ်သို့ ပိုက်လိုင်း ကွန်ရက်ဆက်သွယ်ခြင်း လုပ်ငန်းအား JICA ODA ချေး ငွေ၏ စည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီသောတင်ဒါအောင်မြင်သည့် Authentic ZMEG JV ဖြင့်ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းပြီးစီးမည့် ၂၀၂၂ ခုနှစ်မှစ၍ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၏ ရပ်ကွက်များ ဖြစ်သော (၁၊ ၂၊ ၃၊ ၄၊ ၆၊၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅၊ ၁၆၊ ၁၀၈၊ ၁၀၉၊ ၁၁၀၊ ၁၁၁၊ ၁၂၄၊၁၂၅၊ ၁၃၂၊ ၁၃၃) ရပ်ကွက်နှင့် စက်မှုဇုန်ဖြစ်သော (၁၁၄၊ ၁၁၅၊ ၁၁၆) ရပ်ကွက်များသို့ ရေပေးဝေနိုင်မှာ ဖြစ်ပါကြောင်း ဖြေကြားထားသည်။
မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)ၿမိဳ႕နယ္ရွိ ရပ္ကြက္ေပါင္း (၂၃) ခုသို႔ ေရေပးေဝမည္
ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)ၿမိဳ႕နယ္တြင္ လဂြန္းျပင္ေရေပးေဝေရး စီမံကိန္းၿပီးစီးမည့္ ၂၀၂၂ ခုႏွစ္မွစတင္၍ ရပ္ကြက္ေပါင္း(၂၃) ခုသို႔ ေရေပးေဝမည္ဟု ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးက ရန္ကုန္တိုင္းလႊတ္ေတာ္အစည္းအေဝးတြင္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေက်ာ္ေမာင္၏ ဒဂုံၿမိဳ႕သစ္ (အေရွ႕ပိုင္း)ၿမိဳ႕နယ္တြင္ ျပဳလုပ္ေနေသာ လဂြန္းျပင္ေရေပးေဝေရး စီမံကိန္းတြင္ ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)က မည္သည့္ရပ္ကြက္ႏွင့္ ရြာမ်ားတြင္ ေရရရွိမည္ကို သိလိုပါေၾကာင္း ေမးခြန္းႏွင့္စပ္လ်ဥ္း၍ ေျဖၾကားခဲ့ျခင္းျဖစ္သည္။
ရန္ကုန္ၿမိဳ႕ေတာ္ဝန္က“ ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)ၿမိဳ႕နယ္တြင္ ရပ္ကြက္ေပါင္း (၆၃) ခုရွိၿပီး လက္ရွိတြင္ (၅) ရပ္ကြက္၊ (၇) ရပ္ကြက္၊(၈) ရပ္ ကြက္ႏွင့္ (၉) ရပ္ကြက္မ်ား သို႔ ေရေပးေဝလ်က္ရွိပါေၾကာင္းေျပာထားၿပီး ထို႔အျပင္ JICA ODA ေခ်းေငြျဖင့္ ေဆာင္ရြက္ေနေသာ ရန္ကုန္ ၿမိဳ႕ေတာ္ေရေပးေဝေရး တိုးျမႇင့္မႈစီမံကိန္း (MY-P5) ၏ လဂြန္းျပင္ေရေပးေဝေရးစီမံကိန္းမွ ရရွိမည့္ တစ္ေန႔ ေရဂါလန္သန္း(၄၀) အနက္ ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)ၿမိဳ႕နယ္သို႔ တစ္ေန႔လၽွင္ ေရဂါလန္(၇) သန္း ေပးေဝရန္ လ်ာထားခဲ့ပါေၾကာင္း၊ ဒဂုံၿမိဳ႕သစ္(၄) ၿမိဳ႕နယ္သို႔ ပိုက္လိုင္း ကြန္ရက္ဆက္သြယ္ျခင္း လုပ္ငန္းအား JICA ODA ေခ်း ေငြ၏ စည္းမ်ဥ္းစည္းကမ္းႏွင့္ ကိုက္ညီေသာတင္ဒါေအာင္ျမင္သည့္ Authentic ZMEG JV ျဖင့္ေဆာင္ရြက္လ်က္ရွိၿပီး စီမံကိန္းၿပီးစီးမည့္ ၂၀၂၂ ခုႏွစ္မွစ၍ ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)ၿမိဳ႕နယ္၏ ရပ္ကြက္မ်ား ျဖစ္ေသာ (၁၊ ၂၊ ၃၊ ၄၊ ၆၊၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅၊ ၁၆၊ ၁၀၈၊ ၁၀၉၊ ၁၁၀၊ ၁၁၁၊ ၁၂၄၊၁၂၅၊ ၁၃၂၊ ၁၃၃) ရပ္ကြက္ႏွင့္ စက္မႈဇုန္ျဖစ္ေသာ (၁၁၄၊ ၁၁၅၊ ၁၁၆) ရပ္ကြက္မ်ားသို႔ ေရေပးေဝနိုင္မွာ ျဖစ္ပါေၾကာင္း ေျဖၾကားထားသည္။
မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com