ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
ရန္ကုန္္ စည္ပင္ကြပ္ကဲမႈေအာက္တြင္ရွိေသာ ေဈးမ်ားကို ၿမိဳ႕နယ္တစ္ၿမိဳ႕နယ္လၽွင္ ေခတ္မီ ေဈးတစ္ေဈးေရြးခ်ယ္ ေဆာင္ရြက္မည္ ျဖစ္ေၾကာင္း ဇန္နဝါရီ ၁၅ ရက္က ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္းစိုးက ရန္ကုန္တိုင္းလႊတ္ေတာ္တြင္ လသာမဲဆႏၵနယ္အမွတ္ (၂) လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္မင္းဟန္၏ အေမးကိုေျဖၾကားခဲ့သည္။
လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္မင္းဟန္က လသာၿမိဳ႕နယ္ သိမ္ႀကီးေဈး (ဃ) ႐ုံသည္ ရန္ကုန္ၿမိဳ႕လယ္ေခါင္ ေဈးႀကီးျဖစ္၍ ေခတ္မီ ေဈးအဂၤါရပ္ႏွင့္ ညီညြတ္ၿပီး ေဈးအား ေခတ္မီေဈးအျဖစ္ အဆင့္ျမႇင့္တင္ေပးရန္၊ ေဈးႏွင့္ ဆီေလ်ာ္ေသာ စီးပြားေရးလုပ္ငန္းမ်ားသာခြင့္ျပဳရန္ ေခတ္ႏွင့္ ေလ်ာ္ညီေသာဆိုင္ခန္းငွားခမ်ားကို တိုးျမႇင့္ေကာက္ခံရန္ အစီအစဥ္ ရွိ၊ မရွိကို သိရွိလိုေၾကာင္းေမးခဲ့ျခင္းျဖစ္သည္။
ၿမိဳ႕ေတာ္ဝန္က ရန္ကုန္တိုင္းေဒသႀကီး အစိုးရ၏လမ္းညႊန္ခ်က္ျဖင့္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ကြပ္ကဲမႈေအာက္တြင္ရွိေသာ ေဈးမ်ားကို ေခတ္မီအဆင့္ျမင့္ေဈးမ်ား ျဖစ္လာေစရန္အတြက္ ပုဂၢလိကလုပ္ငန္းရွင္မ်ားႏွင့္ ပူးေပါင္း၍ Market Operator စနစ္ျဖင့္ အေကာင္အထည္ေဖာ္ေဆာင္ရြက္ရန္ စီစဥ္လ်က္ရွိရာ ပထမအဆင့္ ၿမိဳ႕နယ္တစ္ၿမိဳ႕နယ္လၽွင္ ေဈးတစ္ေဈးေရြးခ်ယ္၍ ေဆာင္ရြက္မည့္ စာရင္းတြင္ လသာၿမိဳ႕နယ္၌ သိမ္ႀကီးေဈး (ဃ) ႐ုံကို ပဏာမေရြးခ်ယ္ထားေၾကာင္းေျပာသည္။
သိမ္ႀကီးေဈး(ဃ)႐ုံကို Market Operator စနစ္ျဖင့္ ေဆာင္ရြက္သည့္ ပုဂၢလိကပူးေပါင္း ေဆာင္ရြက္သူက ေခတ္မီေဈးအျဖစ္ အဆင့္ျမႇင့္တင္ျခင္း၊ ေဈးႏွင့္ေလ်ာ္ညီေသာ စီးပြားေရးလုပ္ငန္းမ်ား ေဆာင္ရြက္ျခင္းႏွင့္ ေခတ္ႏွင့္ေလ်ာ္ညီသည့္ ဆိုင္ခန္းငွားရမ္းခမ်ားတိုးျမႇင့္ ေကာက္ခံျခင္းတို႔ကို ေဆာင္ရြက္သြားမည္ျဖစ္ပါေၾကာင္း ၿမိဳ႕ေတာ္ဝန္က ေျပာသည္။
ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ရန်ကုန် စည်ပင်ကွပ်ကဲမှုအောက်တွင်ရှိသော ဈေးများကို မြို့နယ်တစ်မြို့နယ်လျှင် ခေတ်မီ ဈေးတစ်ဈေးရွေးချယ် ဆောင်ရွက်မည် ဖြစ်ကြောင်း ဇန်နဝါရီ ၁၅ ရက်က မြို့တော်ဝန် ဦးမောင်မောင်းစိုးက ရန်ကုန်တိုင်းလွှတ်တော်တွင် လသာမဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန်၏ အမေးကိုဖြေကြားခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန်က လသာမြို့နယ် သိမ်ကြီးဈေး (ဃ) ရုံသည် ရန်ကုန်မြို့လယ်ခေါင် ဈေးကြီးဖြစ်၍ ခေတ်မီ ဈေးအင်္ဂါရပ်နှင့် ညီညွတ်ပြီး ဈေးအား ခေတ်မီဈေးအဖြစ် အဆင့်မြှင့်တင်ပေးရန်၊ ဈေးနှင့် ဆီလျော်သော စီးပွားရေးလုပ်ငန်းများသာခွင့်ပြုရန် ခေတ်နှင့် လျော်ညီသောဆိုင်ခန်းငှားခများကို တိုးမြှင့်ကောက်ခံရန် အစီအစဉ် ရှိ၊ မရှိကို သိရှိလိုကြောင်းမေးခဲ့ခြင်းဖြစ်သည်။
မြို့တော်ဝန်က ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏လမ်းညွှန်ချက်ဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကွပ်ကဲမှုအောက်တွင်ရှိသော ဈေးများကို ခေတ်မီအဆင့်မြင့်ဈေးများ ဖြစ်လာစေရန်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ Market Operator စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် စီစဉ်လျက်ရှိရာ ပထမအဆင့် မြို့နယ်တစ်မြို့နယ်လျှင် ဈေးတစ်ဈေးရွေးချယ်၍ ဆောင်ရွက်မည့် စာရင်းတွင် လသာမြို့နယ်၌ သိမ်ကြီးဈေး (ဃ) ရုံ ကို ပဏာမရွေးချယ်ထားကြောင်းပြောသည်။
သိမ်ကြီးဈေး(ဃ)ရုံကို Market Operator စနစ်ဖြင့် ဆောင်ရွက်သည့် ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်သူက ခေတ်မီဈေးအဖြစ် အဆင့်မြှင့်တင်ခြင်း၊ ဈေးနှင့်လျော်ညီသော စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ခေတ်နှင့်လျော်ညီသည့် ဆိုင်ခန်းငှားရမ်းခများတိုးမြှင့် ကောက်ခံခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မြို့တော်ဝန်က ပြောသည်။
ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com