ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
အကယ္၍ သင္သည္ ၾကီးက်ယ္ခမ္းနားလွေသာ အေဆာက္အအံုၾကီးတစ္လံုးကို သင္၏ေနအိမ္အျဖစ္ ဝယ္ယူပိုင္ဆိုင္လိုသည္ဆိုပါက ယခုအခါ သင့္စိတ္ကူးမ်ား အေကာင္အထည္ေပၚႏိုင္မည့္ အခြင့္အလမ္းတစ္ရပ္ေပၚေပါက္လာျပီ ျဖစ္သည္။
အေဆာက္အအံုမွာ ဘုရားရွိခိုးေက်ာင္းအျဖစ္ အသံုးျပဳခဲ့သည့္ အေဆာက္အအံုတစ္ခုျဖစ္ျပီး ထူးျခားသည္မွာ ရင္ခြဲရံု အေအးတိုက္တစ္ခုလည္း ပါဝင္ေနျခင္း ျဖစ္သည္။
အေဆာက္အအံုၾကီးအတြင္း ရင္သပ္ရႈေမာဖြယ္ ျမင့္မားလွေသာ မ်က္ႏွာၾကက္မ်ား၊ ေဆးေရး ေရာင္စံု ျပတင္းေပါက္မ်ားအျပင္ ေအာ္ဂင္တစ္လံုးပါ ပါဝင္ေနေသးသည္။
ညစာစားပြဲမ်ား က်င္းပရန္ ေကာင္းမြန္ေသာ အလြန္ခမ္းနားၾကီးက်ယ္လွေသာေနရာတစ္ခုလည္း ျဖစ္သည္။
သမိုင္းဝင္ အေဆာက္အအံုၾကီး တည္ရွိရာေနရာမွာ အဂၤလန္ႏိုင္ငံ အေရွ႕ေတာင္ပိုင္းရွိ တိုးတက္ဖြံ႔ျဖိဳးလာေနသည့္ ျမိဳ႕တစ္ျမိဳ႕ျဖစ္ေသာ မာဂိတ္ (margate) တြင္ျဖစ္သည္။
ယခုအေဆာက္အအံုၾကီးကို ျပန္လည္ျပဳျပင္မြမ္းမံေဆာက္လုပ္မည္ဆိုပါက ၾကီးမားသည့္ေနအိမ္ ၂ ခု (သို႔မဟုတ္) duplex လူေနခန္းက်ယ္ ၆ ခုအထိ ရရွိႏိုင္မည္ ျဖစ္သည္။
ယင္းသို႔ ေဆာက္လုပ္ခြင့္ရရန္လည္း ခြင့္ျပဳခ်က္ေတာင္းခံထားသည္ဟု ဆိုသည္။
ဘုရားေက်ာင္း အေဆာက္အအံုေဟာင္းၾကီးသည္ အဆုိပါေဒသ၏ စိတ္ဝင္စားဖြယ္အေကာင္းဆံုး သမိုင္းဝင္ အေဆာက္အအံုမ်ားတြင္ တစ္ခုအပါအဝင္အျဖစ္ သတ္မွတ္ျခင္းခံရသည္။
ဝက္စ္ဘရြတ္ ပင္လယ္ေကြ႔၏ သဲေသာင္ကမ္းေျခမ်ားမွ မိနစ္ပိုင္းသာ ကြာေဝးသည္။
ေစ်းဆိုင္၊ ေကာ္ဖီဆိုင္၊ စားေသာက္ဆိုင္၊ အရက္ဘားႏွင့္ Turner Centre တည္ရွိရာ Margate Old Town ႏွင့္လည္း နီးကပ္စြာ တည္ရွိသည္။
အဆိုပါ ဘုရားေက်ာင္းေဟာင္းၾကီးကို ေစ်းေခၚထားသည္မွာ ေပါင္ ၅၅၀၀၀၀ ျဖစ္သည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
### Unicode Version ###
အကယ်၍ သင်သည် ကြီးကျယ်ခမ်းနားလှသော အဆောက်အအုံကြီးတစ်လုံးကို သင်၏နေအိမ်အဖြစ် ဝယ်ယူပိုင်ဆိုင်လိုသည်ဆိုပါက ယခုအခါ သင့်စိတ်ကူးများ အကောင်အထည်ပေါ်နိုင်မည့် အခွင့်အလမ်းတစ်ရပ်ပေါ်ပေါက်လာပြီ ဖြစ်သည်။
အဆောက်အအုံမှာ ဘုရားရှိခိုးကျောင်းအဖြစ် အသုံးပြုခဲ့သည့် အဆောက်အအုံတစ်ခုဖြစ်ပြီး ထူးခြားသည်မှာ ရင်ခွဲရုံ အအေးတိုက်တစ်ခုလည်း ပါဝင်နေခြင်း ဖြစ်သည်။
အဆောက်အအုံကြီးအတွင်း ရင်သပ်ရှုမောဖွယ် မြင့်မားလှသော မျက်နှာကြက်များ၊ ဆေးရေး ရောင်စုံ ပြတင်းပေါက်များအပြင် အော်ဂင်တစ်လုံးပါ ပါဝင်နေသေးသည်။
ညစာစားပွဲများ ကျင်းပရန် ကောင်းမွန်သော အလွန်ခမ်းနားကြီးကျယ်လှသောနေရာတစ်ခုလည်း ဖြစ်သည်။
သမိုင်းဝင် အဆောက်အအုံကြီး တည်ရှိရာနေရာမှာ အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်းရှိ တိုးတက်ဖွံ့ဖြိုးလာနေသည့် မြို့တစ်မြို့ဖြစ်သော မာဂိတ် (margate) တွင်ဖြစ်သည်။
ယခုအဆောက်အအုံကြီးကို ပြန်လည်ပြုပြင်မွမ်းမံဆောက်လုပ်မည်ဆိုပါက ကြီးမားသည့်နေအိမ် ၂ ခု (သို့မဟုတ်) duplex လူနေခန်းကျယ် ၆ ခုအထိ ရရှိနိုင်မည် ဖြစ်သည်။
ယင်းသို့ ဆောက်လုပ်ခွင့်ရရန်လည်း ခွင့်ပြုချက်တောင်းခံထားသည်ဟု ဆိုသည်။
ဘုရားကျောင်း အဆောက်အအုံဟောင်းကြီးသည် အဆိုပါဒေသ၏ စိတ်ဝင်စားဖွယ်အကောင်းဆုံး သမိုင်းဝင် အဆောက်အအုံများတွင် တစ်ခုအပါအဝင်အဖြစ် သတ်မှတ်ခြင်းခံရသည်။
ဝက်စ်ဘရွတ် ပင်လယ်ကွေ့၏ သဲသောင်ကမ်းခြေများမှ မိနစ်ပိုင်းသာ ကွာဝေးသည်။
ဈေးဆိုင်၊ ကော်ဖီဆိုင်၊ စားသောက်ဆိုင်၊ အရက်ဘားနှင့် Turner Centre တည်ရှိရာ Margate Old Town နှင့်လည်း နီးကပ်စွာ တည်ရှိသည်။
အဆိုပါ ဘုရားကျောင်းဟောင်းကြီးကို ဈေးခေါ်ထားသည်မှာ ပေါင် ၅၅၀၀၀၀ ဖြစ်သည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com