ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
ရန္ကုန္တိုင္းေဒသႀကီးအစိုးရ ဦးေဆာင္ၿပီး The Yangon Steps 2020 ကို ေဖေဖၚဝါရီ ၂၂ တြင္ က်င္းပမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံခရီး သြားလုပ္ငန္း ေဈးကြက္ျမွင့္တင္ေရးလုပ္ငန္းမွ သိရသည္။
ယင္းကဲ့သို႔က်င္းပျခင္းျဖင့္ ရန္ကုန္ၿမိဳ႕ ၏ ခရီးသြားလုပ္ငန္းက႑ ပိုမိုတိုးတက္လာျခင္း၊ရန္ကုန္ၿမိဳ့၏ စိတ္ဝင္စားစရာေကာင္းသည့္ ကိုလိုနီေခတ္ ေရွးေဟာင္းသမိုင္းဝင္ အေဆာက္အအုံမ်ားအား ေကာင္းမြန္စြာထိန္းသိမ္းသင့္သည္ကို အမ်ားျပည္သူသိရွိျခင္း၊လမ္းေလွ်ာက္ျခင္းမွ ရရွိသည့္ အက်ိဳးေက်းဇူးမ်ားကိုသိရွိႏိုင္ျခင္း စသည့္ အကိ်ဳးေက်းဇူးမ်ားကိုရရွိေစမည္ျဖစ္သည္။
အဆိုပါအစီအစဥ္ကို က်င္းပႏိုင္ရန္ ေရႊတိဂုံဘုရားအနီးတဝိုက္၌ လမ္းေလွ်ာက္ႏိုင္မည့္ ေနရာမ်ားစီစဥ္ထားၿပီး ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္း ေဈးကြက္ျမွင့္တင္ေရး သံတမန္အျဖစ္ သရုပ္ေဆာင္ဇဏ္ခီႏွင္ဒါရုိက္တာ ခရစၥတီနားခီတို႔ ဇနီးေမာင္ႏွံအားခန္႔အပ္ထားေၾကာင္း သိရသည္။
ယင္းအစီအစဥ္ကို ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္းေဈးကြက္ျမွင့္တင္ေရးအသင္း၊ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာန၊ရန္ကုန္တိုင္း ေဒသႀကီးအစိုးရ၊ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းရွင္မ်ားအဖြဲ႔ခ်ဳပ္ႏွင့္ Yangon Heritage Trust တို႔ပူးေပါင္းေဆာက္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။
ရန္ကုန္ၿမိဳ႕သည္ အေရွ႔ေတာင္အာရွႏိုင္ငံမ်ား၌ ကိုလိုနီေခတ္လက္ရာအေဆာက္အအုံအမ်ားဆုံးတည္ရွိရာၿမိဳ႕ျဖစ္ၿပီး ႏိုင္ငံတကာမွ သတိထားမိလာေစရန္ ယခုကဲ့သို႔ ခရီးသြားေဈးကြက္ ျမွင့္တင္ရန္ ရည္ရြယ္က်င္းပျခင္းျဖစ္ေၾကာင္းသိရသည္။
ဥကၠာသစၥာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဦးဆောင်ပြီး The Yangon Steps 2020 ကို ဖေဖေါ်ဝါရီ ၂၂ တွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီး သွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးလုပ်ငန်းမှ သိရသည်။
ယင်းကဲ့သို့ကျင်းပခြင်းဖြင့်ရန်ကုန်မြို့၏ ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုတိုးတက်လာခြင်း၊ရန်ကုန်မြို့၏ စိတ်ဝင်စားစရာကောင်းသည့် ကိုလိုနီခေတ် ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံများအား ကောင်းမွန်စွာထိန်းသိမ်းသင့်သည်ကို အများပြည်သူသိရှိခြင်း၊လမ်းလျှောက်ခြင်းမှ ရရှိသည့် အကျိုးကျေးဇူးများကိုသိရှိနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကိုရရှိစေမည်ဖြစ်သည်။
အဆိုပါအစီအစဉ်ကို ကျင်းပနိုင်ရန် ရွှေတိဂုံဘုရားအနီးတဝိုက်၌ လမ်းလျှောက်နိုင်မည့် နေရာများစီစဉ်ထားပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး သံတမန်အဖြစ် သရုပ်ဆောင်ဇဏ်ခီနှင်ဒါရိုက်တာ ခရစ္စတီနားခီတို့ ဇနီးမောင်နှံအားခန့်အပ်ထားကြောင်း သိရသည်။
ယင်းအစီအစဉ်ကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးအသင်း၊ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ရန်ကုန်တိုင်း ဒေသကြီးအစိုးရ၊မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအဖွဲ့ချုပ်နှင့် Yangon Heritage Trust တို့ပူးပေါင်းဆောက်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့သည် အရှေ့တောင်အာရှနိုင်ငံများ၌ ကိုလိုနီခေတ်လက်ရာအဆောက်အအုံအများဆုံးတည်ရှိရာမြို့ဖြစ်ပြီး နိုင်ငံတကာမှ သတိထားမိလာစေရန် ယခုကဲ့သို့ ခရီးသွားဈေးကွက် မြှင့်တင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။
ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com