ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
ပဲခူးတြင္ စင္ကာပူကုမၸဏီက ေဒၚလာ ၂၃ သန္း အသုံးျပဳ၍ စက္မူဇုန္ တည္ေထာင္ခြင့္ကို ျမန္မာႏိုင္ငံရင္းႏွီးျမႇပ္ႏွံမူေကာ္မရွင္(MIC) က ခြင့္ျပဳေပးလိုက္ေၾကာင္း သတင္းထုတ္ျပန္သည္။
ထိုစီမံကိန္းကို Sun City ပဲခူး စက္မူဇုန္ဖြံၿဖိဳးတိုးတက္ေရးကုမၸဏီေဆာင္႐ြက္ျခင္းျဖစ္ၿပီး စင္ကာပူႏိုင္ငံက ရင္းႏွီးျမႇပ္ႏွံျခင္းျဖစ္သည္။
ထိုလုပ္ငန္းကို ေကာ္မရွင္က ဒီဇင္ဘာလ၁၄ရက္တြင္ ခြင့္ျပဳမိန္႔ထုတ္ေပးျခင္းျဖစ္သည္။
ထိုကုမၸဏီသည္ စက္႐ုံမ်ားႏွင့္ ႐ုံးခန္း၊အေဆာက္အဦးမ်ားတည္ေဆာက္၍ ျပန္လည္ ငွားရမ္းျခင္းျဖစ္သည္ဟု ေကာ္မရွင္ကထုတ္ျပန္ထားသည္။
ထိုစီမံကိန္းကို ပဲခူးတိုင္း ၊ပဲခူးၿမိဳ႕နယ္၊ ဘူးလယ္အင္းေက်း႐ြာ၊နဂုတ္ႀကီးကြင္းႏွင့္ ဝါးမရမ္းေက်း႐ြာအုပ္စု၊ ေက်းတိုင္ျပင္ကြင္းတို႔တြင္ ေဆာင္႐ြက္မည္ျဖစ္သည္။
ထိုျပင္ ပဲခူးတိုင္းတြင္ အျခားလုပ္ငန္း ၄ ခုကိုလည္း ေကာ္မရွင္က ခြင့္ျပဳခဲ့သည္။
စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ပဲခူးတွင် စင်ကာကုမ္ပဏီက ဒေါ်လာ ၂၃ သန်း အသုံးပြု၍ စက်မူဇုန်တည်ထောင်ခွင့်ကို မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမူကော်မရှင်(MIC) က ခွင့်ပြုပေးလိုက်ကြောင်း သတင်းထုတ်ပြန်သည်။
ထိုစီမံကိန်းကို Sun City ပဲခူး စက်မူဇုန်ဖွံဖြိုးတိုးတက်ရေးကုမ္ပဏီဆောင်ရွက်ခြင်းဖြစ်ပြီး စင်ကာပူနိုင်ငံက ရင်းနှီးမြှပ်နှံခြင်းဖြစ်သည်။
ထိုလုပ်ငန်းကို ကော်မရှင်က ဒီဇင်ဘာလ၁၄ရက်တွင် ခွင့်ပြုမိန့်ထုတ်ပေးခြင်းဖြစ်သည်။
ထိုကုမ္ပဏီသည် စက်ရုံများနှင့် ရုံးခန်း၊အဆောက်အဦးများတည်ဆောက်၍ ပြန်လည် ငှားရမ်းခြင်းဖြစ်သည်ဟု ကော်မရှင်ကထုတ်ပြန်ထားသည်။
ထိုစီမံကိန်းကို ပဲခူးတိုင်း၊ပဲခူးမြို့နယ်၊ ဘူးလယ်အင်းကျေးရွာ၊နဂုတ်ကြီးကွင်းနှင့် ဝါးမရမ်းကျေးရွာအုပ်စု၊ ကျေးတိုင်ပြင်ကွင်းတို့တွင် ဆောင်ရွက်မည်ဖြစ်သည်။
ထိုပြင် ပဲခူးတိုင်းတွင် အခြားလုပ်ငန်း ၄ ခုကိုလည်း ကော်မရှင်က ခွင့်ပြုခဲ့သည်။
စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com