ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
ေရာင္းမထြက္ေသးသည့္ ေနအိမ္အလြန္မ်ားျပားေနမႈႏွင့္ မွန္းဆမရေသာစီးပြားေရးအေျခအေနတို႔ေၾကာင့္ စကၤာပူအိမ္ၿခံေျမေဈးကြက္သည္ အႏၱရာယ္မ်ားႏွင့္ရင္ဆုိင္ရႏုိင္ေၾကာင္း Channel News Asia သတင္းဌာနက ေဖာ္ျပခဲ့သည္။
ဝယ္လက္မ်ားအေနျဖင့္ အိမ္ၿခံေျမရင္းႏွီးျမႇဳပ္ႏွံမႈမ်ားႏွင့္ပတ္သက္လွ်င္ ဆင္ျခင္ေမွ်ာ္ေတြးၾကရန္ စကၤာပူဗဟိုဘဏ္ျဖစ္ေသာ စကၤာပူေငြေၾကးအာဏာပိုင္အဖြဲ႕ (MAS) က ၎တို႔၏ ႏွစ္စဥ္ဘ႑ာေရးတည္ၿငိမ္မႈသံုးသပ္ခ်က္အစီရင္ခံစာတြင္ အႀကံျပဳခဲ့သည္။ ၎တို႔က ၾသဇာအရွိန္အဝါႀကီးၿပီး ေရာင္းမထြက္ေသးေသာေနအိမ္မ်ားစုၿပံဳေနသည့္ အိမ္ၿခံေျမကုမၸဏီမ်ားအေနျဖင့္လည္း ပိုမိုသတိရွိၾကေစရန္ တိုက္တြန္းခဲ့သည္။
“စီးပြားေရးအလားအလာမွာ မေသခ်ာမေရရာမႈမ်ားႏွင့္ အားေပ်ာ့လာတဲ့အလုပ္သမားေဈးကြက္တို႔က အိမ္ေထာင္စုမ်ား၏ ဝင္ေငြမ်ားႏွင့္ သူတို႔၏ အိမ္ၿခံေျမဝယ္လိုအားတို႔ကို အပ်က္သေဘာသက္ေရာက္ေစႏိုင္သည္။” ဟု MAS က ရွင္းျပခဲ့သည္။
အေရာင္းအဝယ္မေကာင္းမႈေၾကာင့္ ဝန္ထမ္းငွားရမ္းခန္႔အပ္လိုမႈအဟုန္သည္ ေျပာင္းလဲလာၿပီး အလုပ္လက္မဲ့အေရအတြက္ႏွင့္ယွဥ္လွ်င္ အလုပ္အကိုင္အခြင့္အလမ္းအေရအတြက္က နည္းပါးလာေၾကာင္း အစီရင္ခံစာတြင္ ေဖာ္ျပခဲ့သည္။
“ဂ်ီဒီပီဖြံ႕ၿဖိဳးမႈေႏွးေကြးေသာကာလဆက္လက္ရွည္ၾကာႏိုင္ေျခရွိေသာ္လည္း လုပ္ခလစာမ်ား တျဖည္းျဖည္းျမင့္တက္လာမည္ဟု ခန္႔မွန္းရသည္။” ဟုလည္း MAS က ခန္႔မွန္းခဲ့သည္။
ယခုႏွစ္တတိယသံုးလပတ္အတြင္း စီမံကိန္းသစ္မ်ားမွ ရာင္းမထြက္ေသးေသာအခန္းမ်ား (အစိုးရႏွင့္ပုဂၢလိကဖက္စပ္အခန္းမ်ားျဖစ္ေသာ Executive Condominium မ်ားမွအပ) သည္ ၿပီးခဲ့သည့္ႏွစ္ကာလတူအတြင္းမူ ၂၁၇၂ ခန္းသာ ရွိခဲ့ရာမွ ၄၃၇၇ ခန္းသို႔ ႏွစ္ဆေက်ာ္ ျမင့္တက္လာခဲ့သည္။
ထိုသို႔ျမင့္တက္မႈသည္ ကာလလတ္တြင္ ပိုမိုဆိုးရြားလာမည္ျဖစ္ၿပီး ထိုသို႔ေရာင္းမထြက္ေသးေသာအိမ္မ်ားပိုမိုမ်ားျပားလာကာ ဝယ္လိုအားက ေရာင္းလိုအားႏွင့္အမွီမလိုက္လာပါက ကာလလတြင္ ေဈးႏႈန္းမ်ားအက်ဘက္သို႔ေရာက္သြားႏုိင္သည္ဟုလည္း စကၤာပူဗဟိုဘဏ္က ထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
ရောင်းမထွက်သေးသည့် နေအိမ်အလွန်များပြားနေမှုနှင့် မှန်းဆမရသောစီးပွားရေးအခြေအနေတို့ကြောင့် စင်္ကာပူအိမ်ခြံမြေဈေးကွက်သည် အန္တရာယ်များနှင့်ရင်ဆိုင်ရနိုင်ကြောင်း Channel News Asia သတင်းဌာနက ဖော်ပြခဲ့သည်။
ဝယ်လက်များအနေဖြင့် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်လျှင် ဆင်ခြင်မျှော်တွေးကြရန် စင်္ကာပူဗဟိုဘဏ်ဖြစ်သော စင်္ကာပူငွေကြေးအာဏာပိုင်အဖွဲ့ (MAS) က ၎င်းတို့၏ နှစ်စဉ်ဘဏ္ဍာရေးတည်ငြိမ်မှုသုံးသပ်ချက်အစီရင်ခံစာတွင် အကြံပြုခဲ့သည်။ ၎င်းတို့က သြဇာအရှိန်အဝါကြီးပြီး ရောင်းမထွက်သေးသောနေအိမ်များစုပြုံနေသည့် အိမ်ခြံမြေကုမ္ပဏီများအနေဖြင့်လည်း ပိုမိုသတိရှိကြစေရန် တိုက်တွန်းခဲ့သည်။
“စီးပွားရေးအလားအလာမှာ မသေချာမရေရာမှုများနှင့် အားပျော့လာတဲ့အလုပ်သမားဈေးကွက်တို့က အိမ်ထောင်စုများ၏ ဝင်ငွေများနှင့် သူတို့၏ အိမ်ခြံမြေဝယ်လိုအားတို့ကို အပျက်သဘောသက်ရောက်စေနိုင်သည်။” ဟု MAS က ရှင်းပြခဲ့သည်။
အရောင်းအဝယ်မကောင်းမှုကြောင့် ဝန်ထမ်းငှားရမ်းခန့်အပ်လိုမှုအဟုန်သည် ပြောင်းလဲလာပြီး အလုပ်လက်မဲ့အရေအတွက်နှင့်ယှဉ်လျှင် အလုပ်အကိုင်အခွင့်အလမ်းအရေအတွက်က နည်းပါးလာကြောင်း အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
“ဂျီဒီပီဖွံ့ဖြိုးမှုနှေးကွေးသောကာလဆက်လက်ရှည်ကြာနိုင်ခြေရှိသော်လည်း လုပ်ခလစာများ တဖြည်းဖြည်းမြင့်တက်လာမည်ဟု ခန့်မှန်းရသည်။” ဟုလည်း MAS က ခန့်မှန်းခဲ့သည်။
ယခုနှစ်တတိယသုံးလပတ်အတွင်း စီမံကိန်းသစ်များမှ ရာင်းမထွက်သေးသောအခန်းများ (အစိုးရနှင့်ပုဂ္ဂလိကဖက်စပ်အခန်းများဖြစ်သော Executive Condominium များမှအပ) သည် ပြီးခဲ့သည့်နှစ်ကာလတူအတွင်းမူ ၂၁၇၂ ခန်းသာ ရှိခဲ့ရာမှ ၄၃၇၇ ခန်းသို့ နှစ်ဆကျော် မြင့်တက်လာခဲ့သည်။
ထိုသို့မြင့်တက်မှုသည် ကာလလတ်တွင် ပိုမိုဆိုးရွားလာမည်ဖြစ်ပြီး ထိုသို့ရောင်းမထွက်သေးသောအိမ်များပိုမိုများပြားလာကာ ဝယ်လိုအားက ရောင်းလိုအားနှင့်အမှီမလိုက်လာပါက ကာလလတွင် ဈေးနှုန်းများအကျဘက်သို့ရောက်သွားနိုင်သည်ဟုလည်း စင်္ကာပူဗဟိုဘဏ်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)