ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
- မှတ်ပုံတင်
- သန်းခေါင်စာရင်း
- အလုပ်ထောက်ခံချက်
### Unicode Version ###
အိမ်ခြံမြေဝယ်ယူသူများအတွက် ၃% အထိ ဝယ်ခွန်များ လျှော့ချပေးနေပြီကို မိဘပြည်သူများ သိပြီးပါပြီလား? အေးစက်နေတဲ့ အိမ်ခြံမြေဈေးကွက်ကို ပြန်လည်လှုပ်ခတ်လာရန် လုပ်ငန်းရှင်များ၏ကြိုးစားမှုနှင့် နိုင်ငံတော်၏စီးပွားရေးကိုတစ်ဖက်တစ်လမ်းက အထောက်အကူပြုစေရန်ရည်ရွယ်ချက်ဖြင့် ဝယ်ခွန်များကို နိုင်ငံတော်အစိုးရမှ အောက်ပါအတိုင်း လျော့ချပေးလျှက်ရှိပါတယ်။
တစ်ကျပ် မှ သိန်းတစ်ထောင်အထိ ၃%
သိန်းတစ်ထောင့်တစ်ကျပ် မှ သိန်းသုံးထောင်အထိ ၅%
သိန်းသုံးထောင်တစ်ကျပ် မှ သိန်းတစ်သောင်းအထိ ၁၀%
သိန်းတစ်သောင်းတစ်ကျပ် မှ သိန်းသုံးသောင်းအထိ ၁၅%
သိန်းသုံးသောင်းတစ်ကျပ် နှင့် အထက် ၃၀%
ဝယ်ခွန်သက်သာခွင့်များသည် ၂၀၁၉ခုနှစ်၊ အောက်တိုဘာ၊ (၁)ရက်နေ့မှ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာ၊ (၃၀) ရက်အထိသာ အကျိုးသက်ရောက်မှာဖြစ်ပါတယ်။
ယခင်က အိမ်ဝယ်ဖို့စိတ်ကူးရှိပြီး အခွန်နှုန်းထားများကြောင့် မှတ်ပုံမတင်လိုခြင်း ၊ အမည်မပြောင်းလိုခြင်းများအတွက် ယခုအချိန်က သင့်အိမ်မက်ကိုအကောင်ထည်ဖော်ဖို့ အကောင်းဆုံးအချိန်ပါ။ မိမိတစ်နိုင်တစ်ပိုင်ဝင်ငွေနဲ့ အိမ်ပိုင်ဆိုင်လိုသူများအတွက် အိမ်ရာချေးငွေဖြင့် ဝယ်ယူလိုပါက အခြေခံလိုအပ်သောစာရွက်စာတမ်းများမှာ
- မှတ်ပုံတင်
- သန်းခေါင်စာရင်း
- ရပ်ကွက်နေထိုင်ကြောင်းထောက်ခံစာ
- အလုပ်ထောက်ခံချက်
- ဝင်ငွေရကြောင်း သက်သေ တို့ဖြစ်ပါတယ်။
ရန်ကုန်မြို့ရဲ့ မြို့နယ်စုံမှာရှိတဲ့ တိုက်ခန်း၊ ကွန်ဒို၊ လုံးချင်းအိမ်များကို စိတ်ကြိုက်ရွေးချယ်နိုင်ရန် ဆောက်လုပ်ရေးကုမ္ပဏီပေါင်း (၅၀) ကျော် တို့ပါဝင်ပြသရောင်းချမဲ့ iMyanmarHouse.com ၏ (၁၂) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေအရောင်းပြပွဲကြီးကို ဒီဇင်ဘာ ၆ ၊ ၇ ၊ ၈ ရက်များတွင် တပ်မတော်ခန်းမမှာကျင်းပမှာဖြစ်ပါတယ်။ မြန်မာ့အကြီးဆုံးဘဏ်ကြီး(၄)ခုမှလည်း အိမ်ရာချေးငွေများကို တစ်ထိုင်တည်းလျှောက်ထားနိုင်ရန် တိုင်ပင်ဆွေးနွေးပေးပါမယ်။
ဒါ့ကြောင့် ယခုအချိန်က အိမ်ဝယ်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ ထပ်မစောင့်ပါနဲ့တော့ ။ ယခုလို သက်သာလှတဲ့ အခွန်နှုန်းထားများနဲ့ အတူ အိမ်ရာချေးငွေများကို ရယူပြီး သင့်စိတ်ကူးထဲက အိမ်ကိုဝယ်ယူလိုက်ပါတော့...
မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေ အရောင်းပြပွဲကြီး (၁၂ ကြိမ်မြောက်)
ကျင်းပမည့်ရက် - (၆) ရက် မှ (၈) ရက် ၊ ဒီဇင်ဘာလ ၊ ၂ဝ၁၉ ခုနှစ် (သောကြာ ၊ စနေ ၊ တနင်္ဂနွေ)
ကျင်းပမည့်အချိန် - နံနက် (၉) နာရီ မှ ညနေ (၅) နာရီအထိ။
ကျင်းပမည့်နေရာ - (တပ်မတော်ခန်းမ) ၊ ဦးဝိစာရလမ်း ၊ ရန်ကုန်မြို့။
မည်သူမဆို အခမဲ့ တက်ရောက်နိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက iMyanmarHouse.com ၏ Hot Line Number : 09 – 455294841~5သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးအပ်ပါသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)