ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
ေအာ္ပရာဝင္းဖေရးသည္ အေမရိကန္ျပည္ေထာင္စု ၊ ကယ္လီဖိုးနီးယားျပည္နယ္ရွိ ေမြးျမဴေရးျခံၾကီးတစ္ခုကို ကန္ေဒၚလာ ၆ ဒသမ ၈၅ သန္း ျဖင့္ဝယ္ယူလုိက္ျပီ ျဖစ္သည္။ ေအာ္ပရာဝင္းဖေရးသည္ အဆိုပါ ျခံၾကီးကို ရုပ္ရွင္သရုပ္ေဆာင္ ဂ်က္ဖ္ဘရစ္ဂ်္ထံမွ ဝယ္ယူလုိက္ျခင္းျဖစ္သည္။
ဂ်က္ဖ္ဘရစ္ဂ်္သည္ ၂၀၀၉ ခုႏွစ္က ထုတ္လုပ္ခဲ့သည့္ ရုပ္ရွင္ျဖစ္ေသာ Crazy Heart ဇာတ္ကားျဖင့္ အေကာင္းဆံုးသရုပ္ေဆာင္အျဖစ္ ေအာ္စကာဆုရရွိခဲ့သူ ျဖစ္သည္။ ၎တုိ႔ ၂ဦးသည္ အိမ္နီးခ်င္းမ်ားျဖင့္ ႏွစ္ေပါင္းမ်ားစြာေနထိုင္ခဲ့ၾကေၾကာင္း သိရသည္။
ေအာ္ပရာဝင္းဖေရး ပိုင္ဆုိင္ထားေသာ ကယ္လီဖိုးနီးယားျပည္နယ္၊ မြန္တီစီတုိ ျမိဳ ့ကေလးရွိ ျခံဝန္းၾကီးမွာဧကေပါင္း ၆၀ ေက်ာ္က်ယ္ဝန္းျပီး Promised Land ျခံဝန္းၾကီးဟု လူသိမ်ားသည္။
ယခုအခါ ဂ်က္ဖ္ဘရစ္ထံမွ ကပ္လွ်က္ျခံဝန္းကို ဝယ္ယူလုိက္ျခင္းျဖစ္သည္။
အသစ္ဝယ္ယူလုိက္ေသာ ျခံဝန္းမွာ ၄ ဧက က်ယ္ဝန္းျပီး ပင္မေနအိမ္အျဖစ္ စပိန္ရီဗိုက္ဗယ္ ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားေသာ စံအိမ္တစ္လံုးပါဝင္သည္။ အဆိုပါ ေနအိမ္ကုိ ၂၀၁၆ ခုႏွစ္တြင္ အသစ္ျပန္လည္မြမ္းမံခဲ့ရာ မီးဖိုေဆာင္ႏွင့္ေရခ်ိဳးခန္းမ်ားမွာ မ်ားစြာ ေခတ္မီသြားခဲ့သည္။
သို႔ရာတြင္ ျပတင္းေပါက္မ်ားႏွင့္ ျပင္သစ္ တံခါးမ်ားမွာမူ ၁၉၁၉ ခုႏွစ္က ေဆာက္လုပ္ထားခဲ့သည့္အတုိင္း မူရင္းလက္ရာမပ်က္ တည္ရွိေနဆဲ ျဖစ္သည္။
အဆုိပါ စံအိမ္တြင္ ဧည့္ေဂဟာ ၁လံုး၊ ေရကူးကန္ေဘးနားေနအိမ္ ၁လံုးတုိ႔ အျပင္ အျခားအေဆာက္အအံုမ်ားလည္းမ်ားစြာ ပါဝင္ေသးသည္။
ေအာ္ပရာဝင္းဖေရးသည္ တစ္ခ်ိန္က ကမၻာ့ၾသဇာအလႊမ္းဆံုး အမ်ိဳးသမီးတစ္ဦးအျဖစ္ သတ္မွတ္ခံခဲ့ရျပီး Oprah Winfrey Show ကို ၂၅ ႏွစ္တုိင္ေအာင္ အစီအစဥ္တင္ဆက္သူအျဖစ္ ပါဝင္ခဲ့သည္။
(ဆက္စပ္သတင္းမ်ား)
(၁) ေအာ္ပရာဝင္းဖေရးက ဝါရွင္တန္ျပည္နယ္တြင္ ကန္ေဒၚလာ ၈ သန္းျဖင့္ ဧကေပါင္း ၄၀ က်ယ္ဝန္းသည့္ ျခံဝန္းႏွင့္ ေနအိမ္တစ္လံုးဝယ္ယူ
https://www.imyanmarhouse.com/news/read/738687
(၂) ေအာ္ပရာဝင္းဖေရး၏ ခ်ီကာဂိုေနအိမ္ ကန္ေဒၚလာ ၄ သိန္းနီးပါးျဖင့္ အေရာင္းေစ်းကြက္ဝင္လာ
https://www.imyanmarhouse.com/news/read/627834
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
အော်ပရာဝင်းဖရေးသည် အမေရိကန်ပြည်ထောင်စု ၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ မွေးမြူရေးခြံကြီးတစ်ခုကို ကန်ဒေါ်လာ ၆ ဒသမ ၈၅ သန်း ဖြင့်ဝယ်ယူလိုက်ပြီ ဖြစ်သည်။ အော်ပရာဝင်းဖရေးသည် အဆိုပါ ခြံကြီးကို ရုပ်ရှင်သရုပ်ဆောင် ဂျက်ဖ်ဘရစ်ဂျ်ထံမှ ဝယ်ယူလိုက်ခြင်းဖြစ်သည်။
ဂျက်ဖ်ဘရစ်ဂျ်သည် ၂၀၀၉ ခုနှစ်က ထုတ်လုပ်ခဲ့သည့် ရုပ်ရှင်ဖြစ်သော Crazy Heart ဇာတ်ကားဖြင့် အကောင်းဆုံးသရုပ်ဆောင်အဖြစ် အော်စကာဆုရရှိခဲ့သူ ဖြစ်သည်။ ၎င်းတို့ ၂ဦးသည် အိမ်နီးချင်းများဖြင့် နှစ်ပေါင်းများစွာနေထိုင်ခဲ့ကြကြောင်း သိရသည်။
အော်ပရာဝင်းဖရေး ပိုင်ဆိုင်ထားသော ကယ်လီဖိုးနီးယားပြည်နယ်၊ မွန်တီစီတို မြို ့ကလေးရှိ ခြံဝန်းကြီးမှာဧကပေါင်း ၆၀ ကျော်ကျယ်ဝန်းပြီး Promised Land ခြံဝန်းကြီးဟု လူသိများသည်။
ယခုအခါ ဂျက်ဖ်ဘရစ်ထံမှ ကပ်လျှက်ခြံဝန်းကို ဝယ်ယူလိုက်ခြင်းဖြစ်သည်။
အသစ်ဝယ်ယူလိုက်သော ခြံဝန်းမှာ ၄ ဧက ကျယ်ဝန်းပြီး ပင်မနေအိမ်အဖြစ် စပိန်ရီဗိုက်ဗယ် ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော စံအိမ်တစ်လုံးပါဝင်သည်။ အဆိုပါ နေအိမ်ကို ၂၀၁၆ ခုနှစ်တွင် အသစ်ပြန်လည်မွမ်းမံခဲ့ရာ မီးဖိုဆောင်နှင့်ရေချိုးခန်းများမှာ များစွာ ခေတ်မီသွားခဲ့သည်။
သို့ရာတွင် ပြတင်းပေါက်များနှင့် ပြင်သစ် တံခါးများမှာမူ ၁၉၁၉ ခုနှစ်က ဆောက်လုပ်ထားခဲ့သည့်အတိုင်း မူရင်းလက်ရာမပျက် တည်ရှိနေဆဲ ဖြစ်သည်။
အဆိုပါ စံအိမ်တွင် ဧည့်ဂေဟာ ၁လုံး၊ ရေကူးကန်ဘေးနားနေအိမ် ၁လုံးတို့ အပြင် အခြားအဆောက်အအုံများလည်းများစွာ ပါဝင်သေးသည်။
အော်ပရာဝင်းဖရေးသည် တစ်ချိန်က ကမ္ဘာ့သြဇာအလွှမ်းဆုံး အမျိုးသမီးတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပြီး Oprah Winfrey Show ကို ၂၅ နှစ်တိုင်အောင် အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်ခဲ့သည်။
(ဆက်စပ်သတင်းများ)
(၁) အော်ပရာဝင်းဖရေးက ဝါရှင်တန်ပြည်နယ်တွင် ကန်ဒေါ်လာ ၈ သန်းဖြင့် ဧကပေါင်း ၄၀ ကျယ်ဝန်းသည့် ခြံဝန်းနှင့် နေအိမ်တစ်လုံးဝယ်ယူ
https://www.imyanmarhouse.com/news/read/738687
(၂) အော်ပရာဝင်းဖရေး၏ ချီကာဂိုနေအိမ် ကန်ဒေါ်လာ ၄ သိန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ
https://www.imyanmarhouse.com/news/read/627834
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)