ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
ဗီယက္နမ္တြင္ ျပည္တြင္း developer ႏွင့္ ဂ်ပန္ကုန္သြယ္ေရးကုမၸဏီတစ္ခုတုိ႔၏ အက်ဳိးတူပူးေပါင္းေဆာင္ရြက္မႈေၾကာင့္ မ်ဳိးဆက္သစ္ “စမတ္စီးတီး” တစ္ခု ေပၚေပါက္လာေတာ့မည္ျဖစ္ေၾကာင္း NHK ဂ်ပန္သတင္းဌာနက အစီရင္ခံခဲ့သည္။
Sumitomo Corporation က ဗီယက္နမ္ developer ျဖစ္သည့္ BRG Group ႏွင့္အတူ ဟႏြိဳင္းတြင္ ေအာက္တုိဘာ ၆ က စတင္မိတ္ဆက္ခဲ့ေသာ ၎စမတ္စီးတီးစီမံကိန္းသို႔ ဂ်ပန္ယန္း ၄၅၀ ဘီလ်ံ (အေမရိကန္ေဒၚလာ ၄ ဒသမ ၂ ဘီလ်ံ) ရင္းႏွီးျမႇဳပ္ႏွံမည္ျဖစ္ေၾကာင္း သိရသည္။
ေျမဟက္တာ ၂၇၂ ဟက္တာက်ယ္ဝန္းသည့္ ၎စမတ္စီးတီးတြင္ ပဏာမအဆင့္၌ပင္ လူေနအိမ္ ၇ ေထာင္ထက္မနည္းႏွင့္ ဒုတိယအဆင့္တြင္ ႐ံုးအေဆာက္အအံုႏွင့္ ကုန္သြယ္ေရးအေဆာက္အအံုမ်ား ေဖာ္ေဆာင္မည္ျဖစ္သည္။ လူေနအိမ္မ်ားအတြက္ ေျမဟက္တာ ၇၃ ဟက္တာခန္႔ ေျမေနရာေပးမည္ျဖစ္ၿပီး လူေနအိမ္က႑ေဆာက္လုပ္မႈအား ၂၀၂၀ ျပည့္ႏွစ္တြင္ စတင္ရန္ စီစဥ္ထားသည္။
ၿမိဳ႕ေတာ္ဟႏြိဳင္းမွ မိနစ္ ၂၀ ၾကာ ကားလမ္းခရီးအကြာအေဝးရွိ ထိုစမတ္စီးတီးသည္ internet of things (IoT) ၊ 5G ႀကိဳးမဲ့ကြန္ရက္မ်ား ၊ အသိဉာဏ္တု (AI) ၊ နည္းပညာျမင့္ ေထာက္လွမ္းေရးကင္မရာမ်ား အသံုးျပဳထားသည့္ facial-recognition security system မ်ားကို အသံုးျပဳ၍ စမတ္ၿမိဳ႕ျပအျဖစ္ အသက္ဝင္ေနမည္ျဖစ္သည္။
“ဗီယက္နမ္နဲ႔ သင့္ေလ်ာ္တဲ့ စမတ္စီးတီးတစ္ခုကို ကၽြန္ေတာ္တို႔ ဖန္တီးမွာျဖစ္ပါတယ္” ဟု Sumitomo ကုမၸဏီ ဥကၠ႒ မာဆာယူကီေဟ်ာဒိုက ေျပာၾကားခဲ့ေၾကာင္း Nikkei Asian Review ဂ်ပန္သတင္းစာက ေျပာၾကားခဲ့သည္။
၎စမတ္စီးတီး၏ အထပ္ျမင့္တုိက္ခန္းမ်ားႏွင့္ ကြန္ဒိုခန္းမ်ားတြင္ လူဦးေရ ၂ ေသာင္းမွ ၂ ေသာင္းခြဲအၾကား ေနထိုင္မည္ဟု ခန္႔မွန္းထားသည္။ အိမ္ခန္းမ်ားအား ၂၀၂၂ ခုႏွစ္မွစတင္ကာ ေရာင္းခ်မည္ျဖစ္သည္။
စီမံကိန္း၏ အျခားက႑မ်ားအား ေဆာက္လုပ္မႈမ်ားသည္ ၂၀၂၈ ခုႏွစ္အထိ ၾကာျမင့္ႏိုင္သည္ဟု ခန္႔မွန္းထားသည္။
Sumitomo ကုမၸဏီ ဥကၠ႒ မာဆာယူကီေဟ်ာဒိုက သူ႕အေနျဖင့္ ထိုစီမံကိန္းက ဗီယက္နမ္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အေထာက္အကူအျဖစ္မည္ဟု ေမွ်ာ္လင့္ေၾကာင္းႏွင့္ ဗီယက္နမ္ျပင္ပ အျခားဖြံ႕ၿဖိဳးႏႈန္းျမင့္ေနရာမ်ားသို႔လည္း အလားတူစီမံကိန္းမ်ား ေဆာင္ၾကဥ္းေပးႏုိင္ရန္ ေမွ်ာ္လင့္ေၾကာင္းလည္း ေျပာၾကားခဲ့သည္ဟု သိရသည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
ဗီယက်နမ်တွင် ပြည်တွင်း developer နှင့် ဂျပန်ကုန်သွယ်ရေးကုမ္ပဏီတစ်ခုတို့၏ အကျိုးတူပူးပေါင်းဆောင်ရွက်မှုကြောင့် မျိုးဆက်သစ် “စမတ်စီးတီး” တစ်ခု ပေါ်ပေါက်လာတော့မည်ဖြစ်ကြောင်း NHK ဂျပန်သတင်းဌာနက အစီရင်ခံခဲ့သည်။
Sumitomo Corporation က ဗီယက်နမ် developer ဖြစ်သည့် BRG Group နှင့်အတူ ဟနွိုင်းတွင် အောက်တိုဘာ ၆ က စတင်မိတ်ဆက်ခဲ့သော ၎င်းစမတ်စီးတီးစီမံကိန်းသို့ ဂျပန်ယန်း ၄၅၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလျံ) ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း သိရသည်။
မြေဟက်တာ ၂၇၂ ဟက်တာကျယ်ဝန်းသည့် ၎င်းစမတ်စီးတီးတွင် ပဏာမအဆင့်၌ပင် လူနေအိမ် ၇ ထောင်ထက်မနည်းနှင့် ဒုတိယအဆင့်တွင် ရုံးအဆောက်အအုံနှင့် ကုန်သွယ်ရေးအဆောက်အအုံများ ဖော်ဆောင်မည်ဖြစ်သည်။ လူနေအိမ်များအတွက် မြေဟက်တာ ၇၃ ဟက်တာခန့် မြေနေရာပေးမည်ဖြစ်ပြီး လူနေအိမ်ကဏ္ဍဆောက်လုပ်မှုအား ၂၀၂၀ ပြည့်နှစ်တွင် စတင်ရန် စီစဉ်ထားသည်။
မြို့တော်ဟနွိုင်းမှ မိနစ် ၂၀ ကြာ ကားလမ်းခရီးအကွာအဝေးရှိ ထိုစမတ်စီးတီးသည် internet of things (IoT) ၊ 5G ကြိုးမဲ့ကွန်ရက်များ ၊ အသိဉာဏ်တု (AI) ၊ နည်းပညာမြင့် ထောက်လှမ်းရေးကင်မရာများ အသုံးပြုထားသည့် facial-recognition security system များကို အသုံးပြု၍ စမတ်မြို့ပြအဖြစ် အသက်ဝင်နေမည်ဖြစ်သည်။
“ဗီယက်နမ်နဲ့ သင့်လျော်တဲ့ စမတ်စီးတီးတစ်ခုကို ကျွန်တော်တို့ ဖန်တီးမှာဖြစ်ပါတယ်” ဟု Sumitomo ကုမ္ပဏီ ဥက္ကဋ္ဌ မာဆာယူကီဟျောဒိုက ပြောကြားခဲ့ကြောင်း Nikkei Asian Review ဂျပန်သတင်းစာက ပြောကြားခဲ့သည်။
၎င်းစမတ်စီးတီး၏ အထပ်မြင့်တိုက်ခန်းများနှင့် ကွန်ဒိုခန်းများတွင် လူဦးရေ ၂ သောင်းမှ ၂ သောင်းခွဲအကြား နေထိုင်မည်ဟု ခန့်မှန်းထားသည်။ အိမ်ခန်းများအား ၂၀၂၂ ခုနှစ်မှစတင်ကာ ရောင်းချမည်ဖြစ်သည်။
စီမံကိန်း၏ အခြားကဏ္ဍများအား ဆောက်လုပ်မှုများသည် ၂၀၂၈ ခုနှစ်အထိ ကြာမြင့်နိုင်သည်ဟု ခန့်မှန်းထားသည်။
Sumitomo ကုမ္ပဏီ ဥက္ကဋ္ဌ မာဆာယူကီဟျောဒိုက သူ့အနေဖြင့် ထိုစီမံကိန်းက ဗီယက်နမ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူအဖြစ်မည်ဟု မျှော်လင့်ကြောင်းနှင့် ဗီယက်နမ်ပြင်ပ အခြားဖွံ့ဖြိုးနှုန်းမြင့်နေရာများသို့လည်း အလားတူစီမံကိန်းများ ဆောင်ကြဉ်းပေးနိုင်ရန် မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့သည်ဟု သိရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)