ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
iMyanmarHouse.com
### Unicode Version ###
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ) မှ ကြီးမှူး၍ ကန်တော်ကြီးအနီး Royal Garden View ကွန်ဒို အရောင်းပြပွဲကို ၂၀၁၉ ခုနှစ် ၊ အောက်တိုဘာလ ( ၅ ၊ ၆ ) စနေ ၊ တနင်္ဂနွေ နေ့များတွင် မနက် (၉) နာရီ မှ ညနေ (၅) နာရီ အထိ စီမံကိန်းတည်ရှိရာ အမှတ် (၃၇) ၊ ဦးထွန်းမြတ်လမ်း ၊ တာမွေမြို့နယ်တွင် အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
ပြပွဲ (၂) ရက်အတွင်းတွင် ပထမဆုံးဝယ်ယူသူ (၅) ဦးကို အထူးသက်သာခွင့်များ နှင့်အတူ အတိုးမဲ့ အရစ်ကျစနစ် ၊ KBZ Bank ဖြင့် (၁၅) နှစ်အထိ အရစ်ကျစနစ်များဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
Royal Garden View ကွန်ဒိုကို Yadanar Myaing Construction မှ တည်ဆောက်ပြီး အမှတ် (၃၇) ဦးထွန်းမြတ်လမ်း ၊ တာမွေမြို့နယ် တွင် တည်ရှိကြောင်း သိရသည်။ အဆိုပါကွန်ဒိုသည် ဘိုးဘွားပိုင်မြေပေါ်မှာ (၁၂) ထပ် အမြင့်ရှိပြီး 1378 sqft မှ 2080 sqft အထိ ကျယ်ဝန်းသော အခန်းများ ရွေးချယ်နိုင်သည်ဖြစ်သည်။ ရေကူးကန် ၊ အားကစားခန်းမ ၊ Sauna Room ၊ Function Hall ၊ ဓာတ်လှေကား ၊ ကားပါကင် စသည့် ကွန်ဒို Facilities များပါဝင်သည်။ အနီးအနားတွင် ရွှေတိဂုံဘုရား ၊ United Living Mall ၊ မင်္ဂလာစျေး ၊ ယုဇနပလာဇာ ၊ Ocean Supermarket ၊ Chatrium Hotel တို့တည်ရှိသည်။
“ ဒီ Royal Garden View ကွန်ဒိုဟာ ဦးထွန်းမြတ်လမ်းပေါ်မှာ တည်ရှိတာကြောင့် သွားလာရလွယ်ကူစေပါတယ်။ အနီးပတ်ဝန်းကျင်မှာ သံရုံးများ ၊ ကျောင်းများ ၊ စျေးများ ၊ ဟိုတယ်များ ၊ ဘဏ်များရှိတာကြောင့် Location ကောင်းတဲ့ကွန်ဒိုတစ်ခုပဲဖြစ်ပါတယ်။ ရေကူးကန် ၊ အားကစားခန်းမ ၊ ချွေးထုတ်ခန်း ၊ Function Hall ၊ ဓာတ်လှေကား ၊ ကားပါကင် စတဲ့ Facilities များပါဝင်ပြီး မကြာမီပြီးစီးတော့မှာဖြစ်လို့ ဝယ်ယူသူများ သဘောကျ နှစ်သက်စေမှာပါ ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူဦးနေမင်းသူမှ ပြောကြားသွားခဲ့သည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)