ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
ပထမအဆင့် ရောင်းချမယ့် မြေကွက်ငါးရာကျော်အတွက် ပြီးခဲ့တဲ့အောက်တိုဘာ ၇ရက်နေ့ ကစတင်ကာ မြေအသုံးပြုခွင့် လျှောက်လွှာတွေကို စတင်ရောင်းချခဲ့တာဖြစ်ပါတယ်။
### Unicode Version ###
ရန်ကုန်တိုင်း အတွင်းက မြေတွေကို အစိုးရက အဆင့်သုံးဆင့်နဲ့ ရောင်းချနေတာဖြစ်တယ်လို ့ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းကပြောပါတယ်။
ပထမအဆင့်အနေနဲ့ လှိုင်သာယာ ၊ ရွှေပြည်သာ နဲ့ ဒဂုံ လေးမြို့နယ်က မြေကွက်ပေါင်းငါးရာကျော်အတွက် ဒီနေ့ကစပြီး လျှောက်လွှာဝယ်ယူနိုင်ပြီဖြစ်ပါတယ်။
ဒုတိယအဆင့်ကတော့ မြောင်းတကာစက်မှုဇုန်က စက်မှုမြေကွက် တစ်ရာ့ရှစ်ဆယ်ကျော်ကို ရောင်းချမှာပါ။
တတိယအဆင့်အနေနဲ့ကတော့ ဒဂုံအရှေ့ နဲ့ ဒဂုံဆိပ်ကမ်း က စိုက်ပျိုးရေးဇုန်အဖြစ် သတ်မှတ်ခဲ့တဲ့ ဧကကိုးထောင်ကျော်ကို ရောင်းချသွားမှာဖြစ်ပါတယ်။
ပထမအဆင့် ရောင်းချမယ့် မြေကွက်ငါးရာကျော်အတွက် ပြီးခဲ့တဲ့အောက်တိုဘာ ရရက်နေ ့ကစတင်ကာ မြေအသုံးပြုခွင့် လျှောက်လွှာတွေကို စတင်ရောင်းချခဲ့တာဖြစ်ပါတယ်။
အဲဒီ့ပြန်တင်လာတဲ့ လျှောက်လွှာတွေကို အစိုးရက စိစစ်ပြီးမှ မြေတွေကို ရောင်းချပေးသွားမယ်လို့လည်း ဦးသန်းကပြောပါတယ်။
နေရှင်းမြန်မာ မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com