ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
အေမရိကန္ျပည္၊ နယူးဂ်ာစီျပည္နယ္တြင္ ျခိမ္းေျခာက္စာမ်ား ေပးပို႔ခံေနရေသာ ေနအိမ္ၾကီး၏ ပိုင္ရွင္မ်ားက ေျခာက္ျခားကာ ေနအိမ္ကိုကန္ေဒၚလာတစ္သန္းနီးပါးျဖင့္ ေရာင္းထုတ္လိုက္ေၾကာင္း နယူးေယာက္အေျခစိုက္ သတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။
ေနအိမ္ပိုင္ရွင္မ်ားသည္ နယူးဂ်ာစီျပည္နယ္၊ ဝက္စ္ဖီးလ္ဒ္ျမိဳ႕ရွိ အဆိုပါေနအိမ္သို႔ ျခိမ္းေျခာက္စာမ်ား ႏွစ္ေပါင္းမ်ားစြာ ေရာက္ရွိေနခဲ့ေသာေၾကာင့္ ေနထိုင္ခဲ့ျခင္းမျပဳခဲ့ေခ်။
ယင္းေဒသတခြင္တြင္ “ေစာင့္ၾကည့္သူ” စံအိမ္ဟု လူသိမ်ားေနေသာ အဆိုပါစံအိမ္ၾကီးကို ျပီးခဲ့ေသာ စက္တင္ဘာလအတြင္းက ေရာင္းထုတ္ခဲ့သည္ဟု Bloomberg သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။
စံအိမ္တြင္ အိပ္ခန္း ၆ ခန္းပါဝင္ျပီး ဒပ္ခ်္ကိုလိုနီ ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားျခင္းျဖစ္ကာ ကန္ေဒၚလာ ၉၅၉၃၆၀ ျဖင့္ ေရာင္းခ်ခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။
ဒဲရက္ခ္ႏွင့္ မာရီယာ ဘေရာ့ဒပ္စ္တို႔ ဇနီးေမာင္ႏွံသည္ အဆိုပါစံအိမ္ကို ၂၀၁၄ ခုႏွစ္၊ ဇြန္လအတြင္း ကန္ေဒၚလာ ၁ ဒသမ ၄ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္သည္။
သို႔ရာတြင္ “ေစာင့္ၾကည့္သူ” ဟု အမည္ေပးကာ ျခိမ္းေျခာက္စာမ်ား ေပးပို႔ေနသူတစ္ဦးေၾကာင့္ အဆိုပါစံအိမ္သို႔ ေျပာင္းေရႊ႕ေနထိုင္ျခင္း မျပဳခဲ့ေခ်။
သားသမီးမ်ားလည္းရွိေသာ ဒဲရက္ခ္တို႔ ဇနီးေမာင္ႏွံက ေျပာၾကားရာတြင္ ျခိမ္းေျခာက္စာပို႔သူသည္ ယခုေနအိမ္ႏွင့္ စပ္လ်ဥ္းျပီး မေက်နပ္ခ်က္တစ္ခုခု ရွိေနသူျဖစ္ႏိုင္ေၾကာင္း ေျပာၾကားသည္။
ျခိမ္းေျခာက္စာမ်ားအတြင္း “ေစာင့္ၾကည့္သူ” က ေရးသားထားရာတြင္ ၎သည္ ေနအိမ္၏ ပိုင္ရွင္မွန္ျဖစ္ေၾကာင္း၊ ေနအိမ္ကို လာေရာက္ေနထိုင္မည့္သူတို႔ကို အျမဲေစာင့္ၾကည့္ေနမည္ျဖစ္ေၾကာင္း ေရးသားထားသည္။
တစ္ခုေသာ ေပးစာအတြင္း၌ ေရးသားထားရာတြင္ “ဘာေၾကာင့္ ဒီမွာေနတာလဲ။ လမ္းဘက္ကို မ်က္ႏွာမူတဲ့ အိပ္ခန္း ဘယ္သူ႔မွာရွိလဲ။ မင္းတို႔ ေျပာင္းလာျပီဆိုတာနဲ႔ ငါသိေနလိမ့္မယ္” ေရးသားထားသည္ဟုဆိုသည္။
ဒဲရက္ခ္တို႔ ဇနီးေမာင္ႏွံက အဆိုပါျဖစ္ရပ္မ်ားႏွင့္ စပ္လ်ဥ္းျပီး ေနအိမ္၏ ယခင္ပိုင္ရွင္မ်ားကို ၂၀၁၅ ခုႏွစ္၊ ဇြန္လအတြင္း တရားစြဲဆိုခဲ့သည္။
ဒဲရက္ခ္တို႔ တရားစြဲဆိုခဲ့ျခင္းမွာ မူလပိုင္ရွင္မ်ားသည္ “ေစာင့္ၾကည့္သူ” က ျခိမ္းေျခာက္စာမ်ား ယခင္ကလည္း ပို႔ခဲ့ဖူးသည့္ အေၾကာင္းကို ေနအိမ္ေရာင္းခ်ရာတြင္ ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္းမရွိဟုဆိုကာ တရားစြဲခဲ့ျခင္းျဖစ္ျပီး ေနာက္ပိုင္းတြင္မူ အမႈပိတ္သိမ္းျခင္းခံရသည္။
ယင္းေနာက္ပိုင္း မူလပိုင္ရွင္မ်ားက အသေရဖ်က္မႈျဖင့္ ဒဲရက္ခ္တို႔ကို ျပန္လည္တရားစြဲဆိုခဲ့သည္။
ဝက္စ္ဖီးရဲတပ္ဖြဲ႔က “ေစာင့္ၾကည့္သူ” ကို လိုက္လံရွာေဖြျခင္းမ်ား ျပဳလုပ္ခဲ့ေသာ္လည္း ယေန႔အထိမူ အဆိုပါအေၾကာင္းရပ္ႏွင့္ စပ္လ်ဥ္းျပီး မည္သူတစ္ဦးတစ္ေယာက္မွ် ဖမ္းဆီးတရားစြဲခံရျခင္းမရွိေသးေခ်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
အမေရိကန်ပြည်၊ နယူးဂျာစီပြည်နယ်တွင် ခြိမ်းခြောက်စာများ ပေးပို့ခံနေရသော နေအိမ်ကြီး၏ ပိုင်ရှင်များက ခြောက်ခြားကာ နေအိမ်ကို ကန်ဒေါ်လာ တစ်သန်းနီးပါးဖြင့် ရောင်းထုတ်လိုက်ကြောင်း နယူးယောက်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
နေအိမ်ပိုင်ရှင်များသည် နယူးဂျာစီပြည်နယ်၊ ဝက်စ်ဖီးလ်ဒ်မြို့ရှိ အဆိုပါနေအိမ်သို့ ခြိမ်းခြောက်စာများ နှစ်ပေါင်းများစွာ ရောက်ရှိနေခဲ့သောကြောင့် နေထိုင်ခဲ့ခြင်း မပြုခဲ့ချေ။
ယင်းဒေသတခွင်တွင် “စောင့်ကြည့်သူ” စံအိမ်ဟု လူသိများနေသော အဆိုပါစံအိမ်ကြီးကို ပြီးခဲ့သော စက်တင်ဘာလအတွင်းက ရောင်းထုတ်ခဲ့သည်ဟု Bloomberg သတင်းတစ်ရပ်တွင် ဖော်ပြသည်။
စံအိမ်တွင် အိပ်ခန်း ၆ ခန်းပါဝင်ပြီး ဒပ်ချ်ကိုလိုနီ ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ကာ ကန်ဒေါ်လာ ၉၅၉၃၆၀ ဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဒဲရက်ခ်နှင့် မာရီယာ ဘရော့ဒပ်စ်တို့ ဇနီးမောင်နှံသည် အဆိုပါစံအိမ်ကို ၂၀၁၄ ခုနှစ်၊ ဇွန်လအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၄ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် “စောင့်ကြည့်သူ” ဟု အမည်ပေးကာ ခြိမ်းခြောက်စာများ ပေးပို့နေသူတစ်ဦးကြောင့် အဆိုပါစံအိမ်သို့ ပြောင်းရွှေ့နေထိုင်ခြင်း မပြုခဲ့ချေ။
သားသမီးများလည်းရှိသော ဒဲရက်ခ်တို့ ဇနီးမောင်နှံက ပြောကြားရာတွင် ခြိမ်းခြောက်စာပို့သူသည် ယခုနေအိမ်နှင့် စပ်လျဉ်းပြီး မကျေနပ်ချက်တစ်ခုခု ရှိနေသူဖြစ်နိုင်ကြောင်း ပြောကြားသည်။
ခြိမ်းခြောက်စာများအတွင်း “စောင့်ကြည့်သူ” က ရေးသားထားရာတွင် ၎င်းသည် နေအိမ်၏ ပိုင်ရှင်မှန်ဖြစ်ကြောင်း၊ နေအိမ်ကို လာရောက်နေထိုင်မည့်သူတို့ကို အမြဲစောင့်ကြည့်နေမည်ဖြစ်ကြောင်း ရေးသားထားသည်။
တစ်ခုသော ပေးစာအတွင်း၌ ရေးသားထားရာတွင် “ဘာကြောင့် ဒီမှာနေတာလဲ။ လမ်းဘက်ကို မျက်နှာမူတဲ့ အိပ်ခန်း ဘယ်သူ့မှာရှိလဲ။ မင်းတို့ ပြောင်းလာပြီဆိုတာနဲ့ ငါသိနေလိမ့်မယ်” ရေးသားထားသည်ဟု ဆိုသည်။
ဒဲရက်ခ်တို့ ဇနီးမောင်နှံက အဆိုပါဖြစ်ရပ်များနှင့် စပ်လျဉ်းပြီး နေအိမ်၏ ယခင်ပိုင်ရှင်များကို ၂၀၁၅ ခုနှစ်၊ ဇွန်လအတွင်း တရားစွဲဆို ခဲ့သည်။
ဒဲရက်ခ်တို့ တရားစွဲဆိုခဲ့ခြင်းမှာ မူလပိုင်ရှင်များသည် “စောင့်ကြည့်သူ” က ခြိမ်းခြောက်စာများ ယခင်ကလည်း ပို့ခဲ့ဖူးသည့် အကြောင်းကို နေအိမ်ရောင်းချရာတွင် ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိဟုဆိုကာ တရားစွဲခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင်မူ အမှုပိတ်သိမ်းခြင်းခံရသည်။
ယင်းနောက်ပိုင်း မူလပိုင်ရှင်များက အသရေဖျက်မှုဖြင့် ဒဲရက်ခ်တို့ကို ပြန်လည်တရားစွဲဆိုခဲ့သည်။
ဝက်စ်ဖီးရဲတပ်ဖွဲ့က “စောင့်ကြည့်သူ” ကို လိုက်လံရှာဖွေခြင်းများ ပြုလုပ်ခဲ့သော်လည်း ယနေ့အထိမူ အဆိုပါအကြောင်းရပ်နှင့် စပ်လျဉ်းပြီး မည်သူတစ်ဦးတစ်ယောက်မျှ ဖမ်းဆီးတရားစွဲခံရခြင်း မရှိသေးချေ။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)