ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
ရန္ကုန္တိုင္း အစိုးရက ေရာင္းခ်သည့္ ေျမကြက္မ်ားသည္ ၃ ႏွစ္အတြင္း ျပန္လည္ေရာင္းခ်ျခင္းႏွင့္ အမည္ေျပာင္းလဲျခင္း ခြင့္မျပဳေၾကာင္း ရန္ကုန္တိုင္းအစိုးရကဆိုသည္။
တိုင္းအစိုးရကေျမကြက္ေရာင္းခ်မည့္ေလ်ာက္လႊာမ်ားကို ေအာက္တိုဘာ ၇ ရက္တြင္ စတင္ေရာင္းခ်ျခင္း ျဖစ္ၿပီး နိုဝင္ဘာ ၇ ရက္တြင္ ျပန္လည္တင္ျပရမည္ျဖစ္သည္။
ထိုသို႔ေရာင္းခ်ရာတြင္ လိႈင္သာယာ ၊ ေရႊျပည္သာ ႏွင့္ ဒဂုံေလးၿမိဳ႕နယ္တို႔ စက္မႈေျမကြက္ ၅၀၀၊ ေျမာင္းတကာစက္မႈဇုန္ရွိ စက္မႈေျမကြက္ တစ္ရာ့ရွစ္ဆယ္ေက်ာ္၊ ဒဂုံအေရွ႕ နဲ႔ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ တို႔မွ စိုက္ပ်ိဳးေရးဇုန္အျဖစ္သတ္မွတ္ထားသည္ ဧက ကိုးေထာင္ေက်ာ္ တို႔ျဖစ္သည္ဟု ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီတြဲဖက္အတြင္းေရးမႉး ဦးသန္းကေျပာသည္။
ထို႔ျပင္ စည္းကမ္းခ်က္မ်ား မလိုက္နာပါက ေျမႏွင့္အေဆာက္အအုံမ်ားကို တိုင္းအစိုးရက ျပန္လည္သိမ္းယူနိုင္ၿပီး ေပးသြင္း ေငြျပန္လည္ထုတ္ေပးမည္ မဟုတ္ဟုဆိုထားသည္။
စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ရန်ကုန်တိုင်းအစိုးရက ရောင်းချသည့် မြေကွက်များသည် ၃ နှစ်အတွင်း ပြန်လည်ရောင်းချခြင်းနှင့် အမည်ပြောင်းလဲခြင်း ခွင့်မပြုကြောင်း ရန်ကုန်တိုင်းအစိုးရကဆိုသည်။
တိုင်းအစိုးရကမြေကွက်ရောင်းချမည့်လျောက်လွှာများကို အောက်တိုဘာ ၇ ရက်တွင် စတင်ရောင်းချခြင်း ဖြစ်ပြီး နိုဝင်ဘာ ၇ ရက်တွင် ပြန်လည်တင်ပြရမည်ဖြစ်သည်။
ထိုသို့ရောင်းချရာတွင် လှိုင်သာယာ ၊ ရွှေပြည်သာ နှင့် ဒဂုံလေးမြို့နယ်တို့ စက်မှုမြေကွက် ၅၀၀၊ မြောင်းတကာစက်မှုဇုန်ရှိ စက်မှုမြေကွက် တစ်ရာ့ရှစ်ဆယ်ကျော်၊ ဒဂုံအရှေ့နဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တို့မှ စိုက်ပျိုးရေးဇုန်အဖြစ် သတ်မှတ်ထားသည် ဧက ကိုးထောင်ကျော် တို့ဖြစ်သည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတွဲဖက်အတွင်းရေးမှူး ဦးသန်းကပြောသည်။
ထို့ပြင် စည်းကမ်းချက်များ မလိုက်နာပါက မြေနှင့်အဆောက်အအုံများကို တိုင်းအစိုးရက ပြန်လည်သိမ်းယူနိုင်ပြီး ပေးသွင်း ငွေပြန်လည်ထုတ်ပေးမည် မဟုတ်ဟုဆိုထားသည်။
စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com