ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
အေမရိကန္ျပည္၊ နယူးဂ်ာစီျပည္နယ္တြင္ ေနအိမ္ၾကီးတစ္လံုးကို ၁၀ ေဒၚလာျဖင့္ အေရာင္းေစ်းကြက္တင္ထားသည္မွာ ၁ ႏွစ္ေက်ာ္အထိ ဝယ္ယူသူမရွိေသာေၾကာင့္ ျဖိဳခ်ဖ်က္သိမ္းလိုက္ရေၾကာင္း နယူးေယာက္အေျခစိုက္ သတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။
(မွတ္ခ်က္ - အဆိုပါ ေနအိမ္ၾကီး ေစ်းကြက္တင္ခဲ့စဥ္က သတင္းကို iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ ေရးသားတင္ျပခဲ့ျပီး ျဖစ္ရာ https://www.imyanmarhouse.com/news/read/662979 အင္တာနက္လင့္ခ္တြင္ ျပန္လည္ဖတ္ရႈႏိုင္ပါသည္)
ဝယ္ယူမည့္သူအေနျဖင့္ စတုရန္းေပ ၃၉၁၂ က်ယ္ဝန္းေသာ အဆိုပါအိမ္ကို ေဖာင္ေဒးရွင္းမွ မယူျပီး အျခားေနရာသို႔ ေျပာင္းယူရမည္ ျဖစ္သည္။ ယခုေရာင္းခ်မႈတြင္ ေျမမပါဝင္ဘဲ အိမ္ခ်ည္းသက္သက္ေရာင္းခ်ျခင္းျဖစ္သည္။
ဝယ္ယူမည့္သူသည္ ေနအိမ္ကို ဖ်က္သိမ္းကာ သယ္ယူခြင့္လည္းမရွိဘဲ အလံုးလိုက္သယ္ယူေျပာင္းေရႊ႕ရမည္ဟု ဆိုသည္။
Zillow ဝက္ဘ္ဆိုက္၏ ေဖာ္ျပခ်က္အရ လက္ရွိအားျဖင့္ နယူးဂ်ာစီျပည္နယ္တြင္ အေရာင္းေစ်းကြက္တင္ထားၾကေသာ အလတ္လတ္တန္းစား ေနအိမ္တစ္လံုး၏ တန္ဖိုးမွာ ကန္ေဒၚလာ ၃၄၂၀၀၀ ျဖစ္သည္။
နယူးဂ်ာစီျပည္နယ္၊ ေမာင့္ကလဲရဲျမိဳ႕ရွိ ဝိတိုရိယဗိသုကာဟန္ ယခုစံအိမ္ၾကီးကို ၂၀၁၇ ခုႏွစ္အတြင္း ၁၀ ေဒၚလာမွ်ျဖင့္ ေစ်းကြက္တင္ခဲ့ရာတြင္ ဝယ္လက္မ်ား စုျပံဳေရာက္ရွိလာမည္ဟု သင့္အေနျဖင့္ ေတြးဆခဲ့မည္ျဖစ္၏။
စင္စစ္ကား မယံုႏိုင္စရာ ဝယ္ယူသူမရွိခဲ့ေခ်။
ေရာင္းခ်သူက ေနာက္ပိုင္းတြင္ ဝယ္ယူကာ ေရႊ႕ေျပာင္းသယ္ယူမည့္သူကို ေဒၚလာ ၁၀၀၀၀ ပင္ ျပန္လည္ေပးအပ္ဦးမည္ဟု ေၾကညာခဲ့သည့္တိုင္ ဝယ္ယူမည့္သူမရွိခဲ့။
သို႔ႏွင့္ ေစ်းကြက္တင္ျပီး တစ္ႏွစ္ေက်ာ္အၾကာတြင္ကား မူဝါဒမ်ား ေျပာင္းလဲသြားျပီးေနာက္ပိုင္း ေအာ္ဘေရး လီဝစ္ဟုအမည္ရေသာ အဆိုပါစံအိမ္ၾကီးကို ဖ်က္သိမ္းလိုက္သည္ဟု NJ.com တြင္ ေဖာ္ျပသည္။
လက္ရွိအခ်ိန္တြင္ အဆိုပါအေဆာက္အအံုေနရာ၌ ေနအိမ္သစ္မ်ား ေဆာက္လုပ္လ်က္ရွိေနျပီ ျဖစ္သည္။
မူလေစ်းကြက္တင္မွတ္တမ္းမ်ားအရ ေအာ္ဘေရး လီဝစ္စံအိမ္ၾကီးတြင္ အိပ္ခန္း ၆ ခန္း၊ ေရခ်ဳိးခန္း ၃ ခန္း၊ ႏွစ္ေပါင္း ၁၁၀ သက္တမ္းရွိ ဗိသုကာအလွမ်ားပါဝင္ကာ နာမည္ေက်ာ္ ဗိသုကာပညာရွင္ Dudley S. Van Antwerp က ဒီဇိုင္းေရးဆြဲေပးခဲ့ျခ္း ျဖစ္သည္။
အမွတ္ ၄၄ ၊ Pleasant Ave လမ္းရွိ အဆိုပါေျမေနရာ၏ အက်ယ္အဝန္းမွာ ၂ ဒသမ ၇ ဧကရွိျပီး လက္ရွိတြင္ လံုးခ်င္းအိမ္ ၈ လံုး ေဆာက္လုပ္ထားျပီး The Collection ဟု အမည္ေပးထားသည္ဟု သိရသည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
အမေရိကန်ပြည်၊ နယူးဂျာစီပြည်နယ်တွင် နေအိမ်ကြီးတစ်လုံးကို ၁၀ ဒေါ်လာဖြင့် အရောင်းဈေးကွက်တင်ထားသည်မှာ ၁ နှစ်ကျော်အထိ ဝယ်ယူသူမရှိသောကြောင့် ဖြိုချဖျက်သိမ်းလိုက်ရကြောင်း နယူးယောက်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
(မှတ်ချက် - အဆိုပါ နေအိမ်ကြီး ဈေးကွက်တင်ခဲ့စဉ်က သတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ပြီး ဖြစ်ရာ https://www.imyanmarhouse.com/news/read/662979 အင်တာနက်လင့်ခ်တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်)
ဝယ်ယူမည့်သူအနေဖြင့် စတုရန်းပေ ၃၉၁၂ ကျယ်ဝန်းသော အဆိုပါအိမ်ကို ဖောင်ဒေးရှင်းမှ မယူပြီး အခြားနေရာသို့ ပြောင်းယူရမည် ဖြစ်သည်။ ယခုရောင်းချမှုတွင် မြေမပါဝင်ဘဲ အိမ်ချည်းသက်သက်ရောင်းချခြင်းဖြစ်သည်။
ဝယ်ယူမည့်သူသည် နေအိမ်ကို ဖျက်သိမ်းကာ သယ်ယူခွင့်လည်းမရှိဘဲ အလုံးလိုက်သယ်ယူပြောင်းရွှေ့ရမည်ဟု ဆိုသည်။
Zillow ဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ လက်ရှိအားဖြင့် နယူးဂျာစီပြည်နယ်တွင် အရောင်းဈေးကွက်တင်ထားကြသော အလတ်လတ်တန်းစား နေအိမ်တစ်လုံး၏ တန်ဖိုးမှာ ကန်ဒေါ်လာ ၃၄၂၀၀၀ ဖြစ်သည်။
နယူးဂျာစီပြည်နယ်၊ မောင့်ကလဲရဲမြို့ရှိ ဝိတိုရိယဗိသုကာဟန် ယခုစံအိမ်ကြီးကို ၂၀၁၇ ခုနှစ်အတွင်း ၁၀ ဒေါ်လာမျှဖြင့် ဈေးကွက်တင်ခဲ့ရာတွင် ဝယ်လက်များ စုပြုံရောက်ရှိလာမည်ဟု သင့်အနေဖြင့် တွေးဆခဲ့မည်ဖြစ်၏။
စင်စစ်ကား မယုံနိုင်စရာ ဝယ်ယူသူမရှိခဲ့ချေ။
ရောင်းချသူက နောက်ပိုင်းတွင် ဝယ်ယူကာ ရွှေ့ပြောင်းသယ်ယူမည့်သူကို ဒေါ်လာ ၁၀၀၀၀ ပင် ပြန်လည်ပေးအပ်ဦးမည်ဟု ကြေညာခဲ့သည့်တိုင် ဝယ်ယူမည့်သူမရှိခဲ့။ ရောင်းချသူဘက်က ထိုမျှလိုက်လျောရခြင်းအကြောင်းရင်းမှာ အဆိုပါနေရာတွင် အဆောက်အအုံသစ်ဆောက်လုပ်လိုသောကြောင့် ဖြစ်ပြီး ထိုအချိန်က မောင့်ကလဲရ်မြို့ သမိုင်းအမွေအနှစ်များ ထိန်းသိမ်းရေး ကော်မရှင်က ရှေးဟောင်းအဆောက်အအုံများကို ဖျက်သိမ်းခွင့် မပြုဘဲ ရွှေ့ပြောင်းရန်သာ ခွင့်ပြုထားသောကြောင့် ဖြစ်သည်။
သို့နှင့် ဈေးကွက်တင်ပြီး တစ်နှစ်ကျော်အကြာတွင်ကား မူဝါဒများ ပြောင်းလဲသွားပြီးနောက်ပိုင်း အော်ဘရေး လီဝစ်ဟုအမည်ရသော အဆိုပါစံအိမ်ကြီးကို ဖျက်သိမ်းလိုက်သည်ဟု NJ.com တွင် ဖော်ပြသည်။
လက်ရှိအချိန်တွင် အဆိုပါအဆောက်အအုံနေရာ၌ နေအိမ်သစ်များ ဆောက်လုပ်လျက်ရှိနေပြီ ဖြစ်သည်။
မူလဈေးကွက်တင်မှတ်တမ်းများအရ အော်ဘရေး လီဝစ်စံအိမ်ကြီးတွင် အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၃ ခန်း၊ နှစ်ပေါင်း ၁၁၀ သက်တမ်းရှိ ဗိသုကာအလှများပါဝင်ကာ နာမည်ကျော် ဗိသုကာပညာရှင် Dudley S. Van Antwerp က ဒီဇိုင်းရေးဆွဲပေးခဲ့ြခ်း ဖြစ်သည်။
အမှတ် ၄၄ ၊ Pleasant Ave လမ်းရှိ အဆိုပါမြေနေရာ၏ အကျယ်အဝန်းမှာ ၂ ဒသမ ၇ ဧကရှိပြီး လက်ရှိတွင် လုံးချင်းအိမ် ၈ လုံး ဆောက်လုပ်ထားပြီး The Collection ဟု အမည်ပေးထားသည်ဟု သိရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)