ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
ကမၻာေက်ာ္ အေမရိကန္ရင္းႏွီးျမွဳပ္ႏွံမႈကုမၸဏီၾကီး Blackstone က ဂ်ပန္ႏိုင္ငံရွိ ကြန္ဒိုေပါင္း ၈၀ ကို ဂ်ာမနီ အာမခံကုမၸဏီၾကီး Allianz ထံ ယန္းေငြ ၁၃၀ ဘီလီယံ (ကန္ေဒၚလာ ၁ ဒသမ ၂၁ ဘီလီယံ ) ျဖင့္ ေရာင္းခ်လိုက္ေၾကာင္း ဂ်ပန္အေျခစိုက္ သတင္းဝက္ဘ္ဆိုက္ တစ္ခုတြင္ ေဖာ္ျပသည္။
အမ်ားအားျဖင့္ တိုက်ဳိျမိဳ႕ေတာ္ႏွင့္ အိုဆာကာတို႔တြင္ တည္ရွိေသာ ကြန္ဒိုမ်ားျဖစ္သည္ဟု ဆိုသည္။
Allianz ၏ အိမ္ျခံေျမလုပ္ငန္းကုမၸဏီခြဲျဖစ္ေသာ Allianz Real Estate မွ ဝယ္ယူမည္ဟု ဆိုသည္။
Allianz Real Estate သည္ ဥေရာပႏွင့္ အာရွတို႔တြင္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား တိုးခ်ဲ႕ရန္ ၾကိဳးပမ္းလာေနသည့္ ကုမၸဏီၾကီးလည္း ျဖစ္သည္။
ယခုအေရာင္းအဝယ္တြင္ အမ်ားဆံုးမွာ တိုက်ဳိျမိဳ႕ေတာ္ အခ်က္အျခာက်ေသာ ရပ္ကြက္ ၂၃ ခုရွိ ကြန္ဒိုမ်ားျဖစ္သည္။
ဂ်ပန္တြင္ လူဦးေရက်ဆင္းလာလ်က္ရွိေနေသာ္လည္း အလုပ္ဝင္ၾကေသာ စံုတြဲမ်ားသည္ ၎တို႔၏ ရံုးမ်ားႏွင့္ နီးစပ္သည့္ေနရာမ်ားကို ရွာေဖြေနထုိင္လာလ်က္ရွိေသာေၾကာင့္ အဆိုပါေဒသတို႔၏ ငွားရမ္းလိုအားမွာ ျမင့္တက္လ်က္ရွိေနသည္။
Allianz Real Estate က ယခုဝယ္ယူလိုက္သည့္ ကြန္ဒိုမ်ားကို ကာလရွည္ လက္ကိုင္ထားရန္ ရည္ရြယ္ထားသည္ဟု ဆိုသည္။
၂၀၁၈ ခုႏွစ္၊ ႏွစ္ကုန္ပိုင္း အခ်က္အလက္မ်ားအရ Allianz Real Estate ပိုင္ဆိုင္ထားေသာ အိမ္ျခံေျမမ်ား၏ စုစုေပါင္းတန္ဖိုးမွာ ယူရို ၆၃ ဒသမ ၅ ဘီလီယံ (ကန္ေဒၚလာ ၆၉ ဒသမ ၇ ဘီလီယံ) ရွိသည္ဟု ဆိုသည္။
တစ္ကမၻာလံုးအတိုင္းအတာအားျဖင့္ အတိုးႏႈန္းမ်ားမွာ အနိမ့္ဆံုးအေျခအေနျဖစ္ေနရာ ရင္းႏွီးျမွဳပ္ႏွံသူမ်ားစြာတို႔မွာ အျမတ္ရွာေဖြရန္အတြက္ အိမ္ျခံေျမေလာကသို႔ ေျခဦးလွည့္လာၾကသည္။
လူေပါင္းမ်ားစြာသည္ ေက်းလက္မွ ျမိဳ႕ျပေဒသမ်ားသို႔ ေရႊ႕ေျပာင္းလာလ်က္ရွိေနၾကျခင္းေၾကာင့္ ဂ်ပန္ႏိုင္ငံ၏ ျမိဳ႕ၾကီးျပၾကီးမ်ားတြင္ အိမ္ျခံေျမငွားရမ္းလိုအားမွာ ကာလအတန္ၾကာခိုင္မာေနဦးမည္ျဖစ္္ေၾကာင္း Allianz က ေမွ်ာ္မွန္းထားသည္။
ယခု အေရာင္းအဝယ္ျပဳလုပ္သည့္ အေဆာက္အအံုမ်ားကို ႏွစ္ကုန္ပိုင္းတြင္ လႊဲေျပာင္းေပးသြားရန္ Blackstone က ေမွ်ာ္မွန္းထားသည္။
အေမရိကန္ကုမၸဏီၾကီး Blackstone သည္ ဂ်ပန္ႏိုင္ငံရွိ ျမိဳ႕ၾကီးမ်ားတြင္ အငွားကြန္ဒို ဝယ္ယူမႈမ်ား တေျဖးေျဖးခ်င္း ျမွင့္တင္လ်က္ရွိေနခဲ့ ေသာ္လည္း ယခုအခါတြင္မူ ၎၏ ပိုင္ဆိုင္မႈမ်ားကို ေရရွည္ရင္းႏွီးျမွဳပ္ႏွံမည့္သူမ်ားထံ ျပန္လည္ေရာင္းထုတ္လာျခင္းလည္း ျဖစ္သည္။
cost of finances (COF) ဟု ေခၚေသာ အေဆာက္အအံုေဆာက္လုပ္၊ ဝယ္ယူမႈမ်ားအတြက္ ေခ်းေငြရယူရာတြင္ အျခားႏိုင္ငံမ်ားႏွင့္ ႏႈိင္းယွဥ္လွ်င္ ကုန္က်ရမႈနိမ့္ပါးသည့္အတြက္ ဂ်ပန္ျမိဳ႕ျပမ်ားရွိ အငွားကြန္ဒိုမ်ားမွာ အျမတ္ေငြ ၄ ရာခိုင္ႏႈန္းေက်ာ္ ရရွိဖြယ္ရွိသည္ဟု ခန္႔မွန္းရသည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
ကမ္ဘာကျော် အမေရိကန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီး Blackstone က ဂျပန်နိုင်ငံရှိ ကွန်ဒိုပေါင်း ၈၀ ကို ဂျာမနီ အာမခံကုမ္ပဏီကြီး Allianz ထံ ယန်းငွေ ၁၃၀ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၂၁ ဘီလီယံ ) ဖြင့် ရောင်းချလိုက်ကြောင်း ဂျပန်အခြေစိုက် သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
အများအားဖြင့် တိုကျိုမြို့တော်နှင့် အိုဆာကာတို့တွင် တည်ရှိသော ကွန်ဒိုများဖြစ်သည်ဟု ဆိုသည်။
Allianz ၏ အိမ်ခြံမြေလုပ်ငန်းကုမ္ပဏီခွဲဖြစ်သော Allianz Real Estate မှ ဝယ်ယူမည်ဟု ဆိုသည်။
Allianz Real Estate သည် ဥရောပနှင့် အာရှတို့တွင် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ရန် ကြိုးပမ်းလာနေသည့် ကုမ္ပဏီကြီးလည်း ဖြစ်သည်။
ယခုအရောင်းအဝယ်တွင် အများဆုံးမှာ တိုကျိုမြို့တော် အချက်အခြာကျသော ရပ်ကွက် ၂၃ ခုရှိ ကွန်ဒိုများဖြစ်သည်။
ဂျပန်တွင် လူဦးရေကျဆင်းလာလျက်ရှိနေသော်လည်း အလုပ်ဝင်ကြသော စုံတွဲများသည် ၎င်းတို့၏ ရုံးများနှင့် နီးစပ်သည့်နေရာများကို ရှာဖွေနေထိုင်လာလျက်ရှိသောကြောင့် အဆိုပါဒေသတို့၏ ငှားရမ်းလိုအားမှာ မြင့်တက်လျက်ရှိနေသည်။
Allianz Real Estate က ယခုဝယ်ယူလိုက်သည့် ကွန်ဒိုများကို ကာလရှည် လက်ကိုင်ထားရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။
၂၀၁၈ ခုနှစ်၊ နှစ်ကုန်ပိုင်း အချက်အလက်များအရ Allianz Real Estate ပိုင်ဆိုင်ထားသော အိမ်ခြံမြေများ၏ စုစုပေါင်းတန်ဖိုးမှာ ယူရို ၆၃ ဒသမ ၅ ဘီလီယံ (ကန်ဒေါ်လာ ၆၉ ဒသမ ၇ ဘီလီယံ) ရှိသည်ဟု ဆိုသည်။
တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် အတိုးနှုန်းများမှာ အနိမ့်ဆုံးအခြေအနေဖြစ်နေရာ ရင်းနှီးမြှုပ်နှံသူများစွာတို့မှာ အမြတ်ရှာဖွေရန်အတွက် အိမ်ခြံမြေလောကသို့ ခြေဦးလှည့်လာကြသည်။
လူပေါင်းများစွာသည် ကျေးလက်မှ မြို့ပြဒေသများသို့ ရွှေ့ပြောင်းလာလျက်ရှိနေကြခြင်းကြောင့် ဂျပန်နိုင်ငံ၏ မြို့ကြီးပြကြီးများတွင် အိမ်ခြံမြေငှားရမ်းလိုအားမှာ ကာလအတန်ကြာခိုင်မာနေဦးမည်ဖြစ်ကြောင်း Allianz က မျှော်မှန်းထားသည်။
ယခု အရောင်းအဝယ်ပြုလုပ်သည့် အဆောက်အအုံများကို နှစ်ကုန်ပိုင်းတွင် လွှဲပြောင်းပေးသွားရန် Blackstone က မျှော်မှန်းထားသည်။
အမေရိကန်ကုမ္ပဏီကြီး Blackstone သည် ဂျပန်နိုင်ငံရှိ မြို့ကြီးများတွင် အငှားကွန်ဒို ဝယ်ယူမှုများ တဖြေးဖြေးချင်း မြှင့်တင်လျက်ရှိနေခဲ့ သော်လည်း ယခုအခါတွင်မူ ၎င်း၏ ပိုင်ဆိုင်မှုများကို ရေရှည်ရင်းနှီးမြှုပ်နှံမည့်သူများထံ ပြန်လည်ရောင်းထုတ်လာခြင်းလည်း ဖြစ်သည်။
cost of finances (COF) ဟု ခေါ်သော အဆောက်အအုံဆောက်လုပ်၊ ဝယ်ယူမှုများအတွက် ချေးငွေရယူရာတွင် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ကုန်ကျရမှုနိမ့်ပါးသည့်အတွက် ဂျပန်မြို့ပြများရှိ အငှားကွန်ဒိုများမှာ အမြတ်ငွေ ၄ ရာခိုင်နှုန်းကျော် ရရှိဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)