ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
ရန္ကုန္အစိုးရပိုင္ေျမကြက္မ်ားကိုဝယ္ယူႏိုင္ရန္ ေအာက္တိုဘာ ၇ ရက္က ေလွ်ာက္လႊာမ်ားစတင္ ေရာင္းခ်ခဲ့သည္။
ေတာင္ဥကၠလာပၿမိဳ႕နယ္ ျဗဟၼစိုရ္လမ္း(၄/၆) ႏွင့္ သီလလမ္းေထာင့္ရွိ ရန္ကုန္အေရွ႕ပိုင္းခရိုင္ စုေပါင္း႐ုံးတြင္ေလၽွာက္လႊာမ်ားကိုေရာင္းခ်ခဲ့ျခင္းျဖစ္သည္။
ရန္ကုန္တိုင္းေဒသႀကီး အတြင္းရွိ လိႈင္သာယာ၊ ေရႊျပည္သာ၊ ဒဂုံၿမိဳ႕သစ္ေလးၿမိဳ႕နယ္ႏွင့္ ေမွာ္ဘီၿမိဳ႕နယ္ မ်ားအတြင္းရွိ ေျမေနရာ ၃၈ ေနရာတြင္ ေျမကြက္ေပါင္း ၆၀၀ ႏွင့္ ေျမဧက ၈၅ ဒသမ ၅၉၂ ဧက အတြက္ ေလၽွာက္လႊာမ်ားေရာင္းခ်ေပးျခင္းျဖစ္သည္။
ေျမကြက္မ်ားမွာေပ( ၄၀ × ၆၀) ၊ေပ (၆၀×၆၀)၊ေပ (၆၀ × ၈၀) ၊ ေပ (၁၀၀ × ၁၀၀) ၊ ေပ (၁၀၀ × ၁၂၀) အက်ယ္အဝန္းရွိသည့္ေျမကြက္မ်ားပါဝင္သည္။
ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ရန်ကုန် အစိုးရပိုင်မြေကွက်များကိုဝယ်ယူနိုင်ရန် အောက်တိုဘာ ၇ ရက်က လျှောက်လွှာများစတင် ရောင်းချခဲ့သည်။
တောင်ဥက္ကလာပမြို့နယ် ဗြဟ္မစိုရ်လမ်း(၄/၆) နှင့် သီလလမ်းထောင့်ရှိ ရန်ကုန်အရှေ့ပိုင်းခရိုင် စုပေါင်းရုံးတွင်လျှောက်လွှာများကိုရောင်းချခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်လေးမြို့နယ်နှင့် မှော်ဘီမြို့နယ် များအတွင်းရှိ မြေနေရာ ၃၈ နေရာတွင် မြေကွက်ပေါင်း ၆၀၀ နှင့် မြေဧက ၈၅ ဒသမ ၅၉၂ ဧက အတွက် လျှောက်လွှာများရောင်းချပေးခြင်းဖြစ်သည်။
မြေကွက်များမှာပေ( ၄၀ × ၆၀) ၊ပေ (၆၀×၆၀)၊ပေ (၆၀ × ၈၀) ၊ ပေ (၁၀၀ × ၁၀၀) ၊ ပေ (၁၀၀ × ၁၂၀) အကျယ်အဝန်းရှိသည့်မြေကွက်များပါဝင်သည်။ လျှောက်လွှာဝယ်ယူရန်အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း၊ မိတ္တူနှင့်အတူ လျှောက်လွှာခ တစ်သောင်းကျပ်ဖြစ်ကြောင်းသိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com