ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
စာေရးဆရာၾကီး ေသာမတ္စ္ဟာဒီကို ျမန္မာႏိုင္ငံတြင္ လူသိမ်ားၾကသည္။ ျမန္မာစာသည္ဒို႔စာဟူေသာ ေၾကြးေၾကာ္သံျဖင့္ လူသိမ်ားခဲ့သူ ဆရာၾကီး သခင္ဘေသာင္းက ေသာမတ္စ္ဟာဒီ၏ “Tess of the d’Urbervilles” ကို ပန္းသာမစာအု ဟူေသာအမည္ျဖင့္ ျမန္မာျပန္ခဲ့ရာ သူ၏ ျမန္မာစကားၾကြယ္ဝႏွံ႔စပ္မႈေၾကာင့္ တက္စ္သည္ ျမန္မာ့မူ ၊ ျမန္မာ့ဟန္မ်ား ထံုမႊမ္းကာ ျမန္မာျပန္ထားသည္ဟုပင္ မသိႏိုင္ခဲ့ေခ်။
၁၉၃၈ ခုႏွစ္တြင္ သခင္ဘေသာင္း၏ ပန္းသာမစာအုကို နဂါးနီစာအုပ္တိုက္မွ ႏွစ္အုပ္ခြဲကာ ထုတ္ေဝခဲ့ျခင္းျဖစ္သည္။
ဆရာၾကီးသခင္ဘေသာင္းက ပန္းသာမခါအုဟု အမည္ေပးခဲ့ေသာ္လည္း ပံုႏွိပ္တိုက္၏ စာစီမွားယြင္းမႈေၾကာင့္ ပန္းသာမစာအု ျဖစ္သြားရျခင္း ျဖစ္သည္ဟုဆိုသည္။
လြတ္လပ္ေရးရျပီးေနာက္ပိုင္း ၁၉၅၁ ခုႏွစ္တြင္ ပန္းသာမစာအုကို တကၠသိုလ္ဝင္တန္း ျမန္မာစာသင္ရိုးတြင္ ျပဌာန္းခဲ့သည္။
ဆရာေမာင္ထြန္းသူကလည္း “တက္စ္”ဟူ၍ပင္ မူရင္းအတိုင္းအမည္ေပးကာ ျမန္မာဘာသာသုိ႔ ျပန္ဆိုထားေသးသည္။
ေသာမတ္စ္ဟာဒီက သူ၏ tess ဝတၳဳၾကီးတြင္ ယခုအေရာင္းေစ်းကြက္ဝင္လာသည့္ စံအိမ္ၾကီးကို ဇာတ္ကြက္တည္ခဲ့သည္ဟု ဆိုသည္။
စာေပသမိုင္းခရီးတြင္ ပါဝင္ေနေသာ အဆိုပါသမိုင္းဝင္ စံအိမ္ၾကီးသည္ ယခုအခါ ပိုင္ရွင္သစ္ကို ေစာင့္ေမွ်ာ္လ်က္ရွိေနသည္။
ဝူးလ္ဘရစ္ဂ်္ဟု အမည္ရေသာ စံအိမ္ၾကီးသည္ အဂၤလန္ႏိုင္ငံ အေနာက္ေတာင္ဘက္ ကမ္းရိုးတန္း ေဒၚဆက္ခရိုင္ရွိ အဂၤလိပ္ရိုးရာ ေက်းရြာကေလး ဝူးလ္၏ အစြန္ဘက္တြင္ တည္ရွိသည္။
ဝူးလ္ဘရစ္ဂ်္စံအိမ္သည္ ျပီးခဲ့ေသာ စက္တင္ဘာလက အေရာင္းေစ်းကြက္စတင္ဝင္ေရာက္ခဲ့ျခင္းျဖစ္ျပီး ေခၚေစ်းမွာ ေပါင္ ၈၅၀၀၀၀ (ကန္ေဒၚလာ ၁ ဒသမ ၀၅ သန္း) ျဖစ္သည္။
စံအိမ္မွာ ၁၇ ရာစုအတြင္းကတည္းက ေဆာက္လုပ္ခဲ့သည့္စံအိမ္ျဖစ္ျပီး တစ္ခ်ိန္ကမူ တာဘာဗီးလ္ မိသားစုက ပိုင္ဆိုင္ခဲ့ျခင္းျဖစ္သည္။
ေသာမတ္စ္ဟာဒီက သူ၏ တက္စ္ဝတၳဳၾကီး၏ အမည္ကိုပင္ “Tess of the d’Urbervilles” ဟု အမည္ေပးခဲ့သည္။
အစဥ္အဆက္ေျပာၾကားခ်က္မ်ားအရ ညဘက္မ်ားတြင္ စံအိမ္ၾကီးေဘးရွိ တံတားေပၚသို႔ တေစၦသူရဲတစ္ေကာင္ ျဖတ္သန္းေလ့ရွိေၾကာင္း၊ သို႔ရာတြင္ တာဘာဗီးလ္ မိသားစုဝင္တို႔သာ ေတြ႔ျမင္ႏိုင္ေၾကာင္း ေျပာဆိုမႈမ်ားရွိသည္ဟု Savills ၏ ေစ်းကြက္တင္ ေၾကာ္ျငာခ်က္တြင္ ေဖာ္ျပထားသည္။
“ဝူးလ္ဘရစ္ဂ်္ စံအိမ္ဟာ အထင္ကရ အေဆာက္အအံုတစ္ခုျဖစ္တဲ့အျပင္ စိတ္ဝင္စားဖြယ္ စာေပသမိုင္း ဆက္ႏႊယ္မႈေတြလည္း ရွိေနပါတယ္”ဟု Savills မွ ေဂ်မီ ေမာ္တန္က ေျပာၾကားသည္။
ေခတ္မီအဆင့္ျမွင့္ မြမ္းမံျခင္း၊ ပရိေဘာဂ ျပန္လည္ထည့္သြင္းျခင္းမ်ား ျပဳလုပ္ရန္ လိုအပ္ေသာ္လည္း သမိုင္းေၾကာင္း၏ တစိတ္တပိုင္းကို ဝယ္ယူႏိုင္မည့္အခြင့္အလမ္းျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။
အိပ္ခန္း ၅ခန္းပါ စံအိမ္ၾကီးတြင္ ေရွးမူလက္ရာ မီးလင္းဖိုမ်ား၊ ထုတ္တန္းေဖာ္ မ်က္ႏွာၾကက္မ်ား အစရွိသည္တို႔ကို ထိန္းသိမ္းထားဆဲ ျဖစ္သည္။
စံအိမ္၏ မ်က္ႏွာစာ ၃ ဘက္တြင္ ပန္းဥယ်ာဥ္တို႔ ဝန္းပတ္လ်က္ရွိေနသည္။ ပင္မစံအိမ္အျပင္ သကၠယ္မိုးအိမ္တစ္လံုး၊ သိုေလွာင္ခန္းမ်ား၊ ခ်ယ္ပယ္ ဘန္းဟု အမည္ေပးထားေသာ အုတ္၊ မီးခတ္ေက်ာက္တို႔ျဖင့္ ေဆာက္လုပ္ထားသည့္ အေဆာက္အအံုတစ္ခုတို႔လည္း ပါဝင္ေသးသည္။
ခ်ယ္ပယ္ဘန္းသည္ ယခင္က ဘုရားေက်ာင္းအျဖစ္ အသံုးျပဳခဲ့ဟန္ရွိျပီး ယေန႔အခ်ိန္တြင္မူ ဂိုေဒါင္တစ္ခုအျဖစ္ အသံုးျပဳခဲ့သည္ကို ေတြ႔ရသည္။ စံအိမ္၏ လက္ရွိပိုင္ရွင္မွာ မည္သူျဖစ္သည္ကိုမူ မသိရေခ်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
စာရေးဆရာကြီး သောမတ်စ်ဟာဒီကို မြန်မာနိုင်ငံတွင် လူသိများကြသည်။ မြန်မာစာသည်ဒို့စာဟူသော ကြွေးကြော်သံဖြင့် လူသိများခဲ့သူ ဆရာကြီး သခင်ဘသောင်းက သောမတ်စ်ဟာဒီ၏ “Tess of the d’Urbervilles” ကို ပန်းသာ မစာအု ဟူသောအမည်ဖြင့် မြန်မာပြန်ခဲ့ရာ သူ၏ မြန်မာစကားကြွယ်ဝနှံ့စပ်မှုကြောင့် တက်စ်သည် မြန်မာ့မူ ၊ မြန်မာ့ဟန်များ ထုံမွှမ်းကာ မြန်မာပြန်ထားသည်ဟုပင် မသိနိုင်ခဲ့ချေ။
၁၉၃၈ ခုနှစ်တွင် သခင်ဘသောင်း၏ ပန်းသာမစာအုကို နဂါးနီစာအုပ်တိုက်မှ နှစ်အုပ်ခွဲကာ ထုတ်ဝေခဲ့ခြင်းဖြစ်သည်။
ဆရာကြီးသခင်ဘသောင်းက ပန်းသာမခါအုဟု အမည်ပေးခဲ့သော်လည်း ပုံနှိပ်တိုက်၏ စာစီမှားယွင်းမှုကြောင့် ပန်းသာမစာအု ဖြစ်သွားရခြင်း ဖြစ်သည်ဟုဆိုသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၅၁ ခုနှစ်တွင် ပန်းသာမစာအုကို တက္ကသိုလ်ဝင်တန်း မြန်မာစာသင်ရိုးတွင် ပြဌာန်းခဲ့သည်။
ဆရာမောင်ထွန်းသူကလည်း “တက်စ်”ဟူ၍ပင် မူရင်းအတိုင်းအမည်ပေးကာ မြန်မာဘာသာသို့ ပြန်ဆိုထားသေးသည်။
သောမတ်စ်ဟာဒီက သူ၏ tess ဝတ္ထုကြီးတွင် ယခုအရောင်းဈေးကွက်ဝင်လာသည့် စံအိမ်ကြီးကို ဇာတ်ကွက်တည်ခဲ့သည်ဟု ဆိုသည်။
စာပေသမိုင်းခရီးတွင် ပါဝင်နေသော အဆိုပါသမိုင်းဝင် စံအိမ်ကြီးသည် ယခုအခါ ပိုင်ရှင်သစ်ကို စောင့်မျှော်လျက်ရှိနေသည်။
ဝူးလ်ဘရစ်ဂျ်ဟု အမည်ရသော စံအိမ်ကြီးသည် အင်္ဂလန်နိုင်ငံ အနောက်တောင်ဘက် ကမ်းရိုးတန်း ဒေါ်ဆက်ခရိုင်ရှိ အင်္ဂလိပ်ရိုးရာ ကျေးရွာကလေး ဝူးလ်၏ အစွန်ဘက်တွင် တည်ရှိသည်။
ဝူးလ်ဘရစ်ဂျ်စံအိမ်သည် ပြီးခဲ့သော စက်တင်ဘာလက အရောင်းဈေးကွက်စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ခေါ်ဈေးမှာ ပေါင် ၈၅၀၀၀၀ (ကန်ဒေါ်လာ ၁ ဒသမ ၀၅ သန်း) ဖြစ်သည်။
စံအိမ်မှာ ၁၇ ရာစုအတွင်းကတည်းက ဆောက်လုပ်ခဲ့သည့်စံအိမ်ဖြစ်ပြီး တစ်ချိန်ကမူ တာဘာဗီးလ် မိသားစုက ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။
သောမတ်စ်ဟာဒီက သူ၏ တက်စ်ဝတ္ထုကြီး၏ အမည်ကိုပင် “Tess of the d’Urbervilles” ဟု အမည်ပေးခဲ့သည်။
အစဉ်အဆက်ပြောကြားချက်များအရ ညဘက်များတွင် စံအိမ်ကြီးဘေးရှိ တံတားပေါ်သို့ တစ္ဆေသူရဲတစ်ကောင် ဖြတ်သန်းလေ့ရှိကြောင်း၊ သို့ရာတွင် တာဘာဗီးလ် မိသားစုဝင်တို့သာ တွေ့မြင်နိုင်ကြောင်း ပြောဆိုမှုများရှိသည်ဟု Savills ၏ ဈေးကွက်တင် ကြော်ငြာချက်တွင် ဖော်ပြထားသည်။
“ဝူးလ်ဘရစ်ဂျ် စံအိမ်ဟာ အထင်ကရ အဆောက်အအုံတစ်ခုဖြစ်တဲ့အပြင် စိတ်ဝင်စားဖွယ် စာပေသမိုင်း ဆက်နွှယ်မှုတွေလည်း ရှိနေပါတယ်”ဟု Savills မှ ဂျေမီ မော်တန်က ပြောကြားသည်။
ခေတ်မီအဆင့်မြှင့် မွမ်းမံခြင်း၊ ပရိဘောဂ ပြန်လည်ထည့်သွင်းခြင်းများ ပြုလုပ်ရန် လိုအပ်သော်လည်း သမိုင်းကြောင်း၏ တစိတ်တပိုင်းကို ဝယ်ယူနိုင်မည့်အခွင့်အလမ်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အိပ်ခန်း ၅ခန်းပါ စံအိမ်ကြီးတွင် ရှေးမူလက်ရာ မီးလင်းဖိုများ၊ ထုတ်တန်းဖော် မျက်နှာကြက်များ အစရှိသည်တို့ကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။
စံအိမ်၏ မျက်နှာစာ ၃ ဘက်တွင် ပန်းဥယျာဉ်တို့ ဝန်းပတ်လျက်ရှိနေသည်။ ပင်မစံအိမ်အပြင် သက္ကယ်မိုးအိမ်တစ်လုံး၊ သိုလှောင်ခန်းများ၊ ချယ်ပယ် ဘန်းဟု အမည်ပေးထားသော အုတ်၊ မီးခတ်ကျောက်တို့ဖြင့် ဆောက်လုပ်ထားသည့် အဆောက်အအုံတစ်ခုတို့လည်း ပါဝင်သေးသည်။
ချယ်ပယ်ဘန်းသည် ယခင်က ဘုရားကျောင်းအဖြစ် အသုံးပြုခဲ့ဟန်ရှိပြီး ယနေ့အချိန်တွင်မူ ဂိုဒေါင်တစ်ခုအဖြစ် အသုံးပြုခဲ့သည်ကို တွေ့ရသည်။ စံအိမ်၏ လက်ရှိပိုင်ရှင်မှာ မည်သူဖြစ်သည်ကိုမူ မသိရချေ။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)