ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
ရန္ကုန္တြင္ ျပည္တြင္းႏွင့္ နိုင္ငံတကာကို ခ်ိတ္ဆက္နိုင္သည့္ ေရႊေဈးကြက္ႀကီးတခုျဖစ္လာရန္ ႀကိဳးပမ္းေနသည္ဟု ရန္ကုန္တိုင္းဝန္းႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းကေျပာသည္။
ထိုသို႔ေပၚေပါက္လာရန္ လက္ရွိအစိုးရလက္ထက္တြင္ ၂ ႏွစ္နီးပါးႀကိဳးပမ္းခဲ့ရျခင္းျဖစ္ၿပီး ေရႊတုံးမ်ားကို တရားဝင္ေရာင္းခ်နိုင္ရန္အတြက္ျဖစ္သည္ဟု ၎ကဆိုသည္။
“ အခုေဈးကြက္ထဲမွာ ေရာင္းဝယ္မူေတြရွိပါတယ္၊စနစ္က်တဲ့ ေရာင္းဝယ္မူျဖစ္လာမေသးပါဘူး” ဟု ဦးၿဖိဳးမင္းသိန္းက ေျပာသည္။
ေရႊေဈးမတည္ၿငိမ္ျခင္းသည္နိုင္ငံ စီးပြားေရးကိုထိခိုက္နိုင္သည္ဟု ၎ကဆိုသည္။ ျမန္မာနိုင္ငံတြင္ ေငြေၾကးတည္ၿငိမ္ေရးႏွင့္ ေရႊေဈးတည္ၿငိမ္ေရးသည္ စပ္ဆက္ေနသည္ဟု ၎ကဆိုသည္။
ေရႊႏွင့္ပတ္သတ္ၿပီး ျမန္မာနိုင္ငံတြင္ စနစ္တက်ရွိသည့္ ေဈးကြက္တခုျဖစ္ရန္လိုသည္ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေအာင္ထူးက လည္း ဆိုသည္။
ျမန္မာနိုင္ငံတြင္ ေရႊေဈးကြက္ျဖစ္ေပၚလာေစရန္ စမ္းသပ္စီမံကိန္းအေနျဖင့္ ေရႊတင္သြင္းတင္ပို႔ျခင္းဆိုင္ရာ one stop service ကိုေဆာင္ရြက္ေပးခဲ့သည္ဟု ၎ကဆိုသည္။
မင္း မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ရန်ကုန်တွင် ပြည်တွင်းနှင့် နိုင်ငံတကာကို ချိတ်ဆက်နိုင်သည့် ရွှေဈေးကွက်ကြီးတခုဖြစ်လာရန် ကြိုးပမ်းနေသည်ဟု ရန်ကုန်တိုင်းဝန်းကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောသည်။
ထိုသို့ပေါ်ပေါက်လာရန် လက်ရှိအစိုးရလက်ထက်တွင် ၂ နှစ်နီးပါးကြိုးပမ်းခဲ့ရခြင်းဖြစ်ပြီး ရွှေတုံးများကို တရားဝင်ရောင်းချနိုင်ရန်အတွက်ဖြစ်သည်ဟု ၎င်းကဆိုသည်။
“ အခုဈေးကွက်ထဲမှာ ရောင်းဝယ်မူတွေရှိပါတယ်၊စနစ်ကျတဲ့ ရောင်းဝယ်မူဖြစ်လာမသေးပါဘူး” ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
ရွှေဈေးမတည်ငြိမ်ခြင်းသည်နိုင်ငံ စီးပွားရေးကိုထိခိုက်နိုင်သည်ဟု ၎င်းကဆိုသည်။ မြန်မာနိုင်ငံတွင် ငွေကြေးတည်ငြိမ်ရေးနှင့် ရွှေဈေးတည်ငြိမ်ရေးသည် စပ်ဆက်နေသည်ဟု ၎င်းကဆိုသည်။
ရွှေနှင့်ပတ်သတ်ပြီး မြန်မာနိုင်ငံတွင် စနစ်တကျရှိသည့် ဈေးကွက်တခုဖြစ်ရန်လိုသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက လည်း ဆိုသည်။
မြန်မာနိုင်ငံတွင် ရွှေဈေးကွက်ဖြစ်ပေါ်လာစေရန် စမ်းသပ်စီမံကိန်းအနေဖြင့် ရွှေတင်သွင်းတင်ပို့ခြင်းဆိုင်ရာ one stop service ကိုဆောင်ရွက်ပေးခဲ့သည်ဟု ၎င်းကဆိုသည်။
မင်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com