ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
အခ်ိန္ၾကာျမင့္စြာ ရပ္တန႔္ေနသည့္ ထားဝယ္အထူးစီးပြားေရးဇုန္ကို ၂၀၂၀ တြင္ ေျမျပင္တည္ေဆာက္ေရး လုပ္ငန္းမ်ား ျပန္လည္စတင္နိုင္မည္ျဖစ္ေၾကာင္းေအာက္တိုဘာ ၃ ရက္တြင္ ေနျပည္ေတာ္၌ က်င္းပသည့္ ျမန္မာ-ထိုင္းႏွစ္နိုင္ငံ ဝန္ႀကီးအဆင့္ ေဆြးေႏြးပြဲတြင္ သတင္းထုတ္ျပန္သည္။
ထိုအစည္းအေဝးတြင္ သေဘာတူညီမႈ ၉ ခု ရရွိခဲ့ၿပီး စီမံကိန္းေဆာင္ရြက္ရာတြင္ ထိုင္းနိုင္ငံအစိုးရ၊ ထိုင္းကုမၸဏီအျပင္ စိတ္ဝင္စားသည့္ အျခားတတိယနိုင္ငံမ်ားကို ဖိတ္ေခၚသြားမည္ဟုလည္းပါဝင္သည္။
ထားဝယ္အထူးစီးပြားေရးဇုန္အတြက္ ကနဦး စီမံကိန္းကို ထိုင္းနိုင္ငံႏွင့္ေဆာင္ရြက္မည္ျဖစ္ေသာ္လည္း က်န္ပင္မစီမံကိန္းကို အထက္ပါအတိုင္းေဆာင္ရြက္မည္ဟုဆိုသည္။ ပင္မစီမံကိန္းအတြက္ကိုလည္း ကနဦးစီမံကိန္းႏွင့္ အၿပိဳင္ေဆာင္ရြက္သြားမည္ဟုလည္း လၽွပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန၊ဒုဝန္ႀကီးႏွင့္ ထားဝယ္အထူးစီးပြားေရးဇုန္စီမံခန္႔ခြဲမူေကာ္မတီဥကၠဌ၊ေဒါက္တာထြန္းနိုင္ကေျပာသည္။
ထားဝယ္အထူးစီးပြားေရးဇုန္သည္ စုစုေပါင္း ၁၉၆ စတုရမ္းကီလိုမီတာရွိၿပီး ကနဦးစီမံကိန္းတြင္ ၂၇ စတုရမ္းကီလိုမီတာရွိသည္။ က်န္ဧရိယာသည္ ပင္မစီမံကိန္းျဖစ္သည္။
ယေန႔ ေဆြးေႏြးပြဲအၿပီးတြင္ ႏွစ္ဖက္သေဘာတူညီခ်က္မ်ားမွာ ျမန္မာ-ထိုင္းႏွစ္နိုင္ငံသည္ ထားဝယ္ အထူးစီးပြားေရးဇုန္ဖြံၿဖိဳးေရးအတြက္ ဆက္လက္ေဆာင္ရြက္ရန္၊ ႏွစ္နိုင္ငံ ႏွစ္လမ္းသြားလမ္းမ ေဖာက္လုပ္ျခင္းကို ပူးေပါင္းေဆာင္ရြက္ရန္၊ ႏွစ္နိုင္ငံ အစိုးရထိပ္တန္းေခါင္းေဆာင္အဆင့္အစည္းအေဝးက်င္းပရန္၊ အထူးစီးပြားေရးဇုန္ ကနဦးစီမံကိန္းႏွင့္ ပင္မစီမံကိန္းကို တၿပိဳက္နက္အေကာင္အထည္ေဖာ္ရန္၊ ျမန္မာဘက္မွ လၽွပ္စစ္ဓာတ္အားရရွိရန္ ေဆာင္ရြက္ထားမႈႏွင့္ အျခားစိတ္ဝင္စားသည့္ တတိယေျမာက္ရင္းႏွီးျမႇပ္ႏွံလိုသူမ်ားကို ဖိတ္ေခၚရန္ သေဘာတူခဲ့သည္။
မင္း မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
အချိန်ကြာမြင့်စွာ ရပ်တန့်နေသည့် ထားဝယ်အထူးစီးပွားရေးဇုန်ကို ၂၀၂၀ တွင် မြေပြင်တည်ဆောက်ရေး လုပ်ငန်းများ ပြန်လည်စတင်နိုင်မည်ဖြစ်ကြောင်းအောက်တိုဘာ ၃ ရက်တွင် နေပြည်တော်၌ ကျင်းပသည့် မြန်မာ-ထိုင်းနှစ်နိုင်ငံ ဝန်ကြီးအဆင့် ဆွေးနွေးပွဲတွင် သတင်းထုတ်ပြန်သည်။
ထိုအစည်းအဝေးတွင် သဘောတူညီမှု ၉ခု ရရှိခဲ့ပြီး စီမံကိန်းဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံအစိုးရ၊ ထိုင်းကုမ္ပဏီအပြင် စိတ်ဝင်စားသည့် အခြားတတိယနိုင်ငံများကို ဖိတ်ခေါ်သွားမည်ဟုလည်းပါဝင်သည်။
ထားဝယ်အထူးစီးပွားရေးဇုန်အတွက် ကနဦး စီမံကိန်းကို ထိုင်းနိုင်ငံနှင့်ဆောင်ရွက်မည်ဖြစ်သော်လည်း ကျန်ပင်မစီမံကိန်းကို အထက်ပါအတိုင်းဆောင်ရွက်မည်ဟုဆိုသည်။ ပင်မစီမံကိန်းအတွက်ကိုလည်း ကနဦးစီမံကိန်းနှင့် အပြိုင်ဆောင်ရွက်သွားမည်ဟုလည်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ဒုဝန်ကြီးနှင့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမူကော်မတီဥက္ကဌ၊ဒေါက်တာထွန်းနိုင်ကပြောသည်။
ထားဝယ်အထူးစီးပွားရေးဇုန်သည် စုစုပေါင်း ၁၉၆ စတုရမ်းကီလိုမီတာရှိပြီး ကနဦးစီမံကိန်းတွင် ၂၇ စတုရမ်းကီလိုမီတာရှိသည်။ ကျန်ဧရိယာသည် ပင်မစီမံကိန်းဖြစ်သည်။
ယနေ့ ဆွေးနွေးပွဲအပြီးတွင် နှစ်ဖက်သဘောတူညီချက်များမှာ မြန်မာ-ထိုင်းနှစ်နိုင်ငံသည် ထားဝယ် အထူးစီးပွားရေးဇုန်ဖွံဖြိုးရေးအတွက် ဆက်လက်ဆောင်ရွက်ရန်၊ နှစ်နိုင်ငံ နှစ်လမ်းသွားလမ်းမ ဖောက်လုပ်ခြင်းကို ပူးပေါင်းဆောင်ရွက်ရန်၊ နှစ်နိုင်ငံ အစိုးရထိပ်တန်းခေါင်းဆောင်အဆင့်အစည်းအဝေးကျင်းပရန်၊ အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းနှင့် ပင်မစီမံကိန်းကို တပြိုက်နက်အကောင်အထည်ဖော်ရန်၊ မြန်မာဘက်မှ လျှပ်စစ်ဓာတ်အားရရှိရန် ဆောင်ရွက်ထားမှုနှင့် အခြားစိတ်ဝင်စားသည့် တတိယမြောက်ရင်းနှီးမြှပ်နှံလိုသူများကို ဖိတ်ခေါ်ရန် သဘောတူခဲ့သည်။
မင်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com