ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
ဘုရင့္ေနာင္တံတားအမွတ္(၁) ျပင္ဆင္ခ်ိန္တြင္ ခရီးသည္တင္ယာဥ္လိုင္းမ်ား လမ္ေၾကာင္းေျပးဆြဲမည္ ျဖစ္ေၾကာင္း စက္တင္ဘာလ (၂)ရက္ေန႔ကျပဳလုပ္တဲ့ YRTA သတင္းစာရွင္းလင္းပြဲတြင္ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႔တြဲဖက္ အတြင္းေရးမႉး ဦးလွေအာင္က သတင္းမီဒီယာႏွင့္ ေတြ႔ဆုံပြဲတြင္ေျပာသည္။
အမွတ္(၁) တံတားကို ယခုေအာက္တိုဘာလ (၅)ရက္ေန႔မွစတင္၍ တစ္လၾကာ ျပင္ေရးျပဳလုပ္မည္ျဖစ္ရာ တံတားျပဳျပင္ေနစဥ္အတြင္း တံတားအမွတ္(၂)ကို အသုံးျပဳရမွာျဖစ္၍ အမွတ္(၂) တံတားကိုအဝင္ (၂)လမ္းနဲ႔ အထြက္ (၂) လမ္းေပးသြားမွာျဖစ္ေၾကာင္းသိရသည္။ အမွတ္(၁) တံတားေပၚတြင္ျဖတ္သန္းေျပးဆြဲေနသည့့္္ YBS (၂၀)၊ (၂၃) ႏွင့္ (၈၅) ယာဥ္မ်ားအား တံတားျပဳျပင္စဥ္အတြင္း အမွတ္(၂) တံတားသို႔ ေျပာင္းလဲေျပးဆြဲရမွာျဖစ္ၿပီး အမွတ္ (၂) တံတားေပၚတြင္ ေျပးဆြဲေနေသာ YBS (၁၆)၊(၆၈)ႏွင့္ ၈၃ ယာဥ္လိုင္းမ်ားမွာ ေျပာင္းလဲမႈမရွိေၾကာင္းသိရသည္။ YRTA အေနျဖင့္ အမွတ္(၁) တံတားျပင္ဆင္ေနစဥ္အတြင္း YBS ယာဥ္လိုင္းမ်ားအား ေျပးဆြဲမႈအပိုင္း ႏွင့္ ၾကပ္မတ္ထိန္းသိမ္းမႈအပိုင္းဟူ၍စီမံထားၿပီး ႏွစ္ပိုင္းခြဲေဆာင္ရြက္သြားမွာျဖစ္ေၾကာင္းသိရသည္။
ဥကၠာသစၥာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com ### Unicode Version ###
ဘုရင့်နောင်တံတားအမှတ် (၁) ပြင်ဆင်ချိန်တွင် ခရီးသည်တင်ယာဉ်လိုင်းများ လမ်ကြောင်းပြေးဆွဲမည် ဖြစ်ကြောင်း စက်တင်ဘာလ(၂)ရက်နေ့ကပြုလုပ်တဲ့ YRTAသတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့တွဲဖက် အတွင်းရေးမှူး ဦးလှအောင်က သတင်းမီဒီယာနှင့် တွေ့ဆုံပွဲတွင်ပြောသည်။
အမှတ်(၁)တံတားကို ယခုအောက်တိုဘာလ(၅)ရက်နေ့မှစတင်၍ တစ်လကြာ ပြင်ရေးပြုလုပ်မည်ဖြစ်ရာ တံတား ပြုပြင်နေစဉ်အတွင်း တံတားအမှတ်(၂)ကို အသုံးပြုရမှာဖြစ်၍ အမှတ်(၂)တံတားကို အဝင်(၂)လမ်းနဲ့ အထွက် (၂)လမ်းပေးသွားမှာဖြစ်ကြောင်းသိရသည်။ အမှတ်(၁)တံတားပေါ်တွင်ဖြတ်သန်းပြေးဆွဲနေသည့် YBS (၂၀)၊ (၂၃)နှင့်(၈၅)ယာဉ်များအား တံတားပြု ပြင်စဉ်အတွင်း အမှတ်(၂)တံတားသို့ ပြောင်းလဲပြေးဆွဲရမှာဖြစ်ပြီး အမှတ်(၂)တံတားပေါ်တွင် ပြေးဆွဲနေသော YBS(၁၆)၊(၆၈)နှင့် ၈၃ ယာဉ်လိုင်းများမှာ ပြောင်းလဲမှုမရှိကြောင်းသိရသည်။ YRTA အနေဖြင့် အမှတ်(၁)တံတားပြင်ဆင်နေစဉ်အတွင်း YBS ယာဉ်လိုင်းများအား ပြေးဆွဲမှုအပိုင်း နှင့် ကြပ်မတ်ထိန်းသိမ်းမှုအပိုင်းဟူ၍စီမံထားပြီး နှစ်ပိုင်းခွဲဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရသည်။ တံတားတစ်စင်းတည်းကိုသာ အသုံးပြုမည်ဆိုလျှင်ယာဉ်ကြောကြပ်တည်းမှု အထိုက်အလောက်ရှိနိုင် ကြောင်း၊YRTA အနေဖြင့် ယာဉ်ကြောကြပ်တည်းမှုဖြစ်ပေါ်လာလျှင် သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများဖြင့် ပူးပေါင်းဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com