ဗြိတိန်တော်ဝင်မင်းသမီး ဘီယယ်ထရစ်က အိမ်ခြံမြေလုပ်ငန်းရှင် သူဌေးကြီး၊ ကလေးတစ်ယောက်ဖခင် အက်ဒွါးဒို၏ ချစ်ရေးဆိုမှုကို တစ်ညလျှင် တည်းခိုခ ပေါင် ၃၀၀၀ ( မြန်မာငွေ ၅၆သိန်းကျော် )ပေးရသည့် အီတလီရှိ ပင်လယ်ကမ်းခြေဟိုတယ်တွင် လက်ခံခဲ့
ဗြိတိန်တော်ဝင်မင်းသမီး ဘီယယ်ထရစ်က အိမ်ခြံမြေလုပ်ငန်းရှင် သူဌေးကြီး၊ ကလေးတစ်ယောက်ဖခင် အက်ဒွါးဒို၏ ချစ်ရေးဆိုမှုကို တစ်ညလျှင် တည်းခိုခ ပေါင် ၃၀၀၀ ( မြန်မာငွေ ၅၆သိန်းကျော် )ပေးရသည့် အီတလီရှိ ပင်လယ်ကမ်းခြေဟိုတယ်တွင် လက်ခံခဲ့ - Property News in Myanmar from iMyanmarHouse.com
3 Oct 2019 11:43 am တွင် တင်ခဲ့သည်
1273 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
ဗြိတိန်တော်ဝင်မိသားစုဝင်တစ်ဦးဖြစ်သော ယော့ခ်မြို့စား မင်းသားအင်ဒရူး၏ သမီးတော် မင်းသမီး ဘီယယ်ထရစ်သည် အိမ်ခြံမြေလုပ်ငန်းရှင် သူဌေးကြီး၊ ကလေးတစ်ယောက်ဖခင် အက်ဒွါးဒို၏ ချစ်ရေးဆိုမှုကို တစ်ညလျှင် တည်းခိုခ ပေါင် ၃၀၀၀ (မြန်မာငွေ ၅၆ သိန်းကျော်) ပေးရသည့် အီတလီရှိ ပင်လယ်ကမ်းခြေဟိုတယ်တွင် လက်ခံခဲ့ခြင်းဖြစ်ကြောင်း အင်္ဂလန်အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြသည်။
### Unicode Version ###
ဗြိတိန်တော်ဝင်မိသားစုဝင်တစ်ဦးဖြစ်သော ယော့ခ်မြို့စား မင်းသားအင်ဒရူး၏ သမီးတော် မင်းသမီး ဘီယယ်ထရစ်သည် အိမ်ခြံမြေ လုပ်ငန်းရှင် သူဌေးကြီး၊ ကလေးတစ်ယောက်ဖခင် အက်ဒွါးဒို၏ ချစ်ရေးဆိုမှုကို တစ်ညလျှင် တည်းခိုခ ပေါင် ၃၀၀၀ (မြန်မာငွေ ၅၆ သိန်းကျော်) ပေးရသည့် အီတလီရှိ ပင်လယ်ကမ်းခြေဟိုတယ်တွင် လက်ခံခဲ့ခြင်းဖြစ်ကြောင်း အင်္ဂလန်အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြသည်။
တော်ဝင်မင်းသမီး ဘီယယ်ထရစ်သည် အီတလီနိုင်ငံ အနောက်တောင်ပိုင်း အမာလ်ဖီ ကမ်းခြေ၏ ရင်သပ်ရှုမောဖွယ်ရှုခင်းများ တွေ့မြင်နေရသည့် Le Sirenuse အမည်ရှိ ဇိမ်ခံဟိုတယ်ကြီး၏ လသာဆောင်တွင် အက်ဒွါးဒို၏ လက်ထပ်ခွင့်ပန်လာခြင်းအား လက်ခံလိုက်ခြင်းဖြစ်သည်။
Le Sirenuse ဟိုတယ်မှ သတင်းရင်းမြစ်တို့၏ ပြောကြားချက်အရ အသက် ၃၆ နှစ်အရွယ်ရှိ သန်းကြွယ်သူဌေး အိမ်ခြံမြေ လုပ်ငန်းရှင် အက်ဒွါးဒိုသည် တူရီးနီးယန်ပင်လယ်ပြင်ကြီးအတွင်း နေမင်းကြီးစုံးစုံးမြုပ်ချိန်တွင် ဒူးတစ်ဘက်ထောက်ကာ လက်ထပ်ခွင့်ပန်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ ကြင်ယာတော်ဖြစ်သည့် အမေရိကန်ရုပ်ရှင်မင်းသမီး မီဂန်မာကယ်သည်လည်း ၂၀၁၆ ခုနှစ်အတွင်း သူငယ်ချင်းများနှင့်အတူ ဥရောပတစ်ခွင် လည်ပတ်စဉ်က အဆိုပါ ဟိုတယ်ကြီးတွင် တည်းခိုခဲ့ဖူးပြီး ထိုစဉ်က ဟယ်ရီနှင့် မဆုံစည်းသေးချေ။
ဟိုတယ်ကြီးမှ အတွင်းလူတစ်ဦး၏ ပြောကြားချက်အရ “မစ္စတာ အက်ဒွါးဒိုဟာ ရေကူးကန်ဘေးက အရက်ဘားနားမှာရှိတဲ့ လသာဆောင်မှာ ဒူးထောက်ပြီး လက်ထပ်ခွင့်ပန်ခဲ့တာပါ။ အချိန်က ညနေစောင်း နေဝင်ချိန်ပါ။ အံ့အားသင့်ဖွယ်အကောင်းဆုံး ညနေဆည်းဆာတစ်ခုကို ကျွန်တော်တို့ တွေ့ကြုံခဲ့ရတာ ဖြစ်ပါတယ်။ ဒါက သိပ်ပြီး ရိုမန့်တစ်ဆန်လှပါတယ်”ဟု ပြောကြားသည်။
အခြားတစ်ဦးက ပြောကြားရာတွင်လည်း “ဒါက ကျွန်တော်တို့အားလုံးအတွက် အံ့အားသင့်ဖွယ်နေ့ရက်တစ်ခုပါ။ သူတို့အတွက် ကျွန်တော်တို့အားလုံး ဝမ်းမြောက်မိပါတယ်”ဟု ပြောကြားသည်။
ထိုသို့ လက်ထပ်ခွင့်ကမ်းလှမ်းပြီး မကြာမီတွင် စေ့စပ်ပွဲကျင်းပခဲ့သည်။
(အဆိုပါသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ပြီးဖြစ်ရာ https://www.imyanmarhouse.com/news/read/861484 အင်တာနက်လင့်ခ်တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်။)
ယော့ခ်မြို့စားနှင့် မြို့စားကတော်တို့၏ မိတ်ဆွေများကလည်း သမီးကြီးဖြစ်သူ စေ့စပ်ပွဲအပေါ် ဝမ်းမြောက်ကြကြောင်း၊ မင်းသမီး ဘီယယ်ထရစ်သည် နောက်ဆုံးတွင် သင့်လျော်သည့် လက်တွဲဖော်ကို ရရှိသွားပြီဖြစ်ကြောင်း ပြောကြားကြသည်။
အက်ဒွါးဒိုသည် ဘီယယ်ထရစ်အတွက် စေ့စပ်လက်စွပ်ကို ကိုယ်တိုင်ဒီဇိုင်းရေးဆွဲကာ အပ်နှံခဲ့ခြင်းဖြစ်ပြီး ပေါင် ၁၀၀၀၀၀ ခန့် တန်ကြေးရှိသည့် စိန်လက်စွပ်ဖြစ်သည်ဟု ဆိုသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
imyanmarmarket
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service