တတိယသံုးလပတ္အတြင္း စကၤာပူအိမ္ေဈး ၀ ဒသမ ၉ ရာခိုင္ႏႈန္း ျမင့္တက္

တတိယသံုးလပတ္အတြင္း စကၤာပူအိမ္ေဈး ၀ ဒသမ ၉ ရာခိုင္ႏႈန္း ျမင့္တက္ - Property News in Myanmar from iMyanmarHouse.com
3 Oct 2019 10:32 am တွင် တင်ခဲ့သည်
796 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အေမရိကန္-တ႐ုတ္ ကုန္သြယ္ေရးတင္းမာမႈႏွင့္ ကမာၻ႕စီးပြားေရးယိုယြင္းမႈတို႔ ျမင့္တက္လာသည့္အၾကား စကၤာပူပုဂၢလိကအိမ္ေဈးမ်ားသည္ ၂၀၁၉ ခုႏွစ္ တတိယသံုးလပတ္တြင္ သံုးလပတ္ႏွစ္ခုဆက္တိုက္အျဖစ္ ျမင့္တက္ခဲ့ေၾကာင္း သိရသည္။

ပုဂၢလိကလူေနအိမ္ေဈးအညႊန္းကိန္းသည္ ၂၀၁၉ ခုႏွစ္ တတိယသံုးလပတ္တြင္ ၀ ဒသမ ၈ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ေၾကာင္း၊ ယင္းမတုိင္မီသံုးလပတ္တြင္ ၁ ဒသမ ၅ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ေၾကာင္း စကၤာပူၿမိဳ႕ျပစည္ပင္သာယာေရးအာဏာပိုင္အဖြဲ႕က ထုတ္ျပန္ခဲ့သည္။

တတိယသံုးလပတ္အတြင္း တိုက္ခန္းႏွင့္ ကြန္ဒိုေဈးႏႈန္းမ်ားက ၁ ဒသမ ၇ ရာခိုင္ႏႈန္း ဖြံ႕ၿဖိဳးခဲ့ၿပီး က်န္အိမ္ေဈးႏႈန္းမ်ားက ၂ ဒသ ၂ ရာခိုင္ႏႈန္း ဖြံ႕ၿဖိဳးခဲ့ေၾကာင္း သိရသည္။

“ေရာင္းအားနဲ႔ ေဈးႏႈန္းမွာ သံုးလပတ္ႏွစ္ခုဆက္တိုက္ျမင့္တက္ခဲ့တာဟာ ေဘးကေနေစာင့္ၾကည့္ေနခဲ့ၾကတဲ့ ဝယ္လက္ေတြ ေဈးကြက္ထဲ ပိုၿပီး ျပန္လည္ဝင္ေရာက္လာတာကို ညႊန္ျပေနပါတယ္။” ဟု Knight Frank Singapore ၏ သုေတသနေခါင္းေဆာင္ လီႏိုင္ဂ်ာက ေျပာၾကားခဲ့သည္။

CBRE အေရွ႕ေတာင္အာရွ၏ သုေတသနေခါင္းေဆာင္ ဒက္စ္မြန္ဆင္းမ္က စီမံကိန္းသစ္မ်ား ေဈးကြက္ထဲ ေရာက္ရွိလာမႈက အနည္းငယ္သာရွိၿပီး အေရာင္းအဝယ္ကအားေကာင္းခဲ့၍ ေဈးႏႈန္းျမင့္တက္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

၂၀၁၉ ခုႏွစ္ တတိယသံုးလပတ္အတြင္း အိမ္သစ္ ၃,၀၄၄ ေရာင္းခ်ခဲ့ရၿပီး အိမ္ၿခံေျမမ်ဳိးစံုေရာင္းအား၏ ၆၅ ရာခိုင္ႏႈန္းရွိခဲ့ကာ ၂၀၁၉ ခုႏွစ္ ဒုတိယသံုးလပတ္အတြင္း ၂,၁၄၄ လံုးႏွင့္ ၅၁ ရာခုိင္ႏႈန္း ရွိခဲ့ေၾကာင္း REALIS က ထုတ္ျပန္ခဲ့သည္။ ဒက္စ္မြန္ဆင္းမ္က ၎ထုတ္ျပန္ခ်က္ကို ကိုးကား၍ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

တိုးျမႇင့္လုိက္ေသာထပ္ေဆာင္းအိမ္ဝယ္ခြန္မ်ားက ဝယ္လိုအားႏွင့္ ေဈးႏႈန္းမ်ားျမင့္တက္မႈကို မေလွ်ာ့ခ်ႏုိင္ဘဲ ၂၀၂၀ ခုႏွစ္မကုန္မီအထိ စကၤာပူပုဂၢလိကအိမ္ေဈးႏွင့္ ေရာင္းအား ဆက္လက္ဖြံ႕ၿဖိဳးမည္ဟု ခန္႔မွန္းရေၾကာင္း Knight Frank ကမာၻ႕အိမ္ၿခံေျမကုမၸဏီက ခန္႔မွန္းထားသည္။

စကၤာပူ၏ အားေကာင္းေသာ လူဦးေရဖြံ႕ၿဖိဳးမႈ၊ ျမင့္တက္လာေသာ မိသားစုဝင္ေငြႏွင့္ အေပါင္းလကၡဏာေဆာင္ေသာ အလုပ္အကုိင္ခန္႔အပ္မႈအေရအတြက္မ်ားက အိမ္ေဈးႏႈန္းႏွင့္ဝယ္လိုအားတို႔အတြက္ ေရရွည္တြင္ အဓိကေမာင္းႏွင္သူမ်ားျဖစ္မည္ဟု ယံုၾကည္ေၾကာင္း OrangeTee & Tie အတုိင္ပင္ခံကုမၸဏီ၏ သုေတသနေခါင္းေဆာင္ ခရစၥတင္းဆန္းက ေျပာၾကားခဲ့သည္။

“လက္တေလာကမာၻမွာစီးပြားေရးမတည္ၿငိမ္မေရရာမႈေတြကို အေၾကာင္းျပဳၿပီးေတာ့ စကၤာပူဟာ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံသူေတြအတြက္ သူတို႔ရဲ႕ေငြေၾကးေတြကို ရင္းႏွီးသိုေလွာင္စရာ ဆြဲေဆာင္မႈရွိ၊ လံုၿခံဳတဲ့ေနရာတစ္ေနရာျဖစ္ေနဦးမွာပါ” ဟုလည္း သူမက ေျပာၾကားခဲ့ေၾကာင္း သိရသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။) ### Unicode Version ###

အမေရိကန်-တရုတ် ကုန်သွယ်ရေးတင်းမာမှုနှင့် ကမ္ဘာ့စီးပွားရေးယိုယွင်းမှုတို့ မြင့်တက်လာသည့်အကြား စင်္ကာပူပုဂ္ဂလိကအိမ်ဈေးများသည် ၂၀၁၉ ခုနှစ် တတိယသုံးလပတ်တွင် သုံးလပတ်နှစ်ခုဆက်တိုက်အဖြစ် မြင့်တက်ခဲ့ကြောင်း သိရသည်။

ပုဂ္ဂလိကလူနေအိမ်ဈေးအညွှန်းကိန်းသည် ၂၀၁၉ ခုနှစ် တတိယသုံးလပတ်တွင် ၀ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ယင်းမတိုင်မီသုံးလပတ်တွင် ၁ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း စင်္ကာပူမြို့ပြစည်ပင်သာယာရေးအာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

တတိယသုံးလပတ်အတွင်း တိုက်ခန်းနှင့် ကွန်ဒိုဈေးနှုန်းများက ၁ ဒသမ ၇ ရာခိုင်နှုန်း ဖွံ့ဖြိုးခဲ့ပြီး ကျန်အိမ်ဈေးနှုန်းများက ၂ ဒသ ၂ ရာခိုင်နှုန်း ဖွံ့ဖြိုးခဲ့ကြောင်း သိရသည်။

“ရောင်းအားနဲ့ ဈေးနှုန်းမှာ သုံးလပတ်နှစ်ခုဆက်တိုက်မြင့်တက်ခဲ့တာဟာ ဘေးကနေစောင့်ကြည့်နေခဲ့ကြတဲ့ ဝယ်လက်တွေ ဈေးကွက်ထဲ ပိုပြီး ပြန်လည်ဝင်ရောက်လာတာကို ညွှန်ပြနေပါတယ်။” ဟု Knight Frank Singapore ၏ သုတေသနခေါင်းဆောင် လီနိုင်ဂျာက ပြောကြားခဲ့သည်။

CBRE အရှေ့တောင်အာရှ၏ သုတေသနခေါင်းဆောင် ဒက်စ်မွန်ဆင်းမ်က စီမံကိန်းသစ်များ ဈေးကွက်ထဲ ရောက်ရှိလာမှုက အနည်းငယ်သာရှိပြီး အရောင်းအဝယ်ကအားကောင်းခဲ့၍ ဈေးနှုန်းမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ် တတိယသုံးလပတ်အတွင်း အိမ်သစ် ၃,၀၄၄ ရောင်းချခဲ့ရပြီး အိမ်ခြံမြေမျိုးစုံရောင်းအား၏ ၆၅ ရာခိုင်နှုန်းရှိခဲ့ကာ ၂၀၁၉ ခုနှစ် ဒုတိယသုံးလပတ်အတွင်း ၂,၁၄၄ လုံးနှင့် ၅၁ ရာခိုင်နှုန်း ရှိခဲ့ကြောင်း REALIS က ထုတ်ပြန်ခဲ့သည်။ ဒက်စ်မွန်ဆင်းမ်က ၎င်းထုတ်ပြန်ချက်ကို ကိုးကား၍ ပြောကြားခဲ့ခြင်းဖြစ်သည်။

တိုးမြှင့်လိုက်သောထပ်ဆောင်းအိမ်ဝယ်ခွန်များက ဝယ်လိုအားနှင့် ဈေးနှုန်းများမြင့်တက်မှုကို မလျှော့ချနိုင်ဘဲ ၂၀၂၀ ခုနှစ်မကုန်မီအထိ စင်္ကာပူပုဂ္ဂလိကအိမ်ဈေးနှင့် ရောင်းအား ဆက်လက်ဖွံ့ဖြိုးမည်ဟု ခန့်မှန်းရကြောင်း Knight Frank ကမ္ဘာ့အိမ်ခြံမြေကုမ္ပဏီက ခန့်မှန်းထားသည်။

စင်္ကာပူ၏ အားကောင်းသော လူဦးရေဖွံ့ဖြိုးမှု၊ မြင့်တက်လာသော မိသားစုဝင်ငွေနှင့် အပေါင်းလက္ခဏာဆောင်သော အလုပ်အကိုင်ခန့်အပ်မှုအရေအတွက်များက အိမ်ဈေးနှုန်းနှင့်ဝယ်လိုအားတို့အတွက် ရေရှည်တွင် အဓိကမောင်းနှင်သူများဖြစ်မည်ဟု ယုံကြည်ကြောင်း OrangeTee & Tie အတိုင်ပင်ခံကုမ္ပဏီ၏ သုတေသနခေါင်းဆောင် ခရစ္စတင်းဆန်းက ပြောကြားခဲ့သည်။

“လက်တလောကမ္ဘာမှာစီးပွားရေးမတည်ငြိမ်မရေရာမှုတွေကို အကြောင်းပြုပြီးတော့ စင်္ကာပူဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် သူတို့ရဲ့ငွေကြေးတွေကို ရင်းနှီးသိုလှောင်စရာ ဆွဲဆောင်မှုရှိ၊ လုံခြုံတဲ့နေရာတစ်နေရာဖြစ်နေဦးမှာပါ” ဟုလည်း သူမက ပြောကြားခဲ့ကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Shwe Moe Kaung
Car Expo and Networking

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service