ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔မွ ေျမအသုံးျပဳခြင့္ေလွ်ာက္လႊာေခၚယူေၾကာင္း ရန္ကုန္တိုင္းေဒသၾကီး အစိုးရအဖြဲ႔ ေျမစီမံခန္႔ခြဲေရးေကာ္မတီမွ ႏိုင္ငံပိုင္သတင္းစာတို႔၏ ေၾကာ္ျငာက႑တြင္ေဖာ္ျပထားသည္ကို ေတြ႕ရသည္။
ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႔က စီမံခန္႔ခြဲပိုင္ခြင့္ရွိေသာတိုင္းေဒသႀကီးအတြင္းရွိ ေျမမ်ားကို စီးပြားေရး/ စက္မႈလုပ္ငန္းလုပ္ကိုင္ရန္အတြက္လည္းေကာင္းႏွင့္ လူေနထိုင္ႏိုင္ရန္အတြက္လည္းေကာင္း ေျမအသုံးျပဳခြင့္အား သတ္မွတ္စည္ပင္စရိတ္ ေပးသြင္း၍ အသုံးျပဳခြင့္ေပးမည္ျဖစ္ေၾကာင္းသိရသည္။
အဆိုပါကိစၥအတြက္ ေျမအသုံးျပဳရန္စိတ္ပါဝင္စားသူတိုင္း ေျမအသုံးျပဳခြင့္ေလွ်ာက္လႊာဝယ္ယူတင္သြင္းႏိုင္ေၾကာင္း သိရသည္။
ေျမအသုံးျပဳခြင့္ေလွ်ာက္လႊာပုံစံကို ေလွ်ာက္ထားသူကိုယ္တိုင္၏ မွတ္ပုံတင္မူရင္းႏွင့္မိတၱဴတင္ျပၿပီး ရန္ကုန္အေရွ႕ပိုင္းခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန စုေပါင္းရုံးတြင္ရုံးခ်ိန္အတြင္း ဝယ္ယူေလွ်ာက္ထားႏိုင္ေၾကာင္းသိရသည္။
ေအာက္တိုဘာ ၇ ရက္တြင္စတင္ေရာင္းခ်ေပးမည္ျဖစ္ၿပီး ႏိုဝင္ဘာ ၈ ရက္ေနာက္ဆုံးထားတင္သြင္းရမည္ျဖစ္ေၾကာင္းသိရသည္။
ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ မြေအသုံးပြုခွင့်လျှောက်လွှာခေါ်ယူကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မြေစီမံခန့်ခွဲရေးကော်မတီမှ နိုင်ငံပိုင်သတင်းစာတို့၏ ကြော်ငြာကဏ္ဍတွင်ဖော်ပြထားသည်ကို တွေ့ရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့်ရှိသော တိုင်းဒေသကြီးအတွင်းရှိ မြေများကို စီးပွားရေး/ စက်မှုလုပ်ငန်းလုပ်ကိုင်ရန်အတွက်လည်းကောင်းနှင့် လူနေထိုင်နိုင်ရန်အတွက်လည်းကောင်း မြေအသုံးပြုခွင့်အား သတ်မှတ်စည်ပင်စရိတ် ပေးသွင်း၍ အသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါကိစ္စအတွက် မြေအသုံးပြုရန်စိတ်ပါဝင်စားသူတိုင်း မြေအသုံးပြုခွင့်လျှောက်လွှာဝယ်ယူတင်သွင်းနိုင်ကြောင်း သိရသည်။ မြေအသုံးပြုခွင့်လျှောက်လွှာပုံစံကို လျှောက်ထားသူကိုယ်တိုင်၏ မှတ်ပုံတင်မူရင်းနှင့်မိတ္တူတင်ပြပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးတွင် ရုံးချိန်အတွင်း ဝယ်ယူလျှောက်ထားနိုင်ကြောင်းသိရသည်။ အောက်တိုဘာ ၇ ရက်တွင်စတင်ရောင်းချပေးမည်ဖြစ်ပြီး နိုဝင်ဘာ ၈ ရက်နောက်ဆုံးထားတင်သွင်းရမည်ဖြစ်ကြောင်းသိရသည်။
ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com