ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္း (၁၁) ခုႏွင့္ ျမန္မာႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္း (၂) ခုမွ အလုပ္အကိုင္အခြင့္အလမ္း ၆၀၀၀ ေက်ာ္ရရွိမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီ၏ အစည္းအေဝးမွသိရသည္။
အဆိုပါ အစည္းအေဝး အမွတ္စဥ္ (၁၆/၂၀၁၉) ကို စက္တင္ဘာ ၃၀ ရက္က ရန္ကင္းၿမိဳ႕နယ္၊ စိမ္းလဲ့ေမလမ္းသြယ္ရွိ တိုင္းေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီ႐ုံး၊ အစည္းအေဝးခန္းမ၌ ျပဳလုပ္ရာ ရန္ကုန္တိုင္းေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီ ဥကၠ႒၊ တိုင္းေဒသႀကီးအစိုးရအဖြဲ႔၊ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္း၊စိုက္ပ်ိဳးေရး၊ေမြးျမဴေရး၊သစ္ေတာႏွင့္စြမ္းအင္ဝန္ႀကီး ဦးဟံထြန္း၊ တိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ အတြင္းေရးမႉး ဦးမ်ိဳးေအာင္ေဌးႏွင့္ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ေၾကာင္းသိရသည္။
အစည္းအေဝးတြင္ ရန္ကုန္တိုင္းေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီ ဥကၠ႒က ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈ ဥပေဒႏွင့္အညီ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေဆာင္႐ြက္မည့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း (၁၁) ခုႏွင့္ ျမန္မာႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္း (၂) ခုတို႔ကို အတည္ျပဳေပးခဲ့သည္။
ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား၏ မတည္ေငြရင္း ပမာဏစုစုေပါင္းမွာ အေမရိကန္ေဒၚလာ ၁၄.၄၇၃ သန္းႏွင့္ ျမန္မာႏိုင္ငံသား ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား၏ မတည္ေငြရင္း ပမာဏစုစုေပါင္းမွာ ၂၅၅၀.၀၄၅ သန္းျဖစ္ၿပီး ျပည္တြင္းအလုပ္အကိုင္ အခြင့္အလမ္း (၆၀၆၄) ဦးအတြက္ ဖန္တီးေပးႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
ရင္းႏွီးျမႇဳပ္ႏွံမႈတိုးျမႇင့္ျခင္းတြင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ စက္မႈက႑၌ အေမရိကန္ေဒၚလာ ၀.၉၀၀ သန္း တိုးျမႇင့္ထားၿပီး ျပည္တြင္းအလုပ္အကိုင္အခြင့္အလမ္း (၁၀၇၃) ဦးအတြက္ အလုပ္အကိုင္တိုးျမႇင့္ ဖန္တီးေပးႏိုင္မည္ျဖစ္ေၾကာင္းသိရသည္။
ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁၁) ခုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၂) ခုမှ အလုပ်အကိုင်အခွင့်အလမ်း ၆၀၀၀ ကျော်ရရှိမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အစည်းအဝေး မှသိရသည်။
အဆိုပါ အစည်းအဝေး အမှတ်စဉ် (၁၆/၂၀၁၉) ကို စက်တင်ဘာ ၃၀ ရက်က ရန်ကင်းမြို့နယ်၊ စိမ်းလဲ့မေလမ်းသွယ်ရှိ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊စိုက်ပျိုးရေး၊မွေးမြူရေး၊သစ် တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးမျိုးအောင်ဌေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၁) ခုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၂) ခုတို့ကို အတည်ပြုပေးခဲ့သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၄.၄၇၃ သန်းနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏစုစုပေါင်းမှာ ၂၅၅၀.၀၄၅ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၆၀၆၄) ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စက်မှုကဏ္ဍ၌ အမေရိကန်ဒေါ်လာ ဝ.၉၀၀ သန်း တိုးမြှင့်ထားပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း (၁၀၇၃) ဦးအတွက် အလုပ်အကိုင်တိုးမြှင့် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com