ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
လုပ်ငန်းစုစုပေါင်း (၆) ခုမှ အလုပ်အကိုင်အခွင့်အလမ်း ၁၀၀၀ ကျော် ဖန်တီးပေးနိုင်မည့် လုပ်ငန်းများအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြုခဲ့ကြောင်း စက်တင်ဘာလ ၂၇ ရက်က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၆/၂၀၁၉) ကြိမ်မြောက်အစည်းအဝေးမှသိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၆/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးတွင် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် (၁၀)ဦး တက်ရောက်ကြကြောင်းသိရသည်။
အဆိုပါ အစည်းအဝေးတွင် မွေးမြူရေးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊အခြား အခြားဝန်ဆောင်မှုကဏ္ဍနှင့် သတ္တုကဏ္ဍတို့မှ လုပ်ငန်းစုစုပေါင်း (၆) ခု ခွင့်ပြုခဲ့ကြောင်း၊လုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁၄၇.၉၀၃) သန်းနှင့်ကျပ်သန်း (၂,၀၀၀) ရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၁,၀၈၃) နေရာကိုဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။
၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဩဂုတ်လကုန်အထိ နိုင်ငံပေါင်း (၅၀) တို့မှစီးပွားရေးကဏ္ဍ (၁၂) ခုတွင်ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းပေါင်း (၁,၈၀၆)ခု ရင်းနှီးမြှုပ်နှံလျက်ရှိရာ စုစုပေါင်း အမေရိကန်ဒေါ်လာသန်းပေါင်း (၈၁၅၉၇.၇၄၃) ဖြင့် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုမိန့်များထုတ်ပေးခဲ့ပြီး စီးပွားရေးကဏ္ဍ (၁၂) ခုမှ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၇.၄၈) ရာခိုင်နှုန်း ဖြင့်လည်းကောင်း၊လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၅.၉၅)ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၁၄.၀၁) ရာခိုင်နှုန်းဖြင့် လည်းကောင်း ခွင့်ပြုထားကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်ထားသောနိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ကြောင်းသိရသည်။
### Unicode Version ###
လုပ်ငန်းစုစုပေါင်း (၆) ခုမှ အလုပ်အကိုင်အခွင့်အလမ်း ၁၀၀၀ ကျော် ဖန်တီးပေးနိုင်မည့် လုပ်ငန်းများအား မြန်မာနိုင်ငံရင်းနှီးမြှုုပ်နှံမှုကော်မရှင်ခွင့်ပြုခဲ့ကြောင်း စက်တင်ဘာလ ၂၇ ရက်က မြန်မာနိုင်ငံ ရင်းနှီးမြုှုပ်နှံ မှုကော်မရှင်၏ (၁၆/၂၀၁၉) ကြိမ်မြောက်အစည်းအဝေးမှသိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှုကော်မရှင်၏ (၁၆/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးတွင် မြန်မာနိုင်ငံရင်းနှီး မြှုုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် (၁၀)ဦး တက်ရောက်ကြ ကြောင်းသိရသည်။
အဆိုပါ အစည်းအဝေးတွင် မွေးမြူရေးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊အခြား အခြားဝန်ဆောင်မှုကဏ္ဍနှင့် သတ္တုကဏ္ဍတို့မှ လုပ်ငန်းစုစုပေါင်း (၆) ခု ခွင့်ပြုခဲ့ကြောင်း၊လုပ်ငန်းများ၏ ရင်နှီးမြှုုပ် နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁၄၇.၉၀၃) သန်းနှင့်ကျပ်သန်း (၂,၀၀၀) ရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁,၀၈၃) နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။
၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဩဂုတ်လကုန်အထိ နိုင်ငံပေါင်း (၅၀) တို့မှစီးပွားရေးကဏ္ဍ (၁၂) ခုတွင်ရင်းနှီး မြှုုပ်နှံမှုလုပ်ငန်းပေါင်း (၁,၈၀၆)ခု ရင်းနှီးမြှုုပ်နှံလျက်ရှိရာ စုစုပေါင်း အမေရိကန်ဒေါ်လာသန်းပေါင်း (၈၁၅၉၇.၇၄၃) ဖြင့် ရင်းနှီးမြှုုပ်နှံရန် ခွင့်ပြုမိန့်များထုတ်ပေးခဲ့ပြီး စီးပွားရေးကဏ္ဍ (၁၂) ခုမှ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုုပ်နှံမှု၏ (၂၇.၄၈) ရာခိုင်နှုန်း ဖြင့်လည်းကောင်း၊လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုုပ်နှံမှု၏ (၂၅.၉၅)ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုုပ်နှံမှု၏ (၁၄.၀၁) ရာခိုင်နှုန်း ဖြင့် လည်းကောင်း ခွင့်ပြုထားကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုုပ်နှံမှုအများဆုံး ပြုလုပ်ထားသောနိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ကြောင်းသိရသည်။
ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com