ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
ကမၻာေက်ာ္ အဂၤလိပ္ စာေရးဆရာမၾကီး ေဂ်ာ့ခ်္ အဲလိယက္ထ္၏ လန္ဒန္စံအိမ္ ေပါင္ ၂ ဒသမ ၈ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာသည္။
ေဂ်ာ့ခ်္ အဲလိယက္ထ္သည္ သူ၏ ဒုတိယေျမာက္ ဝတၳဳကို လန္ဒန္ေတာင္ပိုင္း၊ ပြတ္တ္ေနးအရပ္ရွိ ေလဝင္ေလထြက္ေကာင္းမြန္လွေသာ အုတ္ထမ္းစံအိမ္ၾကီးတြင္ ေရးသားခဲ့ျခင္း ျဖစ္သည္။
Holly Lodge ဟု အမည္ေပးထားေသာ သံုးထပ္ အုတ္အေဆာက္အအံုၾကီးသည္ ျပီးခဲ့ေသာ ၾကာသပေတးေန႔က ေပါင္ ၂ ဒသမ ၇၉၅ သန္း (ကန္ေဒၚလာ ၃ ဒသမ ၄၄ သန္း) ျဖင့္ အေရာင္းေစ်းကြက္ဝင္လာျခင္း ျဖစ္သည္။
အမည္ရင္းမွာ မာရီ အန္း အီဗန္စ္ျဖစ္ေသာ္လည္း ကေလာင္အမည္ ေဂ်ာ့ခ်္ အဲလိယက္ထ္ျဖင့္သာ လူသိမ်ားေသာ စာေရးဆရာမၾကီး သည္ ဝင္ဘယ္လ္ဒန္ ပါ့ခ္လမ္းတြင္ တည္ရွိသည့္ က်ယ္ဝန္းလွေသာ ၃ ထပ္ တိုက္တန္းအိမ္သို႔ ၁၈၅၉ ခုႏွစ္တြင္ ေျပာင္းေရႊ ႔ေနထိုင္ခဲ့ျခင္း ျဖစ္သည္။
စံအိမ္ၾကီးမွာ သဘာဝအလင္းေကာင္းစြာရရွိေအာင္ ေဆာက္လုပ္ထားျပီး က်ယ္ေျပာသည့္ ကိုယ္ပိုင္ပန္းျခံႏွင့္ လန္ဒန္ေတာင္ပိုင္း ဝန္းက်င္ျမင္ကြင္းမ်ားကို ပိုင္ဆိုင္ထားသည္။
သူ၏ ဘဝဇာတ္ေၾကာင္းမ်ားျဖင့္ အနည္းငယ္ေရာယွက္ ေရးသားထားသည့္ ဒုတိယေျမာက္ဝတၳဳျဖစ္ေသာ The Mill on the floss ကို အဆိုပါစံအိမ္ၾကီးတြင္ ေရးသားခဲ့ျခင္းျဖစ္ေၾကာင္း English Heritage ၏ မွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။
English Heritage သည္ သမိုင္းဆိုင္ရာအဖြဲ႔အစည္းတစ္ခုျဖစ္ျပီး စာေရးဆရာမၾကီး၏ စံအိမ္ကို အဂၤလန္၏ သမိုင္းဝင္ အေမြအႏွစ္အျဖစ္ ၁၉၀၅ ခုႏွစ္တြင္ အျပာေရာင္တံဆိပ္ျပားကပ္ကာ ဂုဏ္ျပဳခဲ့သည္။
ကနဦးတြင္ ေဂ်ာ့ခ်္အိလိေယာ့ထ္က Holly Lodge စံအိမ္ၾကီးတြင္ ႏွစ္ေပါင္းမ်ားစြာေနထိုင္ရန္ ရည္ရြယ္ခဲ့သည္။
သို႔ရာတြင္ နာမည္ၾကီးစာေရးဆရာမၾကီးျဖစ္လာကာ လူသိမ်ားလာျပီးေနာက္ အဆိုပါစံအိမ္မွာ သူ႔အတြက္ တစ္ကိုယ္ေရလံုျခံဳ လြတ္လပ္မႈ မရွိေတာ့ေခ်။
ေနအိမ္တိုက္တန္းတစ္ခုတြင္တည္ရွိေနျပီး မ်က္လံုးေပါင္းမ်ားစြာေအာက္တြင္ ေရာက္ရွိေနသကဲ့သို႔ ျဖစ္ေနေၾကာင္း အဲလိယက္ထ္က ေျပာၾကားဖူးသည္။
သို႔အတြက္ အဲလိယက္ထ္ႏွင့္ လီဝက္စ္တို႔သည္ လန္ဒန္ျမိဳ႕အေနာက္ပိုင္း marylebone အရပ္ရွိ က်ယ္ဝန္းေသာ ျခံဝန္းႏွင့္ စံအိမ္ၾကီးသို႔ ၁၈၆၀ ႏွစ္ကုန္ပိုင္းတြင္ ေျပာင္းေရႊ ႔ခဲ့ၾကသည္။
Holly Lodge စံအိမ္ၾကီး၏ အိမ္တြင္းပိုင္းမွာ က်ယ္က်ယ္ဝန္းဝန္းရွိလွျပီး အမိုးေပၚ လသာေဆာင္၊ အိမ္ေနာက္ဘက္တြင္ အလ်ား ၇၅ ေပခန္႔ရွိေသာ ပန္းဥယ်ာဥ္တို႔ ပါဝင္ေၾကာင္း ေစ်းကြက္တင္သည့္ Savills ကုမၸဏီ၏ ေစ်းကြက္တင္ေၾကာ္ျငာတြင္ ေဖာ္ျပသည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
ကမ္ဘာကျော် အင်္ဂလိပ် စာရေးဆရာမကြီး ဂျော့ချ် အဲလိယက်ထ်၏ လန်ဒန်စံအိမ် ပေါင် ၂ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။
ဂျော့ချ် အဲလိယက်ထ်သည် သူ၏ ဒုတိယမြောက် ဝတ္ထုကို လန်ဒန်တောင်ပိုင်း၊ ပွတ်တ်နေးအရပ်ရှိ လေဝင်လေထွက်ကောင်းမွန်လှသော အုတ်ထမ်းစံအိမ်ကြီးတွင် ရေးသားခဲ့ခြင်း ဖြစ်သည်။
Holly Lodge ဟု အမည်ပေးထားသော သုံးထပ် အုတ်အဆောက်အအုံကြီးသည် ပြီးခဲ့သော ကြာသပတေးနေ့က ပေါင် ၂ ဒသမ ၇၉၅ သန်း (ကန်ဒေါ်လာ ၃ ဒသမ ၄၄ သန်း) ဖြင့် အရောင်းဈေးကွက်ဝင်လာခြင်း ဖြစ်သည်။
အမည်ရင်းမှာ မာရီ အန်း အီဗန်စ်ဖြစ်သော်လည်း ကလောင်အမည် ဂျော့ချ် အဲလိယက်ထ်ဖြင့်သာ လူသိများသော စာရေးဆရာမကြီး သည် ဝင်ဘယ်လ်ဒန် ပါ့ခ်လမ်းတွင် တည်ရှိသည့် ကျယ်ဝန်းလှသော ၃ ထပ် တိုက်တန်းအိမ်သို့ ၁၈၅၉ ခုနှစ်တွင် ပြောင်းရွှေ့နေထိုင်ခဲ့ခြင်း ဖြစ်သည်။
စံအိမ်ကြီးမှာ သဘာဝအလင်းကောင်းစွာရရှိအောင် ဆောက်လုပ်ထားပြီး ကျယ်ပြောသည့် ကိုယ်ပိုင်ပန်းခြံနှင့် လန်ဒန်တောင်ပိုင်း ဝန်းကျင်မြင်ကွင်းများကို ပိုင်ဆိုင်ထားသည်။
သူ၏ ဘဝဇာတ်ကြောင်းများဖြင့် အနည်းငယ်ရောယှက် ရေးသားထားသည့် ဒုတိယမြောက်ဝတ္ထုဖြစ်သော The Mill on the floss ကို အဆိုပါစံအိမ်ကြီးတွင် ရေးသားခဲ့ခြင်းဖြစ်ကြောင်း English Heritage ၏ မှတ်တမ်းများတွင် ဖော်ပြသည်။
English Heritage သည် သမိုင်းဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး စာရေးဆရာမကြီး၏ စံအိမ်ကို အင်္ဂလန်၏ သမိုင်းဝင် အမွေအနှစ်အဖြစ် ၁၉၀၅ ခုနှစ်တွင် အပြာရောင်တံဆိပ်ပြားကပ်ကာ ဂုဏ်ပြုခဲ့သည်။
ကနဦးတွင် ဂျော့ချ်အိလိယော့ထ်က Holly Lodge စံအိမ်ကြီးတွင် နှစ်ပေါင်းများစွာနေထိုင်ရန် ရည်ရွယ်ခဲ့သည်။
သို့ရာတွင် နာမည်ကြီးစာရေးဆရာမကြီးဖြစ်လာကာ လူသိများလာပြီးနောက် အဆိုပါစံအိမ်မှာ သူ့အတွက် တစ်ကိုယ်ရေလုံခြုံ လွတ်လပ်မှု မရှိတော့ချေ။
နေအိမ်တိုက်တန်းတစ်ခုတွင်တည်ရှိနေပြီး မျက်လုံးပေါင်းများစွာအောက်တွင် ရောက်ရှိနေသကဲ့သို့ ဖြစ်နေကြောင်း အဲလိယက်ထ်က ပြောကြားဖူးသည်။
သို့အတွက် အဲလိယက်ထ်နှင့် လီဝက်စ်တို့သည် လန်ဒန်မြို့အနောက်ပိုင်း marylebone အရပ်ရှိ ကျယ်ဝန်းသော ခြံဝန်းနှင့် စံအိမ်ကြီးသို့ ၁၈၆၀ နှစ်ကုန်ပိုင်းတွင် ပြောင်းရွှေ့ခဲ့ကြသည်။
Holly Lodge စံအိမ်ကြီး၏ အိမ်တွင်းပိုင်းမှာ ကျယ်ကျယ်ဝန်းဝန်းရှိလှပြီး အမိုးပေါ် လသာဆောင်၊ အိမ်နောက်ဘက်တွင် အလျား ၇၅ ပေခန့်ရှိသော ပန်းဥယျာဉ်တို့ ပါဝင်ကြောင်း ဈေးကွက်တင်သည့် Savills ကုမ္ပဏီ၏ ဈေးကွက်တင်ကြော်ငြာတွင် ဖော်ပြသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)