ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
ေစ်းကြက္အတြင္း ျမင့္တက္ေနသည့္အိမ္ငွားေစ်းနွဳန္းမ်ား က်ဆင္းေစရန္ အစိုးရအငွားအိမ္ရာမ်ား ထပ္မံေဆာက္လုပ္သြားမည္ဟု ျပည္သူ႕အိမ္ရာေရာင္းခ်ေရးေကာ္မတီမွသိရသည္။
“ အငွားအိမ္ရာ ထပ္မံေဖာ္ေဆာင္နိုင္ေရးလုပ္ေဆာင္ေနတယ္ အျမန္ဆံုးအေကာင္ထည္ေဖာ္သြားမယ္။ အငွားအိမ္ရာေနထိုင္သူေတြအေနနဲ႕လည္း ေကာ္မတီလာေျပာတာေတြ၊ ေတာင္းဆိုတာမ်ိဳးေတြလည္းရွိတယ္”ဟု အဆိုပါေကာ္မတီအတြင္းေရးမွဳး ဦးညီညီကေျပာဆိုသည္။
လက္ရွိတြင္ ဗႏၶဳလအငွားအိမ္ရာတြင္ အိမ္ရာ ၁၀ လံုး ျပန္လည္ေဆာက္လုပ္လ်က္ရွိျပီး အဆိုပါအိမ္ရာရွိအခန္းမ်ားကုိလာမည့္ ဒီဇင္ဘာတြင္ တစ္လလွ်င္ ၃၀,၀၀၀ က်ပ္နွင့္ ထိန္းသိမ္းေစာင့္ေရွာက္ခ ၆,၀၀၀ က်ပ္ ျဖင့္ေနထိုင္ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း အဆိုပါေကာ္မတီထံမွသိရသည္။
ေစ်းကြက္အတြင္း အိမ္ငွားရမ္းခသည္ အနိမ့္ဆံုး က်ပ္ ၆၀,၀၀၀ မွ သိန္းဂဏာန္းအထိ ျမင့္တက္ေနသျဖင့္ အဆိုပါ ငွားရမ္းခမ်ားသက္သာေစရန္ အငွားအိမ္ရာမ်ားေဖာ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ေကာ္မတီမွသိရသည္။
“ အိမ္ရာအသစ္ေဖာ္ေဆာင္ဖို႕ေနရာေတြရွာေနတယ္ ဒါေတြကုိ သက္ဆိုင္ရာအလိုက္ညွိနွိဳင္းျပီးရင္ အေကာင္ထည္ေဖာ္သြားမယ္ အခုျမင့္တက္ေနတဲ့အငွားေစ်းလည္း ျပဳတ္က်သြားနိုင္တယ္”ဟု ဦးညီညီက ဆက္လက္ေျပာၾကားသည္။
ရန္ကုန္တိုင္းေဒသႀကီးအစိုးရသည္ အငွားအိမ္ရာမ်ားကုိ ၂၀၁၆ ခုနွစ္ မတ္လေလွ်ာက္လႊာမ်ားစတင္ ေရာင္းခ်ခဲ့ျပီး အခန္းေပါင္း ၁,၁၅၀ ေက်ာ္ မွ ပထမ တန္းစီဇယားတြင္ ပါ၀င္သူ ၂၅၀ ဦးနွင့္ မဲနွိဳက္ေရြးခ်ယ္သူ ၁,၄၀၀ ကုိ မဲစနစ္ျဖင့္ ငွားရမ္းေနထိုင္ခြင့္ရရွိသူမ်ားကုိ ေရြးခ်ယ္ခဲ့ေၾကာင္း တိုင္းေဒသႀကီးအစိုးရ၏ သတင္းထုတ္ျပန္ခ်က္အရသိရသည္။
မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ဈေးကွက်အတွင်း မြင့်တက်နေသည့်အိမ်ငှားဈေးနှုန်းများ ကျဆင်းစေရန် အစိုးရအငှားအိမ်ရာများ ထပ်မံဆောက်လုပ်သွားမည်ဟု ပြည်သူ့အိမ်ရာရောင်းချရေးကော်မတီမှသိရသည်။
“ အငှားအိမ်ရာ ထပ်မံဖော်ဆောင်နိုင်ရေးလုပ်ဆောင်နေတယ် အမြန်ဆုံးအကောင်ထည်ဖော်သွားမယ်။ အငှားအိမ်ရာနေထိုင်သူတွေအနေနဲ့လည်း ကော်မတီလာပြောတာတွေ၊ တောင်းဆိုတာမျိုးတွေလည်းရှိတယ်”ဟု အဆိုပါကော်မတီအတွင်းရေးမှုး ဦးညီညီကပြောဆိုသည်။
လက်ရှိတွင် ဗန္ဓုလအငှားအိမ်ရာတွင် အိမ်ရာ ၁၀ လုံး ပြန်လည်ဆောက်လုပ်လျက်ရှိပြီး အဆိုပါအိမ်ရာရှိအခန်းများကိုလာမည့် ဒီဇင်ဘာတွင် တစ်လလျှင် ၃၀,၀၀၀ ကျပ်နှင့် ထိန်းသိမ်းစောင့်ရှောက်ခ ၆,၀၀၀ ကျပ် ဖြင့်နေထိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း အဆိုပါကော်မတီထံမှသိရသည်။
ဈေးကွက်အတွင်း အိမ်ငှားရမ်းခသည် အနိမ့်ဆုံး ကျပ် ၆၀,၀၀၀ မှ သိန်းဂဏာန်းအထိ မြင့်တက်နေသဖြင့် အဆိုပါ ငှားရမ်းခများသက်သာစေရန် အငှားအိမ်ရာများဖော်ဆောင်သွားမည်ဖြစ်ကြောင်း ကော်မတီမှသိရသည်။
“ အိမ်ရာအသစ်ဖော်ဆောင်ဖို့နေရာတွေရှာနေတယ် ဒါတွေကို သက်ဆိုင်ရာအလိုက်ညှိနှိုင်းပြီးရင် အကောင်ထည်ဖော်သွားမယ် အခုမြင့်တက်နေတဲ့အငှားဈေးလည်း ပြုတ်ကျသွားနိုင်တယ်”ဟု ဦးညီညီက ဆက်လက်ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် အငှားအိမ်ရာများကို ၂၀၁၆ ခုနှစ် မတ်လလျှောက်လွှာများစတင် ရောင်းချခဲ့ပြီး အခန်းပေါင်း ၁,၁၅၀ ကျော် မှ ပထမ တန်းစီဇယားတွင် ပါဝင်သူ ၂၅၀ ဦးနှင့် မဲနှိုက်ရွေးချယ်သူ ၁,၄၀၀ ကို မဲစနစ်ဖြင့် ငှားရမ်းနေထိုင်ခွင့်ရရှိသူများကို ရွေးချယ်ခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com